ရမ်ဘို (သို့) ဆီလ်ဗက်စတယ်စတားလုံး၏မိသားစု ပုပ်ဖရန်စစ်အားလာရောက်နှုတ်ဆက်ဂါရ၀ပြု

ရမ်ဘို (သို့) ဆီလ်ဗက်စတယ်စတားလုံး၏မိသားစု ပုပ်ဖရန်စစ်အားလာရောက်နှုတ်ဆက်ဂါရ၀ပြု

ဆီလ်ဗက်စတယ်စတားလုံး ဟုဆိုလိုက်လျှင် တစ်ချိန်ကရုပ်ရှင်ကြိုက်ပရိသတ်များ သိမှတ်မိကြမည်မဟုတ်ပါ။ သို့သော် ‘ရမ်ဘို’ ဟုဆိုလိုက်လျှင် (၁၉၉၀) ခေတ်ကာလကရုပ်ရှင်ကြိုက်ပရိသတ်များကောင်း ကောင်းသိကြမည်မှာသံသယပွားစရာမလိုပေ။ သူ့ခေတ်အခါက ၀င်ငွေအကောင်းဆုံးမင်းသားလည်းဖြစ်ခဲ့သကဲ့သို့ ၀င်ငွေအကောင်းဆုံးရုပ်ရှင်လည်းဖြစ်ခဲ့ကာ နောက်ပိုင်း၌ရုပ်ရှင်ရိုက်ကူးခြင်းကိုရပ်နားလိုက်ပြီးသာမန်ပြည်သူတစ်ဦး၏ဘ၀ဖြင့်မိသားစုနှင့်အတူနေထိုင်လျှက်ရှိသည်။

တစ်ချိန်က လျှမ်းလျှမ်တောက်အက်ရှင်မင်းသားကြီး ရမ်ဘို (ခ) ဆီလ်ဗက်စတယ်စတားလုံး၏မိသားစုသည် မကြာခင်က ရဟန်းမင်းကြီးရှိရာ ဗာတီကန်သို့ရောက်ရှိလာပြီး ရဟန်းမင်း ကြီးဖရန်စစ်အားဂါရ၀ပြုနှုတ်ဆက်ခဲ့ကြသည်။ သူနှင့်အတူ သူ၏ဇနီး၊ သမီး (၃) ယောက်နှင့်အစ်ကိုဖြစ်သူလည်းပါလာခဲ့သည်။

ဆီလ်ဗက်စတယ်စတားလုံးသည် ကက်သလစ်တစ်ဦးဖြစ်သည်။ သူမိဘရင်းနှစ်ပါးသည် (၁၉၅၇) ၌ကွာရှင်းပြတ်စဲလမ်းခွဲခဲ့ကြသည်။ အသက် (၁၅) နှစ်၌ ဒုတိယအိမ်ထောင်ပြန်ပြုသောမိခင်ဖြစ်သူနှင့်ဖီလာဒဲလ်ဖီးယားသို့လိုက်သွားခဲ့သည်။

သူက ရဟန်းမင်းကြီးအနေဖြင့် အလုပ်ရှုပ်သောနေ့ဖြစ်သော်လည်း ယခုကဲ့ သို့အချိန်ပေးပြီး အရေးတယူလက်ခံတွေ့ဆုံပေးသည့်အတွက်လွန်စွာကျေနပ်ရပါကြောင်းပြောကြားရာ ရဟန်းမင်းကြီးကလည်း ယခုကဲ့သို့လာရောက်လည်ပတ်နှုတ်ဆက်ခြင်းကြောင့် ဂုဏ်ယူမိပါကြောင်း၊ သူ၏ ရုပ်ရှင်ကြည့်ရူကြီးပြင်းခဲ့ရကြောင်းမိန့်ကြားရာ၊ လက်‌ေ၀ှ့ထိုးရန်အသင်းရှိပါသလားဟုရဟန်းမင်းကြီးအားပြန်လည်ကျီစယ်ခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/UYhX

Add new comment

2 + 0 =