ယူကရိန်းမှခရစ်ယာန်ခေါင်းဆောင်များ ရဟန်းမင်းကြီးအား ကြွရောက်ပါရန်ထပ်မံပင့်ဖိတ်လိုက်

ယူကရိန်းမှခရစ်ယာန်ခေါင်းဆောင်များ ရဟန်းမင်းကြီးအား ကြွရောက်ပါရန်ထပ်မံပင့်ဖိတ်လိုက်

ခရစ်ယာန်များစည်းလုံးညီညွှတ်ခြင်းရှိရန်အထူးဆုတောင်းသော ရက်သတ္တ ပတ်၏ နောက်ဆုံးနေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် ယူကရိန်းမှခရစ်ယာန်များကောင်စီနှင့်ဘာသာရေးအဖွဲ့အစည်းများအားလက်ခံတွေ့ဆုံခဲ့သည်။

ယူကရိန်းပြည်သူများနှင့်အတူထပ်တူ ထပ်မျှ ခံစားလျှက်ရှိကြောင်း၊ ဆုတောင်းပေးလျှက်ရှိကြောင်းကို အဆိုပါအဖွဲ့များအားထပ်မံမိန့်ကြားခဲ့သည်။

သင်တို့အားလုံးအတွက်ဆုတောင်းပေးနေသည်ကိုသံသယမရှိပါနှင့်။ သင်တို့အားလုံးကို ကျွန်ုပ်၏စိတ်ထဲ၌အစဉ်ထွေးပွေ့ထားပါသည်။ ရဲရင့်သောသင်တို့ကိုသနားရန်လည်းဘုရားသခင်ကိုအစဥ်တောင်းခံပေးပါသည်။ အဆိုပါအဖွဲ့သည်လည်း ယခုတွေ့ဆုံခြင်း၌ ရဟန်းမင်းကြီးအား ၄င်းတို့၏နိုင်ငံသို့ကြွရောက်ပါရန် Kyiv-Halyč ၏ဂိုဏ်းချုပ်ဆရာတော်ကြီးဖြစ်သော ABP. SVIATOSLAV SHEVCHUK ကထပ်မံဖိတ်ကြားလိုက်သည်။

ဤသို့ဖိတ်ခေါ်မှုကိုယခင်ကလည်းပြုလုပ်ခဲ့ဖူးကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်သည် ယူကရိန်းနိုင်ငံ၏အခြေအနေအရပ်ရပ်ကိုမျက်ခြေမပြတ်စောင့်ကြည့်နားစွင့်နေကြောင်း၊ အချိန်ကောင်းကိုစောင့်၍လာသင့် သောအချိန်တွင်လာမည်ဟုမျှော်လင့်ကြောင်း၊ ရဟန်းမင်းကြီး၏ယူကရိန်းသို့ကြွရောက်ခြင်းကိုစောင့်ဆိုင်းနေကြသူများမှာကက်သလစ်ဘာသာတူများသာမဟုတ်ကြောင်းကိုလည်းဂိုဏ်းချုပ်ဆရာတော်ကြီးကဖြေကြားခဲ့သည်။

သတင်းဌာနအချို့၏မေးမြန်းချက်များကို ဘာသာရေးခေါင်းဆောင်များဖြေကြားရာ၌ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်ကြီးများနှင့်အတူပူးပေါင်း၍ ရုရှား၏မတရားကျူးကျော်စစ်အပေါ် ကမ္ဘာကြီးမှဆန့်ကျင်ရန်နှင့်အမှန်တရား၏အောင်မြင်မှုကိုရရှိအောင်တိုးမြင့်လုပ်ဆောင်ပေးရေး၀ိုင်း၀န်းတောင်းဆိုပေးရေးအကြောင်းကိုဆွေးနွေးခဲ့ကြောင်း၊ စစ်ပွဲသည်လူသားထု၏အစဉ်အရှုံးမှုကြီးသာဖြစ်သည်။ စစ်ပွဲသည်အစဉ်အမှားသာဖြစ်သည်။ ပြစ်တင်ရှုံ့ချသင့်ကြောင်းဖြေကြားခဲ့သည်။

ယူကရိန်းနိုင်ငံမှခရစ်ယာန်ပေါင်းစုံကောင်စီ၏ ရဟန်းမင်းကြီးထံပေးစာကိုရောမသို့ ရောက်ရှိနေသောကိုယ်စားလှယ်အဖွဲ့များကရဟန်းမင်းကြီးအားပေးအပ်ခဲ့သည်။ စာထဲ၌စစ်၏ထိတ်လန့်ဖွယ်အခြေ အနေများကိုဖော်ပြထားပြီး အားပေးနှစ်သိမ့်စကားတစ်ခွန်းကိုမိန့်ကြားပေးပါရန်တောင်းခံထားသည်။ အဆိုပါခရစ်ယာန်များကောင်စီအဖွဲ့သည် ခရစ်ယာန်များစည်းလုံးညီညွှတ်ရေးအတွက်ဆုတောင်းရာရက်သတ္တပတ်ပိတ်ပွဲညနေပိုင်းဆုတောင်းခြင်းအစီအစဉ်၌ပါ၀င်ခဲ့ကြသည်။

ယူကရိန်းနိုင်ငံ၊ Lviv မြို့၏ဂိုဏ်းချုပ်ဆရာတော် ABP. MIECZYSLAW MOKRZYCKI ကလည်း ယူကရိန်းအားရုရှား၏ကျူးကျော်စစ်စတင်သည့်အချိန်မှစ၍ ရဟန်းမင်းကြီး၏မိန့်ကြားချက်များသည် ယူကရိန်ပြည်သူများအပေါ်လွန်စွာလွှမ်းမိုးမှုရှိသည္။ ယူကရိန်းနိုင်ငံ အတွင်း၌ ကက်သလစ်များစွာမရှိ။ ခရစ်ယာန်အများစုမှာဩသိုဒေါ့စ်များဖြစ်ကြသည်။

ရဟန်းမင်းကြီး၏ အခန်းကဏ္ဍနှင့်အဆင့်ကိုလည်းနားမလည်ကြပေ။ ထို့ကြောင့် ၄င်းတို့အတွက်နားလည်ရန်ပို၍ခက်ခဲပေမည်။ ရဟန်းမင်းကြီး၏အမှုတော်ကိုနားမလည်သော်လည်း လက်ရှိရုရှားတို့၏ ကျူး ကျော်စစ်နှင့်စပ်လျင်း၍ ရဟန်းမင်းကြီး ၏မိန့်ကြားချက်များကိုလက်ခံကြသည်။

ဗာတိကန်မှယူကရိန်းနိုင်ငံအတွက် တတ်နိုင်သလောက်ကူညီလုပ်ဆောင်ရပ်တည်ပေးနေသည့်အမှုအတိုင်းအတွက် ကျေနပ်မှုကိုပြသကြသည်။ ယခုခရစ်ယာန်ကောင်စီ (Pan-Ukrainian Council) အား (၁၉၉၆) ခုနှစ်က ခရစ်ယာန်အသင်း (၁၅) ခုမှကိုယ်စားလှယ်များဖြင့်စတင်ဖွဲ့စည်းခဲ့သည်။ romereport

 

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of google images/ Rome reports

https://bit.ly/3X4Gsv2
 

Add new comment

9 + 4 =