ရဟန္တာ ၆ ပါး တင်မြှောက်နိုင်ရေး ရှေ့ဆက်လုပ်ဆောင်ရန် ပုပ်ဖရန်စစ် မိန့်ကြား

ရဟန္တာ ၆ ပါး တင်မြှောက်နိုင်ရေး ရှေ့ဆက်လုပ်ဆောင်ရန် ပုပ်ဖရန်စစ် မိန့်ကြား

သာမာန်လူ၀တ်ကြောင်ဘာသာတူအမျိုးသမီးတစ်ဦး နှင့် သူတော်စင် ( ၅ ) ပါးကို၊ ရဟန္တာတင် မြောက်နိုင်ရန် ဒုတိယအဆင့်ဖြစ်သည့် ကြည်ညိုထိုက်သူများအဖြစ် ဆက်လက်လုပ် ဆောင်ဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ကမိန့်ကြားလိုက်ပြီဖြစ်သည်။

ပုပ်ဖရန်စစ်သည် အီတလီနိုင်ငံနဲ့ စပိန်နိုင်ငံမှ လူဝတ် ကြောင်အမျိုးသမီးတစ်ဦး၊သူတော်စင်သီလရှင် တစ်ပါး၊ ရဟန်းလေးပါး၊ စုစုပေါင်း ( ၆ ) ဦးကို ရဟန္တာဖြစ်လာ ရန်လုပ်ဆောင်ရမည့် အဆင့်များထဲမှ ကြည်ညိုထိုက်သူအဆင့်အဖြစ် တင်မြောက်ခဲ့သည်။

အမျိုးသမီးနှစ်ဦးနဲ့ ဘုန်းတော်ကြီးလေးပါး ကို ရဟန္တာဖြစ်ရခြင်းအ ကြောင်းတရားကိုလူသိရှင်ကြား ကြေငြာပြီး၊ ထူးကဲတဲ့ အမိန့် ( ၆ ) ချက်ကို ထုတ်ပြန်ပေးဖို့ ပုပ်ဖရန်စစ်ကကြာသပတေးနေ့တွင်အတည်ပြုပေးလိုက်သည်။

၎င်းတို့အထဲတွင် ကြည်ညိုထိုက်သူအဖြစ် သာမန် အီတလီအမျိုးသမီးတစ်ဦး ပါဝင်ကာ သူမနာမည်မှာ ဘုရားသခင်၏အစေခံ ဖြစ်တဲ့ ဘာတီလား အန်တိုနီအာဇီ ( Bertilla Antoniazzi ) ဖြစ်ပြီး၊ ( ၁၉၄၄ ) နဲ့ ( ၁၉၆၄ ) ထိ အီတလီနိုင်ငံ ( Veneto ) မြို့တွင် နှစ် ၂၀ ကြာနေထိုင်ခဲ့သူဖြစ်သည်။

သူမသည် အပြင်းအထန်အသက်ရှူလမ်းကြောင်းမှ အသက်ရှူရခက်ခဲတဲ့ရောဂါကြောင့် အသက်ကိုးနှစ်အရွယ်မှာ ( Vicenza ) ဆေးရုံမှာတက်ခဲ့ရပြီးတော့ သူမရဲ့ ရောဂါကြောင့် အချိန်တိုင်း အိမ်တွင်းအောင်းနေခဲ့ရသည်ဟုဆိုသည်။

သူမနားလည်ထားသည်မှာ ဆေးရုံ၌နေရခြင်း နဲ့ သူမရဲ့ နေမကောင်းမှု ဘဝအသက်တာကို အဓိကအားဖြင့် ဆင်းရဲဒုက္ခခံနေကြရသူများကို နှစ်သိမ့်ဖို့၊ အပြစ်သားတွေ နဲ့ ဝိညာဉ်တွေကိုဘုရားသခင်ဆီ ပြန်လည်ပူဇော်ပြီးသူ့ကိုသူအပ်နှံဖို့ဖြစ်ပြီး၊ သူ့ကိုယ်သူတစ်ယောက်ထဲ မဖြတ်သန်းပဲ သူ့ဒုက္ခ တွေကို ဘုရားသခင်ဆီမှာပူဇော်အပ်နှံတတ်သူဖြစ်သည်။

သူမက ဆရာဝန်တွေ သူနာပြုတွေနဲ့ ခင်မင်ဖော်ရွေတတ်ရုံမကအခြားဖျားနာသူများနှင့်လည်း ခင်ခင်မင်မင်ရှိပြီးဘုရားသခင်ကိုလည်း လုံးလုံးလျားလျားယုံကြည်ကိုးစားတတ်သူဖြစ်သလို သူမရဲ့ဖျားနာမှုအတွက် သူ့ကိုယ်သူ တခါမှ မငြီးငြူးခဲ့ကြောင်းနဲ့ သူမရဲ့ရောဂါကို တွန်းလှန်ရင်း သူမဘဝရဲ့နောက်ဆုံးအချိန်မှာတောင်မှ ဘယ်အခါမျှ မငြီးငြူးခဲ့ဟုဆိုသည်။

( ၁၉၆၃ ) ခုနှစ်၊ လုဒ်မယ်တော်ထံကို ဘုရားဖူးခရီးသွားရင်း၊ မယ်တော်သခင်မဆီ သူမရဲ့ နေမကောင်း မကျန်းမာမှုကိုသက်သာစေဖို့အတွက် ဆုတောင်းခြင်းမဟုတ်ပဲ သူမရဲ့ သန့်ရှင်းဖြူစင်မှုအတွက်သာဆုတောင်းခဲ့သည်။

ကြာသပတေး နေ့တွင် ထုတ်ပြန်ခဲ့တဲ့အခြား အမိန့်များကတော့အီတလီနိုင်ငံနဲ့ စပိန်နိုင်ငံမှ နာမည်ဂုဏ်သတင်းထွက်နေတဲ့ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့၏ ရဲရင့် သည့် အကျင့်သီလများနဲ့ပတ်သက်ခြင်းဖြစ်ပြီး ပါဝင်သူများမှာ ရဲရင့်ပြီးအကျင့်သီလကိုပိုင်ဆိုင်တဲ့
ဘုရားရဲ့အစေခံဖြစ်တဲ့ မီဂဲလ် ကော်စတာအီယိုဘဲရာ ( Miguel Costa y Llobera) ဖြစ်ကာ Majorca ကကယ်သီဒြယ်ဘုရားကျောင်းတော်ကြီး၊ စီမံခန့်ခွဲအဖွဲ့ဝင် ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်ဟုဆိုသည်။

( ၁၈၅၄ )ခုနှစ်၊ မတ်လ ( ၁၀ ) ရက်နေ့တွင် Pollensa (စပိန်) မှာမွေးဖွားခဲ့ပြီး၊( ၁၉၂၃ ) ခုနှစ်၊ အောက်တိုဘာလ( ၁၆ ) ရက်နေ့ တွင် Majorca (စပိန်)မှာ ကွယ်လွန်ခဲ့သည်။

ဘုရားသခင်ရဲ့အစေခံ ဂေတာနို ဖရန်ချက်စကို မွဲရို (Gaetano Francesco Mauro) ကတော့ Dioceseဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီးတော့သူက ကျေးလက်နေ ဘာသာ တရားကိုင်းရှိုင်းတဲ့ဓမ္မဆရာအဖွဲ့ကို တည်ထောင်ခဲ့သူဖြစ်သည်။

( ၁၈၈၈ ) ခုနှစ်၊ ဧပြီလ( ၁၃ ) ရက်နေ့မှာ အီတလီနိုင်ငံ၊ Rogliano တွင် မွေးဖွားခဲ့ပြီးတော့ ( ၁၉၆၉ )ခုနှစ် ဒီဇင်ဘာလ (၃၁ )ရက်နေ့မှာ အီတလီနိုင်ငံ Montalto Uffugo နေရာမှာကွယ်လွန်ခဲ့သည်။

ဘုရားသခင့်ရဲ့အစေခံဖြစ်သည့် ဂျီအိုဗင်နီ ဘာရာ (Giovanni Barra) သည် Diocese ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီးတော့ (၁၉၁၄ )ခုနှစ် ၊ ဇန်နဝါရီလ ( ၁၃ )ရက်နေ့တွင် အီတလီနိုင်ငံ၊ Riva di Pinerolo နေရာမှာ မွေးဖွားခဲ့ပြီး ( ၁၉၇၅ ) ခုနှစ်၊ January ( ၂၈ ) အီတလီနိုင်ငံ တူရင်းမြို့တွင် ကွယ်လွန်ခဲ့သည်။

သစ္စာသုံးပါးခံဘုန်းတော်ကြီး မယ်တော်မာရီယားရဲ့ အ‌ဖော်မွန်ဂိုဏ်းမှ ဘုရားသခင်ရဲ့ အစေခံဖြစ်သော ဗင်ဆန်တေလိုပက်စ် ဒေ ဥိးရာဒေ လာကာနို (Vicente López de Uralde Lazcano ) သည် ၊ (၁၈၉၄) ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက်နေ့ စပိန်နိုင်ငံ Vitoria ၌ မွေးဖွားခဲ့ပြီး ( ၁၉၉၀ ) ခုနှစ် စက်တင် ဘာလ ( ၁၅ ) ရက်နေ့တွင် စပိန်နိုင်ငံ Cádiz နေရာမှာ ကွယ်လွန်ခဲ့သည်။

ဘုရားသခင်၏ အစေခံဖြစ်သည့် မာရီးယား မာဂရီတာ ဒိုင်အိုမီးရာ
(Maria Margherita Diomira ) က ဂရုဏာရေး ကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်းမှာ တသက်သစ္စာခံ သီလရှင်တစ်ပါးဖြစ်သည်။

သူမသည် (၁၆၅၁) ခုနှစ်၊ ဧပြီလ ( ၂၆ ) ရက်နေ့ တွင် အီတလီနိုင်ငံ Firenzuola နေရာ၌ မွေးဖွားခဲ့ပြီး၊ (၁၆၇၇) ခုနှစ် ဒီဇင်ဘာ (၁၇ ) ရက်နေ့ အီတလီနိုင်ငံ Florence ၌ကွယ်လွန်ခဲ့သည်။

ဘုရားသခင်ရဲ့ အစေခံ လူဝတ်ကြောင်အမျိုးသမီး ဘာတီလား အန်တိုနီအာဇီ( Bertilla Antoniazzi) သည် ( ၁၉၄၄ )ခုနှစ်နိုဝင်ဘာလ (၁၀ ) ရက်‌ေန့၌၊ San Pietro Mussolino တွင် မွေးဖွားခဲ့ပြီး ( ၁၉၆၄) ခုနှစ်၊ အောက်တိုဘာ (၂၂)
အီတလီနိုင်ငံ Vicenza ၌ ကွယ်လွန်ခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်

https://bit.ly/3J2RVaP

Add new comment

6 + 0 =