ယူကရိန်းနိုင်ငံ၏မြို့တော်၌ ခရစ္စမတ်သစ်ပင်အားမီးထွန်းညှိဆုတောင်းခဲ့ကြ

ယူကရိန်းနိုင်ငံ၏မြို့တော်၌ ခရစ္စမတ်သစ်ပင်အားမီးထွန်းညှိဆုတောင်းခဲ့ကြ

ဂရေဂေါ်ရီယန်ဘာသာရေးပြက္ခဒိန်ကိုလိုက်ပါက ဒီဇင်ဘာ (၆) ရက်နေ့သည် စိန့်နီကိုးလပ်စ်ပွဲနေ့ကိုကျင်းပသည်။ ယူကရိန်းဩသိုဒေါစ်အသင်းတော်သည်လည်း ယခုနှစ်အစောပိုင်းက ဂရေဂေါ်ရီယန်ဘာသာရေးပြက္ခဒိန်ကိုပြောင်းလဲအသုံးပြုခဲ့၍ ဒီဇင်ဘာ (၆) ရက်နေ့၌ စိန့်နီကိုးလပ်စ်ပွဲနေ့ကိုအမှတ်ရကျင်းပခဲ့သည်။ ထို့နေ့၌ပင် Kyiv ၏မြို့တော်၀န် Vitali Klitschko က ခရစ္စမတ်သစ်ပင်အားမီးထွန်းညှိခဲ့သည်။ ထိုဘာသာရေးပြက္ခဒိန်ကိုလိုက်ပါက နှစ်စဉ်ခရစ္စမတ်ပွဲကို ဒီဇင်ဘာ (၂၅) ရက်နေ့ကျင်းပသည်။

ရုရှားတို့၏ ကျူးကျော်စစ်ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ပထမဦးဆုံးအကြိမ်ခွဲထွက်ကျင်းပခြင်းဖြစ် သည်။ ရုရှားဩသိုဒေါစ်တို့၏ခရစ္စမတ်သည် နှစ်စဉ်ဇန္န၀ါရီ (၇) ရက်နေ့၌ကျင်းပလေ့ရှိသည်။ ရုရှားဩသိုဒေါစ်သည် ဂျူလီယန်ပြက္ခဒိန်ကိုလိုက်ကြသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ရုရှားနှင့်ယူကရိန်းသည် ဘာသာရေးအရလည်းပတ်သက်ခြင်းမရှိကြောင်းကိုပြသားစွာပြသခဲ့သည်။

ယခုနှစ်၌ သဘာ၀ခရစ္စမတ်သစ်ပင်မဟုတ်ဘဲ (၁၂) မီတာမြင့်သော ခရစ္စမတ်သစ်ပင်တုကိုအပြာရောင်နှင့်အ၀ါရောင်အသဲပုံများဖြင့်အလှဆင်ထားသည်။ သစ်ပင်ထိပ်၌မူ ယူကရိန်းနိုင်ငံ၏တံဆိပ်ကိုချိပ်ဆွဲ ထားသည်။ ထိုအလှအပများကြား၌ ‘Brave Hearts’ (ရဲသွေးနီသောနှလုံးသားများ) ဟုရေးထိုးထားသောစာ သားကိုအတိုင်းသားမြင်သာအောင်လည်းရေထိုးချိပ်ဆွဲထားသည်။ ဤသို့ချိပ်ဆွဲရခြင်းမှာ ရုရှား၏ကျူးကျော် စစ်၌ ယူကရိန်းနိုင်ငံအတွက်အသက်ပေးဆပ်ခဲ့သောသူရဲကောင်းများအားဂုဏ်ပြုသောအမှတ်သက်ေတဖြစ် သည်။ ထိုအခမ်းအနား၌ ပြည်သူများက ‘လွတ်လပ်ရေး’ ရင်ပြင်၌လာရောက်စု‌ေ၀းအားပေးဂုဏ်ပြုခဲ့ကြသည်။

ယခုခရစ္စမတ်သစ်ပင်သည် နိုင်ငံတော်မှအကုန်အကျခံထားခြင်းမဟုတ်ဘဲ ပြည်သူများမှထည့်၀င်လှူဒါန်းထားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်ဘဣာသည် ကာကွယ်ရေးအတွက်အိတ်တွန်ဖာမောက်သုံးစွဲထားရသောကြောင့်ဖြစ်သည်။

ဤခရစ္စမတ်သစ်ပင်အား လာမည့် ဇန္န၀ါရီ (၁၀) ၌ ပြန်လည်ဖြုတ်သိမ်းမည်ဖြစ်သည်။ ထိုနေ့သည် ယူကရိန်းနိုင်ငံ၏အားလပ်ရက်ဖြစ်သည်။ သို့သော် လူစုလူ‌ေ၀းပြုလုပ်ခြင်းကိုခွင့်မပြုသကဲ့သို့ နိုင်ငံအတွင်း ညမထွက်ရအမိန့်ကိုလည်းနံနက် (၅) နာရီအထိသတ်မှတ်ထားသည်။ ကမ္ဘာတစ်၀ှမ်း၌ ခရစ္စမတ်နေ့အား ဒီ ဇင်ဘာ (၂၅) ရက်နေ့၌ကျင်းပကြသော်လည်း ဩသိုဒေါစ်ခရစ်ယာန်နိုင်ငံများဖြစ်ကြသော ဆားဘီးယားနှင့်ရုရှားနိုင်ငံတို့၌မှုထိုနေ့၌မကျင်းပကြပေ။ ဤခရစ္စမတ်သစ်ပင်မီးထွန်းညှိသည့်အခမ်းအနားသို့တက်ရောက်နေသော အသက် (၃၂) နှစ်ရှိ Kateryna Didyk က သူ့အနေဖြင့် ခရစ္စမတ်ပွဲအား ဒီဇင်ဘာ (၂၅) ရက်နေ့၌ ကျင်းလာခဲ့သည်မှာလွန်ခဲ့သော (၇) ခန့်ကပင်ဖြစ်ကြောင်း၊ ယခုနှစ်သည် စိန့်နီကိုးလပ်စ်၏ပွဲကိုစောစီးစွာကျင်းပသည်မှာယခုနှစ်သည်ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခင်နှစ်များ၌မူ ဒီဇင်ဘာ (၁၉) ရက်နေ့၌သာ ကျင်းပခဲ့သည်ဟုပြောပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/35vDR

Add new comment

7 + 5 =