ရဟန်းမင်းကြီးဖရန်စစ်သည် တူရကီနှင့်ဆီးရီးယားသို့လူသားချင်းစာနာသောအကူအညီများပေးပို့

ရဟန်းမင်းကြီးဖရန်စစ်သည် တူရကီနှင့်ဆီးရီးယားသို့လူသားချင်းစာနာသောအကူအညီများပေးပို့

ပြီးခဲ့သော ဖေဖော်၀ါရီ (၆) ရက်နေ့က အင်အား (၇.၈) ပြင်းအားရှိသည့်ငလျင်ကိုဆိုး၀ါးစွာခံစားခဲ့ရသော တူရကီနှင့်ဆီးရီးယားနိုင်ငံအတွက် လက်တွေ့ကျသောအကူအညီများပေးပို့၍ ၄င်းတို့၏‌ဒုက္ခ‌ေ၀ ဒနာများကိုပေါ့ပါးသွားအောင်ကူညီပေးကြရန်၊ မေ့မထားကြရန်ပန်ကြားခဲ့သည်။

ငလျင်လှုပ်ခတ်ပြီး (၉) ရက်အကြာ ထုတ်ပြန်လာသောသေဆုံးသည့်လူဦးရေစာရင်းမှာ (၄၁၀၀၀) အထိတိုးလာပြီး သန်းနှင့်ချီသောအိုးမဲ့အိမ်မဲ့များဒုက္ခသည်များ၊ အစားအစာပြတ်လတ်မှုများနှင့်ကြုံနေကြရသည်။

ရဟန်းမင်းကြီးကိုယ်တိုင်လည်း သူ၏တောင်းဆိုချက်အတိုင်း တောင်းဆိုရုံသက်သက်မဖြစ်စေရန်အတွက် ရဟန်းမင်း ကြီး၏ရုံးတော်လက်အောက်ရှိလူသားချင်းစာနာထောက်ထားသောအကူအညီများပေးသည့်ရုံးတော်မှတဆင့်အကူအညီများကိုနှစ်ရက်အတွင်းအရောက်ပို့ပေးမည်ဖြစ်သည်။ အကူအညီများပေးပို့ရာ၌ အီတလီအစိုးရနှင့်အစိုးရမဟုတ်သောလူမှုအဖွဲ့အစည်းများမှလည်းမြေပြင်၌အရေပေါ်လိုအပ်သောအကူအညီများ အားရဟန်းမင်းကြီး၏ကရုဏာရေးလုပ်ငန်းအားကြီးမှူးရသော ကာဒီနယ် Konrad Krajewski မှတဆင့်ပေးပို့မည်ဖြစ်သည်။

အနွေးပေးအကျီများကိုမူ တူရကီနိုင်ငံမှ Kilis မြို့သို့ပေးပို့မည်ဖြစ်သည်။ အကူ အညီပေးသောပစ္စည်းများကို‌ဝေဌပေးရန်မှာ Rava ဖောင်ဒေးရှင်းအားတာ၀န်ပေးအပ်မည်ဖြစ်သည်။ အဆိုပါဖောင်ဒေးရှင်းသည် ထိုဒေသ၌အနီးကပ်ရှိနေခဲ့ပြီး အစားအစာ၊ ခိုစရာများကိုလူပေါင်းထောင်နှင့်ချီသူတို့ကိုစောင့်ရှောက်ပေးနေသောအဖွဲ့ဖြစ်သည်။

ဆီးရီးယား၌ပြည်တွင်စစ်ဖြစ်ပွားလာပြီးနောက်ပိုင်း ဒုက္ခသည်စခန်းသည် လူပေါင်း (၆၀၀၀၀) ဦး ခိုလှုံနိုင်ရန်တိုးချဲ့ခဲ့သည်။ သို့သော်မလုံလောက်သောကြောင့်မိုးကာတဲများထိုး၍နေနေရသူများလည်းရှိနေကြသည်။ ပြည်တွင်းစစ်ကြောင့်ဆိုးရွားနေခဲ့သောအခြေအနေမှသည် မကြာမီကလှုပ်ခတ်သွားသောငလျင်ကြောင့် စစ်ဘေးရှောင်များအပြင် ငလျင်ဘေးဒုက္ခသည်များလည်းထပ်မံတိုးလာခဲ့သည်။

ရဟန်းမင်းကြီးထံမှဆီးရီးယားသို့ပေးပို့သောအကူအညီမှာ ငွေကြေးအကူအညီဖြစ်၍ ရဟန်းမင်းကြီးကိုယ်စားလှယ်ထံမှတဆင့်ပေးပို့မည်ဖြစ်ကြောင်းကာဒီနယ်ကပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်

https://bit.ly/3KnfNXk

Add new comment

14 + 3 =