ရဟန်းမင်းကြီးဖရန်စစ်သည် လျောင်းနေသောစိန့်ဂျိုးဇက်၏ဆင်းတုတော်ကိုအာဂျင်တီးနားသို့ပို့ပေး

ရဟန်းမင်းကြီးဖရန်စစ်သည် လျောင်းနေသောစိန့်ဂျိုးဇက်၏ဆင်းတုတော်ကိုအာဂျင်တီးနားသို့ပို့ပေး

ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ဂျိုးဇက်အား အထူးသဒ္ဓါကြည်ညိုခြင်းကြီးသောရဟန်းမင်းကြီးဖြစ်သည်။ ဤဆင်းတုတော်ကိုသူ၏ရုံးခန်း၌လည်းထားရှိကြည်ညိုသည်။ ဆင်းတုတော်၏အောက်၌ လည်းရဟန်းမင်းကြီး၏ရည်ရွယ်ချက်များကိုရေးသားပူဇော်ထားသောဆုတောင်းမေတ္တာတိုလေးကိုလည်း ထားရှိထားသည်။ ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် အဘယ်ကြောင့်စိန့်ဂျိုးဇက်အား သဒ္ဓါကြည်ညိုခြင်းရှိရသည့်အကြောင်းကိုလည်း ဖိလစ်ပိုင်နိုင်ငံ၌မစ္ဆားပူဇော်စဉ်ရှင်းပြခဲ့သည်။

အဘယ်ကြောင့်သဒ္ဓါကြည်ညိုရသနည်းဟုမူ စိန့်ဂျိုးဇက်သည် စကားနည်းသူ၊ ဆိတ်ငြိမ်စွာနေတတ်သူ၊ ခွန်အားကြီးသူဖြစ်သည်။ ရဟန်မင်းကြီးက သူ၏ရုံးခန်း၌ စိန့်ဂျိုးဇက်ကိုထားရှိရသည့်အကြောင်းအရင်းမှာ စိန့်ဂျိုးဇက်သည်ကျိန်နေသော်လည်း သာသနာတော်ကြီးကိုစောင့်ရှောက်ပေးလျှက်ရှိသည် ဟု (ဇန္န၀ါရီလ ၁၆၊ ၂၀၁၅) မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် လျောင်းစက်နေသောစိန့်ဂျိုးဇက်၏ဆင်းတုတော်ကို အာဂျင်တီးနား နိုင်ငံရှိ သူပထမကိုယ်တော်မြတ်နှင့်ခရစ္စမားအားပေးခြင်းစက္ကရာမင်တူးခံယူခဲ့သည့်ဘုရားကျောင်း၊ ထိုဘုရားကျောင်း၌ပင် ရဟန်းသိက္ခာခံယူပြီးနောက်ပထမမစ္ဆားတရားပူဇော်ခဲ့သောဘုရကျောင်းသို့ပေးပို့လှူဒါန်းခဲ့သည်။

ဗာတီကန်မှလျောင်းစက်နေသောစိန့်ဂျိုးဇက်ဆင်းတုတော်ကို ရဟန်းမင်းကြီးဖရန်စစ်မှ လက်မှတ်ထိုးစေပြီးနောက်ပေးပို့ခဲ့သည်။ အာဂျင်တီးနားမှအဆိုပါလက်ဆောင်ကိုလက်ခံရရှိသော ဘာ သာတူများမှာ၀မ်းသာအားရလက်ခံ၍ စီတန်းလှည့်လည်၍ကြိုဆိုခဲ့ကြသည်။ ရဟန်းမင်းကြီးဖရန်စစ်၏ ရည်ရွယ်အတိုင်းလည်းဆုတောင်းပေးခဲ့ကြသကဲ့သို့ ဆက်လက်၍လည်းဆုတောင်းပေးကြမည်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/42GV9bD

Add new comment

19 + 0 =