ရဟန်းမင်းကြီးဖရန်စစ်က ခဲမပစ်မီငြိမ်းချမ်းရေးကိုတည်ဆောက်လိုသောစိတ်ကိုမွေးမြူကြရန်အားပေးတိုက်တွန်း

ရဟန်းမင်းကြီးဖရန်စစ်က ခဲမပစ်မီငြိမ်းချမ်းရေးကိုတည်ဆောက်လိုသောစိတ်ကိုမွေးမြူကြရန်အားပေးတိုက်တွန်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဥရောပသမဂ္ဂ၏ နိုင်ငံတကာလေ့လာရေးအဖွဲ့၏ ကိုယ်စားလှယ် များနှင့်တွေ့ဆုံခဲ့သည်။

၄င်းကိုယ်စားလှယ်တို့သည် Salamanca၊ စပိန်တို့မှလာရောက်ခြင်းဖြစ်သည်။ ဆွီစ်ဒင်နှင့် Stockholm ၌လည်း၄င်းတို့၏အဖွဲ့ခွဲရှိကြသည်။ ဗာတီကန်အနေဖြင့် ယူကရိန်းစစ်နှင့်စပ်လျင်း၍စိုးရိမ်နေကြောင်းကိုအဆိုပါကိုယ်စားလှယ်များအားမိန့်ကြားခဲ့သည်။

ပဋိပက္ခအရှိန်မြှင့်မလာမီ အပြောင်းအလဲဖြစ်အောင်လုပ်ဆောင်ကြရန်တိုက်တွန်းခဲ့သည်။

ငြိမ်းချမ်းရေးကိုလုပ်ဆောင်ရန်အတွက် လူသားတို့၏စိတ်နေသဘောထားသည်လွန်စွာခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏စိတ်နေသဘောထားမှာ ငြိမ်းချမ်းရေးကို မတည်ဆောက်မီ ကျောက်ခဲကိုကောက်ကိုင်၍ပစ်ထည့်လိုက်ချင်ကြသည်။ ထို့နောက်စစ်ပွဲပျိုး၍သူတစ်ပါးအားအပြစ်ဖို့သည်။ ထို့နောက်ငြိမ်းချမ်းရေးအတွက်နှီးနှောဆွေးနွေးမည်ဟုစကားခေါ်လာသည်။ စစ်မှန်သောငြိမ်းချမ်းရေးကိုတည်ဆောက်ရန်မှာမလွယ်ကူကြောင်း
ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ခြင်းသည် ခြေလှမ်းနှစ်လှမ်းကိုကာကွယ်ပေးသည်။

လူသတ်လက်နက်များထုတ်လုပ်ရောင်းချခြင်းကို ရဟန်းမင်းကြီးဖရန်စစ်သည် ပြစ်တင်ရှုံ့ချလိုက်သည်။ လက်နက်စျေးကွက်သည် ကမ္ဘာပေါ်၌ငွေရှာရန်အကောင်းဆုံးဖြစ်နေသည်။ ငြိမ်းချမ်းရေးကိုမလိုလားသူများရှိနေစေကာမူ မျှော်လင့်ချက်သည်ရှိနေပါသည်။ လုံး၀ လက်လျော့၍မရ။ ယနေ့တွေ့မြင်နေရသောပြာပုံမှသည် တစ်ခုခုအညှောက်ထိုးတက်လာနိုင်သည်။ အရှုံးမှဘ၀အတွက်သင်ခန်းစာကိုရယူနိုင်သည်။ အရှုံး၊ ဒဏ်ခတ်ခြင်းဟုမှတ်ထင်ရသောအခြေအနေတစ်ခု၊ ဥပမာအားဖြင့် လက်၀ါးကပ်တိုင်ပေါ် ယေဇူးသခင်၏အသေခံခြင်းသည်အရှုံးမှတ်ထင်စရာဖြစ်ခဲ့သော်လည်း သုံးရက်မြောက်သောနေ့၌ မည်သည့်အရာနှင့်မျှမတူသောအောင်မြင်ခြင်းတစ်ခုဖြစ်လာခဲ့သည်ဟုဆိုသည်။

အဆိုပါ အဖွဲ့နှင့်ယခုတစ်ကြိမ်တွေ့ဆုံခြင်းသည် ရဟန်းမင်းကြီးဖရန်စစ်အတွက် ပထမဦးဆုံးအကြိမ်မဟုတ်ပေ။ (ဖေဖော်၀ါရီ ၂၀၂၁) ကလည်း ဆွီစ်ဒင်ရုံးခွဲမှအဖွဲ့၀င်များနှင့်လည်းတွေ့ဆုံခဲ့ဖူးသည်ဟုဆိုသည်။ Rome report

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်
Photo courtesy of google images
https://bit.ly/3HAWIhA

Add new comment

5 + 13 =