ရဟန်းမင်းကြီးဖရန်စစ်သည် အီရတ်မှဘာသာရေးခေါင်းဆောင် Al-Sistani ထံစာတစ်စောင်ရေးသားပေးပို့

ရဟန်းမင်းကြီးဖရန်စစ်သည် အီရတ်မှဘာသာရေးခေါင်းဆောင် Al-Sistaniထံစာတစ်စောင်ရေးသားပေးပို့

ရဟန်းမင်းကြီးဖရန်စစ်သည် မတ်လ (၁၄) ရက်နေ့က အီရတ်နိုင်ငံမှရှင်ရိုသေ၊ လူရိုသေလေးစားခံရသော Shia Muslimsဘာသာရေးခေါင်းဆောင် Al-Sistaniထံစာတစ်စောင်ရေးသားပေးပို့ခဲ့သည်။

ဤဘာသာရေးခေါင်းဆောင်အား ရဟန်းမင်းကြီးဖရန်စစ်က (၂၀၂၁) အီရတ်သို့ကြွရောက်စဉ်ကကိုယ် တိုင်လည်းတွေ့ဆုံခဲ့ဖူးသည်။ ယခု Shia Muslims ဘာသာရေးခေါင်းဆောင် Al-Sistaniနှင့်တွေ့ဆုံပြီး နောက် (၂) နှစ် အကြာအဆိုပါဘာသာရေးခေါင်းဆောင်ထံစာတစ်စောင်ရေးသား၍ပါးလိုက်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီး၏စာထဲ၌ သက်၀င်ယုံကြည်မှုမတူသောပြည်သူများကြား၌ အတူတကွလက်တွဲလုပ် ဆောင်ခြင်းနှင့်ခင်မင်ရင်းနှီးမှုသည်အရေးကြီးသည့်အကြောင်း၊ နိုင်ငံရေးအရလုပ်ဆောင်ရန်လိုအပ်သည့် အကြောင်းနှင့် Shia Muslimsဘာသာရေးခေါင်းဆောင် Al-Sistani အားညှဉ်းပမ်းနှိပ်စက်ခံလူနည်းစုဘာသာ၀င်တို့အရေး၌မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးသောကြောင့်လည်းကျေးဇူးတင်ကြောင်းကိုလည်းထည့်သွင်းထားသည်။

Shia Muslimsဘာသာရေးခေါင်းဆောင် Al-Sistaniသည် ISIS (မွတ်စ လင်အကြမ်းဖက်အဖွဲ့) အားဆန်ကျင့်တွန်းလှန်ရာ၌ဦးဆောင်နေသောဘာသာရေးခေါင်းဆောင်လည်းဖြစ်သည်။ အီရတ်နိုင်ငံ၊ Najaf ၌ ‘Catholics and Shiites Facing the Future’ (ကက်သလစ်ဘာသာ ၀င်များနှင့် Shiites တို့၏အနာဂတ်အရေး) ခေါင်းစဉ်ဖြင့်အစည်းအ‌ဝေးပြုလုပ်နေချိန်၌ဤစာကိုရေး၍ ပါးလိုက်ခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3zbABdC

Add new comment

1 + 2 =