ရဟန်းမင်းကြီးဖရန်စစ်က (၂၀၂၄) ပါရီအိုလံပစ်၌ညီအစ်ကိုရင်းစိတ်ဖြင့်ကူညီကြရန် ပြင်သစ်ကက်သလစ်ဘာသာတူများအားတိုက်တွန်း

ရဟန်းမင်းကြီးဖရန်စစ်က (၂၀၂၄) ပါရီအိုလံပစ်၌ညီအစ်ကိုရင်းစိတ်ဖြင့်ကူညီကြရန် ပြင်သစ်ကက်သလစ်ဘာသာတူများအားတိုက်တွန်း

ရဟန်းမင်းကြီးဖရန်စစ်သည် ယခုလ (ဧပြီ ၁၈) ရက်နေ့၌ ကြေညာချက်တစ်စောင်ကိုထုတ်ပြီး လာမည့် (၂၀၂၄) ပါရီ၌အိမ်ရှင်အဖြစ်ကျင်းပမည့် နွေရာသီအိုလံပစ်ပွဲ၌ကက်သလစ်ဘာသာတူများ ညီအစ်ကိုရင်းစိတ်ဖြင့်နိုင်သည့်ဖက်မှပါ၀င်ကူညီကြရန်ဖိတ်ခေါ်တိုက်တွန်းထားသည်။

အဆိုပါအိုလံပစ်၌မသန်စွမ်းအိုလံပစ်ပွဲတော်ကိုပူးတွဲကျင်းပမည်ဖြစ်သည်။

ယခုကဲ့သို့ကျင်းပရာ၌ အဆင်ပြေရနန်ဝိုင်း၀န်းကူညီခြင်းသည် ကမ္ဘာကြီးအားကြိုဆိုခြင်းဖြစ်ရာ ပျော်စရာအချိန်အခါသမယဖြစ်ကြောင်း၊ ညီအစ်ကိုရင်းစိတ်ဓာတ်ကိုလည်းဖော်ကျူးခြင်းဖြစ်ကြောင်းမိန့်ကြားထားသည်။

ပါရီသည်အဓိကအိမ်ရှင်မြို့ဖြစ်ပြီး Tahiti တွင် (ဇူလိုင် ၂၆ မှ ဩဂုတ် ၁၁၊ ၂၀၂၄) တွင်ကျင်းပမည်ဖြစ်သည်။ ထို့အတူအခြားပြင်သစ်နိုင်ငံ၏မြို့ကြီး (၁၆) မြို့၌လည်းခွဲ၍ကျင်းပမည်ဖြစ်သည်။

ရဟန်းမင်းကြီး၏ကြေညာချက်ကို ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin မှဖတ်ကြားခဲ့သည်။ စာ၌ အိုလံပစ်သည်နိုင်ငံအသီးသီးမှ လူစုံ၊ နောက်ခံစုံ၊ တူသောယဉ်ကျေးမှု၊ ဓလေ့၊ သက်၀င်ယုံကြည်မှု၊ ဘ၀ရပ်တည်လျှောက်လှမ်းမှုမတူသူများတွေ့ဆုံမည့်အလွန်ဂုဏ်ယူစရာ၊ အသီးအပွင်းများစွာကိုသီးပွင့်စေနိုင်သည့်အချိန်ဖြစ်သည်။ တစ်နည်းဆိုသော် ကမ္ဘာကြီးအား ပြင်သစ်နိုင်ငံသို့ယူဆောင်လာခြင်းဖြစ်သည်။ အားကစားသည်ပျော်ရွှင်ခြင်းနှင့်တာ၀န်ယူမှုနှစ်ခုလုံးဒွန်တွဲနေသည်။

ဤပွဲတော်ကာလ၌ အကူအညီများပေးရန်ဖိတ်ခေါ်ခံရပေလိမ့်မည်။ တစ်နည်းအားဖြင့် သင်တို့၏ဘုရားကျောင်းများ၊ ကျောင်းများ၊ နေအိမ်များကိုအသုံးပြုရန်တောင်းခံလာမည်။ စိတ်သဘောထားကျယ်ပြောစွာထား၍ကူညီကြရန်နှင့်ပွဲတော်ကြီးကိုဖြစ်မြောက်အောင်မြငအောင်ကူညီကြရန်တိုက်တွန်းထားသည်။ ဘာသာတူတို့၏ရက်ရောသောဧည့်၀တ်ပျူဌာမှု၊ ကိုယ်ကျိုးမတွက်သောပေးဆပ်မှုများသည် ကျွန်ုပ်တို့အထဲ၌ကိန်း၀ပ်နေသည့်ယေဇူးသခင်အားသက်သေခံနေခြင်းပင်ဖြစ်သည်။ ၀မ်းသာပျော်ရွှင်ခြင်းကိုပေးသည်။ ထို့အတူ ဤပွဲတော် ၌မသန်းစွမ်းသူ၊ ချို့တဲ့နွမ်းပါးသူ၊ မေ့လျော့စွန့်ပစ်ခံသူများထည့်သွင်းအသုံးပြုကြရန်ကိုလည်း တိုက်တွန်းထားသည်။ (Shalom World SWnews)

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3V08E2u

Add new comment

8 + 5 =