ယခင်ရဟန်းမင်းကြီး၏ခရီးစဉ်များစီစဉ်ပေးရသူအား ဂိုဏ်းချုပ်ဆရာတော်အဖြစ်တင်မြောက်

ယခင်ရဟန်းမင်းကြီး၏ခရီးစဉ်များစီစဉ်ပေးရသူအား ဂိုဏ်းချုပ်ဆရာတော်အဖြစ်တင်မြောက်

သူ၏အမည်ကား Rueda Beltz ဟုခေါ်သည်။ သူသည် ရဟန်းမင်းကြီး၏ လုပ်ဖော် ဆောင်ဖက်များအနက်တစ်ပါးဖြစ်သည်။ သူသည် ဗာတီကန်သံတမန်ရေးရာဌာန၏အတွင်းရေးမှူးလည်းဖြစ်ပြီး ရဟန်းမင်း ကြီး၏ပြည်ပတမန်တော်ခရီးစဉ်များကိုလည်းစီစဉ်ပေးရသူဖြစ်သည်။ ရဟန်းမင်းကြီး၏ပြည်ပတမန်တော်ခရီးစဉ်များ၌မကြာခဏမြင်တွေ့ရတတ်သည်။ ယခင်ထမ်းဆောင်ခဲ့သောအမှုတော်မှသည် သူ့အားစောင့် ဆိုင်းနေသောအမှုတော်သစ်အတွက် ဂိုဏ်းချုပ်ဆရာတော်သိက္ခာကိုထပ်လိုက်ပြီဖြစ်သည်။

သူ့အား အာဖရိကအနောက်ဖက်ပိုင်းရှိ Ivory Coast သို့ရဟန်းမင်းကြီး၏ကိုယ်စားလှယ်အဖြစ်စေလွှတ်မည်ဖြစ်သည်။ ဤနိုင်ငံသည် အစာငတ်မွတ်ခြင်းဘေး၊ ပြည်တွင်းစစ်ဘေး၊ ရာသီဥတုအပြောင်းအလဲ၏ဒဏ်ကိုအလူးအလဲခံစားနေရသောဒေသဖြစ်သည်။ သူ့အားသိက္ခာထပ်ပေးသူမှာ ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin ဖြစ်သည်။ သိက္ခာထပ်သည့်မစ္ဆားတရားကို စိန့်ပီတာဗာစီးလီကာ၌ကျင်းပခဲ့သည်။

သိက္ခာထပ်သည့်မစ္ဆားပူဇော်ခြင်းအပြီး၌ ရဟန်းမင်းကြီးကိုယ်စာလှယ်အမှုတော်ကိုထမ်းမည့်ဂိုဏ်းချုပ်ဆရာ တော်အသစ်က ရဟန်းမင်းကြီးအားကျေးဇူးတင်ကြောင်း၊ သူနှင့်နီးကပ်စွာအမှုတော်ထမ်းခဲ့ရကြောင်း၊ ယခုအခါသူ့အားကိုယ်စားပြုရန်အမှုတော်ထပ်မံခန့်အပ်ပေးလာသည့်အတွက်ကျေးဇူးတင်ကြောင်း၊ ယခုမှာ ဘ၀ ပင်လယ်ထဲသို့သွားရန်အချိန်ကျရောက်လာပြီဖြစ်ကြောင်း၊ လူသားများအား သာသနာ၏သဘော်ပေါ်သို့ခေါ်တင်ရမည်ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာအကြောင်းကိုလူသားတို့အားပြောကြားရမည်ဖြစ်ကြောင်း၊ ဧ၀ံဂေလိတရား၏ပါရမီကိုတိုးမြှင့်လေ့ကျင့်ရမည့်အကြောင်းကိုကြားပြောဖော်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်သစ်က ဂိုဏ်းချုပ်ဆရာတော် Bogota အားလည်း သူ၏အားပေးမှုအတွက်ကျေးဇူးတင်ကြောင်း၊ သူ၏ကျေးဇူးတင်စကားအဆုံးသတ်၌ မဂ်လာနှင့်ပြည့်စုံသော ဘုရားသခင်၏အစေခံမလည်းဖြစ်ပြီး၊ တမန်တော်တို့၏သခင်မလည်းဖြစ်သော မယ်တော်အနေဖြင့် သူ့အတွက်ထပ်ဆင့်ဆုတောင်းပေးရန်၊ သို့မှသာ သူ၏နေ့စဉ်အသက်တာ၌ ယေဇူးသခင်ထံမှယုံကြည်ခြင်းခွန်အားများရယူနိုင်မည်။ သူ့မိဘ၊ ညီအစ်ကိုမောင်နှမတို့၏ပုံသက်သေကောင်းကိုလိုက်နိုင်မည်။ အထပ်ထပ်ပြန်လည်မိန့်ကြားနေသော ဘုရား သခင်၏အသံတော်ဖြစ်သည့် ‘မကြောက်နှင့်၊ ငါသည်သင့်ကိုအမည်တပ်၍ခေါ်ခဲ့သည်’ ဟူသောနှစ်သိမ့်ခြင်းကောင်းချီးကိုရရှိကြပေမည်။

သိက္ခာထပ်သည့်အခမ်းအနား၌ သိက္ခာထပ်ပေးသောဂိုဏ်းချုပ်ဆရာတော်က သူ့အား တောင်‌ဝှေးကိုပေးအပ်ခဲ့သည်။ ဤတောင်‌ဝှေးကို စက္ကရာမင်တူးများကျင်းပရာ၌ လက်၀ဲဖက်၌အစဉ်ကိုင်ထားရသည်။ ဤတောင်‌ဝှေးကိုကိုင်ထားရသည့်အနက်ကား ‘သိုးထိန်းနင်တံ’ ကိုသဣာန်ဆောင်သည်။ ဤသို့အားဖြင့်သူ သည် ရဟန်းမင်းကြီးကိုယ်စားလှယ်အဖြစ် နိုင်ငံတကာမှသိုးများအားထိန်းကျောင်းစောင့်ရှောက်ရမည့်အမှုတော်ကိုပြသရာရောက်သည်။

သူအမှုတော်သွားရောက်ထမ်းဆောင်ရမည့်ဒေသသည် နိုင်ငံရေး၊ လူမှုရေးအရမတည်ငြိမ်သောနိုင်ငံတစ်ခုဖြစ်သည်။ ထို့အတူ ကက်သလစ်ဘာသာ၀င်များလည်း လူနည်းစုသာရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/V9FX

Add new comment

3 + 4 =