ရဟန်းမင်းကြီးဖရန်စစ်သည် ပါရီဂိုဏ်းချုပ်သာသနာအတွက် ဂိုဏ်းချုပ်ဆရာတော် ကိုရွေးချယ် ခန့်အပ်

ရဟန်းမင်းကြီးဖရန်စစ်သည် ပါရီဂိုဏ်းချုပ်သာသနာအတွက် ဂိုဏ်းချုပ်ဆရာတော် ကိုရွေးချယ် ခန့်အပ်

ရဟန်းမင်းကြီးဖရန်စစ်သည် ပါရီဂိုဏ်းချုပ်သာသနာအတွက် ဂိုဏ်းချုပ်ဆရာတော် ကိုရွေးချယ် ခန့်အပ်

 

            ရဟန်းမင်းကြီးဖရန်စစ်သည်  ပြင်သစ်နိုင်ငံ၏မြို့တော်ဖြစ်သော ပါရီဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ဆရာတော် Laurent Ulrich အားရွေးချယ်ခန့်အပ်ကြောင်းကြေညာခဲ့သည်။ ယခုရွေးချယ် ခံရသောဆရာတော်သည် ပြင်သစ်နိုင်ငံမြောက်ပိုင်း Lille ဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ် ဆရာတော်အဖြစ်အမှုထမ်းနေ သောဆရာတော်ဖြစ်သည်။ ပါရီဂိုဏ်းဆရာတော်အဖြစ်အမှုထမ်းပြီး ယခင်နှစ်ဒီဇင်ဘာလက အနားယူသွားသော ဂိုဏ်း ချုပ်ဆရာတော် Michel Aupetit ၏အရိုက်အရာ ကိုဆက်ခံလိုက်ခြင်းဖြစ်သည်။

-         ဂိုဏ်းချုပ်ဆရာတော်အား (၁၉၅၁) ခုနှစ်တွင်မွေးဖွားခဲ့သည်။

-         (၁၉၇၉) တွင်ရဟန်းသိက္ခာထပ်ခဲ့သည်။

-         ဆရာတော်သည် ပြင်သစ်နိုင်ငံ၏အရှေ့ပိုင်း Dijon သာသနာမှဖြစ်သည်။

-         ပထမဦးဆုံးအနေဖြင့် ပြင်သစ်တောင်ပိုင်းမှ Chambéry သာသနာ၏ဂိုဏ်းချုပ်ဆရာတော်အဖြစ် ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) မှ (၂၀၀၀) ခုနှစ်တွင်ရွေးချယ် ခန့်အပ်ခဲ့သည်။

-         ၄င်းနောက် (၂၀၀၈) ခုနှစ်၌ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) က Lille ဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ် သာသနာပိုင်အဖြစ်ထပ်မံပြောင်းရွေ့အမှုထမ်းစေခဲ့သည်။

      စိန်ခေါ်မှုမြင့်တက်နေပြီး၊ သဘောထားကွဲနေသော ပါရီဂိုဏ်းချုပ် သာသနာတော်ကြီး၏ အခြေ အနေကို သက်တော် (၇၀) ရှိပြီဖြစ်သော ဂိုဏ်းချုပ်ဆရာတော်ကြီးသည် ကိုင်တွယ်ကုစား ပေးရမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယခုသူဆက်ခံမည့် ဂိုဏ်းချုပ်ဆရာတော်ကြီးဦးဆောင်ခဲ့သော (၂၀၁၇-၂၀၂၁) နှစ်များအတွင်း ဖြစ်ပွားခဲ့ သောအက်ကြောင်းများကိုကိုင်တွယ်ရမည်ဖြစ်သည်။ (၂၀၁၉) ခုနှစ်က မီးရှို့ဖျက်ဆီးခံလိုက်ရသော သမိုင်း၀င် Notre-Dame ကယ်သီဒရယ်ဘုရားကျောင်း ကြီး၏ အတွင်းပိုင်းပြန်လည်မွှမ်းမံမှုကိုလည်းကြပ်မတ်ရမည်ဖြစ်သည်။ ဘုရားကျောင်းကြီးကို လာမည့် (ဧပြီ ၁၆၊ ၂၀၂၄) ခုနှစ်တွင်ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆိုင်းပြင်းလုပ်ဆောင်နေ သည်။     

      ပါရီဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော်အဖြစ် သူ၏သိုးစုအသစ်အား ဧပြီလ (၂၅) ရက်နေ့က ပထမဦး ဆုံးသတင်းစကားပါးရာတွင်ဆရာတော်က ‘ဘုရားကျောင်းတော်ကြီးကို ပြန်လည်ဖွင့်လှစ်နိုင် ရေးအတွက် မျှော်စောင့် နေရခြင်းသည် ပျော်စရာကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားကျောင်းတော်ကြီးထဲ၌ ယေဇူးသခင်၏ရှင် ပြန်ထမြောက်ခြင်းကို ကြေညာနိုင်မည်ဖြစ်သည်။ ထို့အတူ လာရောက်လည်ပတ်ရန် စိတ်အားထက်သန်နေသော ပြည်သူတို့အားလည်း လေးစားပါသည်။ လာမည့်နှစ်များ၌ အလွန်ရှုပ်ထွေးမှုများနှင့်ကြုံတွေ့ရမည်ကို သတိထားမိပါ သည်။ အလွန်တရာ စိုးရိမ် နေရန်မလိုပေ။ ကျွန်ုပ်တို့၏လက်တွဲလုပ်ဆောင်မှုသာလိုအပ်သည်။ အလွန်နက်ရှိုင်းသော ဆီးနော့ စိတ်ဓာတ် (ဆီးနော့ = အတူတကွလျှောက်လှမ်းခြင်း) ရှိရမည်။ ဆိုးတူကောင်းဖက်အတူတကွယှဉ်တွဲ လျှောက်လှမ်းရန် တတိယထောင်စုနှင့်အသာသနာတော်ကြီးကို ဘုရားသခင်အလိုရှိသည်ဟု ရဟန်းမင်းကြီးဖရန်စစ် ကမိန့်ကြားခဲ့သည်’ ဟုသတင်းစကားပါးခဲ့ပါသည်။

      သူမတိုင်မှီက ဂိုဏ်းချုပ်ဆရာတော်သည် အမှုတော်မှအနားယူရန်အတွက် ရဟန်းမင်းကြီး ဖရန်စစ် အား (နို၀င် ဘာလ၊ ၂၀၂၁) ခုနှစ်က စာတင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပြင်သစ်ဘာသာ စကား ဖြင့်ထုတ်‌ဝေသောမဂ္ဂဇင်း တစ်စောင်ဖြစ်သော Le Point က အဆိုပါဂိုဏ်းချုပ်ဆရာတော်အား ခွဲပြား အောင်လုပ်သူ၊ အာဏာရှင်ဆန်သူဟုရေး သားဖော်ပြခဲ့ရာမှစတင်ခဲ့သည်။ ၄င်းအပြင် (၂၀၁၂) ခုနှစ် ကလည်း အမျိုးသမီးတစ်ဦးနှင့် မကင်းမရှင်းဖြစ်နေသည့်အ ကြောင်းများ ကိုလည်းပြန် လည် ဖော်ပြရေး သားခဲ့ရာ အဆိုပါအမျိုးသမီးနှင့်သူသည် ဘာမျှပတ်သက်ခြင်းမရှိကြောင်း ကိုငြင်ဆိုဖြေရှင်းခဲ့သည်။    

      ရဟန်းမင်းကြီးဖရန်စစ်ကလည်း ဆရာတော်၏အမှုတော်မှအနားယူမည့်တောင်းခံလွှာကို (ဒီဇင်ဘာလ ၂၂၊ ၂၀၂၁) ခုနှစ်တွင်လက်ခံလိုက်သည်။ ထိုသို့လက်ခံပြီးနောက်ပိုင်း၌မူ ဂိုဏ်းချုပ် ဆရာ တော်အား စွပ်စွဲပြောဆိုမှုသည် အမှန် အကန်လောဆိုသည်ကိုသံသယ၀င်ခဲ့ပြန်သည်။ တမန် တော်ခရီး တစ်ခုမှအပြန် လေယာဉ်ပေါ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းမှု၌ ရဟန်းမင်းကြီးဖရန်စစ်က ပါရီဂိုဏ်းချုပ်ဆရာတော်၏ အမှုတော်မှအနားယူရန်လျှောက်လွှာ ကိုလက်ခံလိုက်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် မရိုးသားမှုဟုထင်မြင်ရသောကြောင့်ဖြစ်ကြောင်း၊ ဂိုဏ်းချုပ်ဆရာ တော်ကြီးသည် လူသိရှင်ကြား ဂုဏ်သိက္ခာညှိုးနွမ်းစေမှုကြီးကိုဖြစ်စေခဲ့သောကြောင့်ဟုဖြေကြားခဲ့သည်။

      အနားယူသွားပြီဖြစ်သော ပါရီဂိုဏ်းချုပ်ဆရာတော်က ရဟန်းမင်းကြီးဖရန်စစ်ထံမှ အားပေးနှစ်သိမ့် စကားများ ကြားရပြီးနောက် ယခုနှစ်ဖေဖော်၀ါရီလက သူ့အနေဖြင့် ဗာတီကန်ဆရာ တော်ကြီးများ ၏အဖွဲ့၀င်အနေဖြင့်ဆက် လက်အမှုတော်ထမ်းဆောင်မည်ဖြစ်ကြောင်းဖြေကြားခဲ့သည်။ ပါရီဂိုဏ်း ချုပ်သာသနာတော်ကြီး၏သာသနာ့သက် တမ်းကိုပြန်လည်တွက်ချက်မည်ဆိုပါက (၃) ရာစုကပင် ရှိနေခဲ့သောသာသနာတစ်ခုဖြစ်သည်။ ဂိုဏ်းချုပ်သာသနာအ တွင်း၌ ကက်သလစ်ဘာသာတူ (၁.၃) သန်းရှိကြောင်း၊ မြို့၏လူဦးရေမှာ (၂.၂) သန်းရှိသည်။ ယခုဂိုဏ်းချုပ်ဆရာ တော်အဖြစ်ရွေးချယ် ခံထား ရသော ဆရာတော်၏ပလ္လင်အပ်နှင်းခြင်းအခမ်းအနားကို (မေလ၊ ၂၃) ရက်နေ့၊ ပါရီစံ တော်ချိန်ညနေ (၆း၃၀)၊ စိန့် Sulpice ဘုရားတွင်ကျင်းပမည်ဖြစ်ကြောင်း ဧပြီလ (၂၆) ရက်နေ့က တရား၀င်ကြေ ညာခဲ့သည်။ ယခုဂိုဏ်းချုပ်ဆရာတော်သည် ပါရီဂိုဏ်းချုပ်သာသနာတော်ကြီး၏ (၁၄၂) ပါးမြောက် ဂိုဏ်းချုပ်ဆရာ တော်ကြီးဖြစ်လာမည်ဖြစ်သည်။    

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3OLul2P

 

Add new comment

1 + 9 =