ရဟန်းမင်းကြီးဖရန်စစ်သည် ဘုရားသခင်၏နှုတ်တော်ထွက်စကားအရေးကြီးကြောင်းအချက် (၃) ချက်ဖြင့်ရှင်းပြခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ဘုရားသခင်၏နှုတ်တော်ထွက်စကားအရေးကြီးကြောင်းအချက် (၃) ချက်ဖြင့်ရှင်းပြခဲ့

ခရစ်ယာန်တိုင်း၏အသက်တာ၌ ဘုရားသခင်၏အသက်ပေးနှုတ်တော်ထွက်စကားအ ရေးကြီးကြောင်းကို စကား (၃) ခွန်းဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ရှင်းပြခဲ့သည်။

ပထမအချက်မှာ နှုတ်တော်ထွက်စကားကိုကြားနာမည့်သူများကိုဦးစွာစဉ်းစားပါ။ ဤအချက်သည်သာသနာတော်ကြီးအတွက်အရေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည်အခြားသူများအားလည်းကြေညာရမည်ဖြစ်သည်။ အကယ်၍ကယ်တင်ခြင်းသည် နီးနီး‌ဝေးဝေး လမ်းကြောင်းမှန်၌ရှိနေသူ၊ လမ်းပျောက်နေသူများအားလုံးအတွက်ဖြစ်သည်ဆိုပါလျှင် ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် သာသနာ၏အဖွဲ့အစည်းများအတွက်အဓိကဦးစားပေးရမည့်အရာဖြစ်သည်။ ယေဇူးသခင်၏အသက်တာကဲ့သို့ နှုတ်တော်ထွက်စကားကိုအရာရာထက်ဦးစားပေးရမည်ဖြစ်သည်။ နှလုံးသားကျယ်ပြောသောဘုရားသခင်အကြောင်းကိုကြေညာပြီး ကျွန်ုပ်တို့မူကား သဘောထားကျဉ်းမြောင်းသူများ၊ သဘောထားကျဉ်းမြောင်းသောသာသနာမဖြစ်စေနှင့်။ ဤသို့ဖြစ်ခြင်းသည် ကျိန်စာတစ်ခုဖြစ်သည်။

ဒုတိယအချက်ကား ဖတ်ကြားလိုက်သော ဘုရားသခင်၏နှုတ်တော်ထွက်စကားတော်သည် ကျွန်ုပ်တို့အားအတွင်းကျကျနောင်တရပြောင်းလဲရန်နှင့်ဟောပြောကြေညာရန်တိုက်တွန်းနေသည်။ နှုတ်တော်ထွက်စကားတော်သည် ဓားသွားကဲ့သို့ကျွန်ုပ်တို့၏ဘ၀ကိုထိုးခွင်းသည်။ ဆန်းစစ်စေသည်။ နှလုံးသားမှဆင်ခြင်စေသည်။ ထိုသို့ပြုမူခြင်းသည် ကျွန်ုပ်တို့အား ကောင်းမြတ်ခြင်းအလင်းမည်သည့်နေရာ၊ မည်သို့ဖြစ်သည်ကိုမြင်တွေ့လာစေသည်။ ထို့အတူ အမှောင်ထုနှင့်တူသောမကောင်းမှုနှင့်အပြစ်များမည်သည့်နေရာတွင်ရှိနေသည်။ တိုက်ခိုက်တွန်းလှန်ရမည်ကိုအလင်းပေးလေ့ရှိသည်။ နှုတ်တော်ထွက်စကားတော်သည် ကျွန်ုပ်တို့အားတွေ့ရှိသွားသောအခါ ကျွန်ုပ်တို့၏စိတ်နှလုံးသားကိုလည်းကောင်း၊ အတွေးအခေါ်များကိုလည်းကောင်းအသွင်ပြောင်းပေးသည်။ ဘုရားသခင်ထံတော်သို့ဦးဆောင်သွားသည်။

ရဟန်းမင်းကြီးသည် ထိုနေ့၌ ကျမ်းစာဖတ်အမှုတော်ကိုလည်းကောင်း၊ ဓမ္မအမှုတော်ကိုလည်းကောင်းထမ်းဆောင်ကြမည့် ကမ္ဘာအရပ်ရပ်မှဘာသာတူများအား ကျမ်းစာဖတ်အမှုတော်ကိုခန့်အပ်ခဲ့သည်။ ၄င်းတို့အနက် အဂ်လန်နှင့်ဖိလစ်ပိုင်တို့မှလည်းပါကြသည်။ ယခုကဲ့သို့ 'Word of God Sunday' (ဘုရားသခင်၏နှုတ်တော်ထွက် တနဂ်နွေနေ့) ကိုကျင်းပလာခဲ့သည်မှာ ယခုတစ်ကြိမ်သည် (၄) ကြိမ်မြောက်ရှိပြီဖြစ်သည်ဟုဆိုသည်။ Rome report

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်
Photo courtesy of google images
https://bit.ly/3KboWlO

Add new comment

15 + 1 =