ရဟန်းမင်းကြီးဖရန်စစ်အားဖူးနိုင်ရန်စစ္စတာရ်တစ်ပါမှလမ်းလျှောက်ခရီးစီစဉ်

ရဟန်းမင်းကြီးဖရန်စစ်အားဖူးနိုင်ရန်စစ္စတာရ်တစ်ပါမှလမ်းလျှောက်ခရီးစီစဉ်

ရဟန်းမင်းကြီးအားဖူးတွေ့နိုင်ရန် သင်ခရီးမိုင်ပေါင်းမည်မျှလမ်းလျှောက်မည်နည်း။

လူငယ်ပေါင်း (၆၀) ခန့်နှင့်သူတော်စင်စစ္စတာရ်အပါးပေါင်း (၂၀) တို့သည် Rumbek မှမိုင်ပေါင်း (၂၅၄) မိုင်‌ေ၀းသော Juba သို့ကုန်းကြောင်းလျှောက်လျှက်သွားနေကြသည်။ ဤခရီးစဉ်ကိုစီစဉ်သူမှာ စစ္စတာရ် Orla TREACY ဖြစ်သည်။ သူသည် Loreto Rambek ၏တာ၀န်ခံဖြစ်သည်။ ဤသို့စီစဉ်ရန်အတွက် လွန်ခဲ့သော (၄) နှစ်ခန့်က ရဟန်းမင်းကြီးဖရန်စစ် ဆူဒန်တောင်ပိုင်းသို့တမန်တော်ခရီးကြွရောက်မည်ဟု သတင်းရေး‌ရေးလေးကြားစဉ်ကပင်အတွေးရနေခဲ့ကြောင်း၊ ထိုစဉ်ကသူသည် ကျောင်းသူကျောင်းသားများနှင့်လက်တွဲလုပ်ဆောင်နေခဲ့သောကြောင့် အဆိုပါလူငယ်များအား ရဟန်းမင်းကြီးဆူဒန်တောင်ပိုင်းသို့ကြွရောက်လာလျင် ကျွန်ုပ်တို့မည်သည့်အရာလုပ်ပေးနိုင်သည်ကိုစဉ်းစားစေခဲ့ကြောင်း၊ လူငယ်များအားလုံးက ရဟန်းမင်းကြီးအားသွားရောက်တွေ့ဆုံလိုကြောင်း၊ သို့သော် အမှန်အတိုင်းဆိုရသော် ကျွန်ုပ်တို့အားလုံးရဟန်းမင်းကြီးအားတွေ့ဆုံလိုသော်လည်း အားလုံးသွားနိုင်ကြမည်မဟုတ်ကြောင်းပြောကြားသောအခါ သူတို့အားလုံးက လမ်းလျှောက်သွားကြမည်ဟုပြောဆိုခဲ့ရာမှအတည်ဖြစ်သွားပြီး ယခုကဲ့သို့လက်တွေ့ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်တို့၏ အတွေးစဖြစ်ကြောင်း စစ္စတာရ်ကရှင်းပြပါသည်။

ထိုသို့ပြတ်သားသောဆုံးဖြတ်ချက်ကိုချနိုင်ခဲ့သော်လည်း ရဟန်းမင်းကြီး၏တမန်တော်ခရီးစဉ်သည်အကောင်အထည်မဖော်ဖြစ်ဘဲ (၄) ခန့်ကြာသွားခဲ့သည်။ သို့သော် ထိုမျှော်လင့်ချက်ကား လျော့မသွားသည့်အပြင်ပို၍ပင်ကြီးထွားသတင်းများပွားသွားခဲ့သည်။ ဤသို့ လမ်းလျှောက်ခရီးစီစဉ်သည်မှာ လမ်းလျှောက်ခရီးပြုရုံသက်သက်မဟုတ်။ အပိုင်း (၄) ထည့်သွင်းထားသည်။ ၄င်းတို့မှာ လမ်းလျှောက်ခြင်း၊ ဆုတောင်းခြင်း၊ ငြိမ်းချမ်းရေးနှင့်စုဖွဲ့ခြင်းတို့ဖြစ်သည်။

ဤအဖွဲ့သည် တစ်ရွာ၀င်တစ်ရွာထွက်ကြသည်။ လမ်းခရီးအတွက်ရိက္ခာကိုမူ လမ်းခရီးတစ်လျှောက်ဖြတ်သန်းလာသောရွာများမှရွာသားတို့၏မေတ္တာစေတနာရက်ရောမှုအပေါ်မှီခိုစားသောက်ကြသည်။ အိပ်ရန်နေရာကိုလည်းအဆင်ပြေသလိုအိပ်စက်ခဲ့ကြသည်။ တစ်ခါတစ်ရံ၌ စာသင်ခန်းများ၌လည်းအိပ်စက်နားခိုကြရသည်။ ဤလူအုပ်ကြီးအတွက်အဆင်ပြေအောင်ကျွေးမွေးရန်မှာ နေရာတိုင်း၌အဆင်မပြေနိုင်ကြပေ။ ထို့ကြောင့် အစားအစာများနှင့်ချက်ပြုပ်ရန်အိုးများ၊ လောင်စာများ၊ ပန်းကန်များကိုလည်းအရံသင့်ဆောင်ထားရသည်။ ချက်ပြုပ်ရာ၌တစ်ယောက်တစ်လက်ကူကြသည်။

အချို့နေရာများ၌ညအိပ်စက်ရန်တဲထိုးကြရသည်။ အချင်းချင်းလည်းကူညီယှိုင်းပင်းကြရသည်။ ဤသို့ဖြင့်အသင်းအဖွဲ့စိတ်ဓာတ်ကိုလည်းပျိုးထောင်ကြသည်။

ထိုအခြေခံထောက်တိုင် (၄) ခုသည် ကျွန်ုပ်တို့ခရီးအစအဆုံး၏အုတ်မြစ်ဖြစ်လာမည်။ ယခုကဲ့သို့‌‌ေ၀းလံပြီး ပင်ပန်းခက်ခဲသောခရီးကိုပြုခြင်းသည် ရဟန်းမင်းကြီးအားဖူးတွေ့လိုသောရည်ရွယ်တစ်ခုတည်းသာမဟုတ်။ ယခုကဲ့သို့နိုင်ငံသို့ကြွရောက်ခြင်းသည် ကောင်းချီးတော်ဖြစ်သည်။ နိုင်ငံသားဘာသာတူများအနေဖြင့် ရဟန်းမင်းကြီးအား ၄င်းတို့၏မိသားစုထဲသို့ကြိုဆိုသည့်အခွင့်အရေးတစ်ခုအဖြစ်ခံယူကြသည်။

ဤဒေသသို့ရဟန်းမင်းကြီးကြွရောက်ခြင်းသည် နိုင်ငံ့ခေါင်းဆောင်များအတွက်လည်းအား၊ မျှော်လင့်ချက်ဖြစ်စေမည်ဖြစ်သည်။ နိုင်ငံအနေဖြင့်မပြည့်စုံပါ။ နိုင်ငံသည် ကွက်ကြားသာငြိမ်းချမ်းရေးရနေသည်။ ထို့ကြောင့် ရှေ့ဆက်လုပ်ဆောင်ရန်လိုအပ်သည်။ ယခုကဲ့သို့လမ်းလျှောက်ခရီးပြုခြင်းသည် တောင်ဆူဒန်နိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် နှစ်စဉ်ပြုလုပ်မည့်အစဥ်အလာတစ်ခုအဖြစ်လည်းလုပ်ဆောင်နိုင်ရန်မျှော်လင့်ကြောင်းဖြင့်ရှင်းပြခဲ့ပါသည်။ Romereport

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/40tOn82

 

Add new comment

15 + 5 =