ယေဇူးသခင်၏တရားဒေသနာ‌ဟောကြားခြင်းကို လွန်စွာထိမိလှသောအချက် (၅) ချက်ဖြင့်ပုံဖော်နိုင်ဟုဆို

ယေဇူးသခင်၏တရားဒေသနာ‌ဟောကြားခြင်းကို လွန်စွာထိမိလှသောအချက် (၅) ချက်ဖြင့်ပုံဖော်နိုင်ဟုဆို

ရဟန်းမင်းကြီးသည် (ဗုဒ္ဓဟူးနေ့) က ရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမထဲသို့ ဘီးတပ်ယာဉ်မပါ။ ကြိမ်တောင်‌‌ေ၀ှး၏ အကူအညီဖြင့်လျှောက်လှမ်း၀င်ရောက်သွားခဲ့သည်။ ခန်းမထဲ၌ရောက်ရှိနေသောဘုရားဖူးများအားလည်း ခရစ်ယာန်များစည်းလုံးခြင်းအတွက်ဆုပေါင်းဆုတောင်းရာရက်သတ္တပတ်၌ပါ၀င်ဆုတောင်းပေးခဲ့သည့်အတွက်ကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။

ထို့နောက် (၂၀၂၃) တစ်နှစ်တာအတွင်း ဗုဒ္ဓဟူးနေ့တိုင်း ဘုရားဖူးများအားသင် ကြားပို့ချမည့်အကြောင်းအရာကိုအစပျိုးလိုက်သည်။

ယခုတစ်ပတ်သင်ကြားသောအကြောင်း အရာကား ယေဇူးသခင်၏ဟောကြားချက်များကိုအချက် (၅) ချက်ဖြင့်ရှင်းပြခဲ့သည်။

ပထမတစ်ချက်ကား 'joy' (ပျော်ရွှင်ခြင်း) ဖြစ်သည်။ ပျော်ရွှင်ခြင်းမရှိဘဲ ဧ၀ံဂေလိတရားကိုဟောပြောရန်မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် ဧ၀ံဂေလိတရားသည် '၀မ်းမြောက်ဖွယ်သတင်းကောင်း' ဖြစ်သည်။ ပျော်ရွှင်မှုကင်းမဲ့ နေသောခရစ်ယာန်တစ်ဦးအနေဖြင့် ဧ၀ံဂေလိတရားကိုဟောပြောကောင်းဟောပြောနိုင်ပေ မည်။ သို့သော် ပျော်ရွှင်မှုကင်းမဲ့နေသောအနေအထားမျိုးဖြင့်ဟောကြားလျှင် အကျိုးတင်ကျန်မည်မဟုတ်။ အတွေးအခေါ်ပညာရှင်တစ်ဦးကဆိုခဲ့သည်မှာ 'ပျော်ရွှင်မှုမရှိသောခရစ်ယာန်သည် ခရစ်ယာန်ပျက်ဖြစ်သည်' ဟုဆိုခဲ့သည်။ မှတ်သားရပေမည်။

ဒုတိယအချက်ကား 'liberating' (လွတ်လပ်မှုကိုပေးခြင်း) ဖြစ်သည်။ ကောင်းသောခရစ်ယာန်တစ်ဦးသည် မည်သည့်အခါမျှဘာသာရေးကိုအတင်းအကြပ်သိမ်းသွင်းခြင်းကိုပြုလုပ်မည်မဟုတ်ပေ။ အခြားသူများအား အပြစ်ဖြစ်မြောက်စေရန်လည်းပြုလုပ်မည်မဟုတ်ပေ။ ယေဇူးသခင်နောက်လိုက်ခြင်းသည် မိမိကိုယ်ကိုငြင်းပယ်ခြင်းနှင့်ဆက်ကပ်ခြင်းများပါ၀င်သည်။ ယေဇူးသခင်၏ တောင်းဆိုသောအရာများသည် အခြားတစ်ဖက်၌ ဘ၀အတွက်အလွန်အစွမ်းပကားကြီးမားသည်။ ယေဇူးသခင်အားသက်သေခံသူများသည် လျှောက်လှမ်းရသောခရီးကြောင့်ပင်ပန်းခြင်းကိုတွေးနေခြင်းထက် ခရီးဆုံး၌ရှိသောအလှအပကိုသာဦးစားပေးကြသည်။ ဥပမာအားဖြင့် ခရီးတစ်ခု၏အဆုံး၌ ခရီးကြောင့်မောပန်းခဲ့ရသည်ထက် ခရီးတစ်လျှောက်၌တွေ့မြင်ခဲ့ရသောအလှအပများအကြောင်းကိုပြောကြပေမည်။

တတိယအချက်ကား 'အလင်းဆောင်ပေးခြင်း' ဖြစ်သည်။ ဓမ္မဟောင်းကျမ်းစာ၌ မျက်မမြင်အားမျက်စိအလင်းရစေခဲ့သည့်အကြောင်းဖော်ပြထားခြင်းမရှိပေ။ အဘယ် ကြောင့်ဆိုသော် မက်ဆီးယာကြွလာမည့်နေ့ကိုစောင့်စားနေခြင်းကိုဆိုလိုသည်။

စတုတ္ထအချက်ကား 'ယေဇူးသခင်သည်ကုသသူ' ဖြစ်သည်။ ယေဇူးသခင်သည် အပြစ် အနာအဆာများကိုကုသရန်ကြွလာခဲ့သည်။ ထိုကုထုံးသည် လူသားကုထုံးနှင့်မတူပေ။ လူသည်ကုသမပေးနိုင်ပေ။ ယေဇူးသခင်အတွက် သတင်းကောင်းသည် ရှေးယခင်က မကောင်းမှုသည်အောင်မြင်နိုင်စွမ်းမရှိ။ အဆုံးသတ်မရှိဟုယုံကြည်ခဲ့ကြသည်။ ကျွန်ုပ်အပြစ်ကျူးလွန်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်အားနည်းသူဖြစ်သောကြောင့်ဖြစ်သည်။ လူတိုင်းဤသို့ပင်ဆင်ချေများပေးကြသည်။ ဤစကားသည် မှန်ကန်သောစကားမဟုတ်ပေ။ နောက် ဆုံးပြောရမည့်စကားကား သင့်အားအပြစ်နွံမှဆွဲနှုတ်မြောက်ပင့်ပေးသောယေဇူးသခင်၏လက်တော်ပင်ဖြစ်သည်။ ယေဇူးသခင်သည် ဤသို့အကြိမ်မည်မျှပြုလုပ်ခဲ့သနည်း။ နှစ်ကြိမ်၊ သုံးကြိမ်လော။ လုံး၀မဟုတ်။ ရေတွက်လေ့မရှိ။ အစဉ်ပြုလုပ်နေမြဲဖြစ်သည်။
ယေဇူးသခင်၏ဟောပြောချက်များအနက် နောက်ဆုံးဟောပြောချက်သည် အလွန်အံ့အားသင့်ဖွယ်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည် 'ဘုရားသခင်၏ခွင့်လွှတ်ခြင်း' အကြောင်းကိုမျှော်လင့်မထားသောအချိန်၌ကြေညာခဲ့၍ဖြစ်သည်။ ဘုရားသခင်သည်ကျွန်ုပ်တို့၏အပြစ်များကိုမေ့ပျောက်ပစ်သည်။ အဘယ်သို့ဖြစ်နိုင်သနည်း။ ထို့ကြောင့် ဘုရားသခင်၌အမှတ်သညမရှိပေ။ ဘုရားသခင်သည် ခွင့်လွှတ်မေ့ ပျောက် သည်။ ယေဇူးသခင်လည်း ထို့အတူပင်။ ကျွန်ုပ်တို့ကိုခွင့်လွှတ်၍ပွေးဖက်တော်မူသည်။ ဘုရားသခင်ထံခွင့်လွှတ်ခြင်းကိုတောင်းခံရန်အားမလျော့ပါနှင့်။ ယေဇူးသခင်၏တရားသည် အထူးသဖြင့်နွမ်းပါးချို့တဲ့သူများအားဦးတည်သည်။ ထို့ကြောင့် ရဟန်းမင်းကြီးက မိမိတို့၏ပတ်၀န်းကျင်ရှိနွမ်းပါးချို့တဲ့သူများအားမမေ့လျှော့ရန် ဘုရားဖူးများအားတိုက်တွန်းခဲ့သည်။ romereport

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3DIpjAx

 

Add new comment

5 + 5 =