မြန်မာ ကက်သလစ်သာသနာ အကြီးအကဲများက ရဟန်းမင်းကြီး​၏ ကိုယ်စား လှယ်တော်အား သူ​၏ အစေခံခဲ့ ခြင်းအတွက် ကျေးဇူးတင်

မြန်မာ ကက်သလစ်သာသနာ အကြီးအကဲများက ရဟန်းမင်းကြီး​၏ ကိုယ်စား လှယ်တော်အား သူ​၏ အစေခံခဲ့ ခြင်းအတွက် ကျေးဇူးတင်

ကိုးရီးယားနိုင်ငံသား ဂိုဏ်းချုပ်ဆရာတော်ကြီး ​ပေါလ်ချန်အင်းနဲမ် သည် မြန်မာနိုင်ငံ အတွက် ၁၀ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်သာလန်နိုင်ငံသို့ မပြောင်းရွှေ့မှီသူ့အားနှုတ်ဆက် မစ္ဆားတရားတော်မြတ်ကို စက်တင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့ စိန့်မေရီကာသီဒြယ်တွင် ကျင်းပခဲ့သည်။

ဆရာတော်ကြီးပေါလ်သည် အလွန်ပင် ကြီးမြတ်သည့် သိုးထိန်းကောင်း တပါးဖြစ်ပြီး မြန်မာနိုင်ငံ အသင်းတော်ကြီးကို ဦးဆောင်ရန် ကြိုးစား အားစိုက်ထုတ်ခဲ့ကြောင်း ရန်ကုန်သာသနာ ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ် မောင်ဘို မှ ကျေးဇူးတင်လျက် ပြောကြားခဲ့သည်။

သူတာဝန်ထမ်းဆောင်နေစဉ်ကာလ အတွင်း မြန်မာနိုင်ငံသို့ခရစ်ယာန် ယုံကြည်ခြင်း ရောက်ရှိလာခဲ့ခြင်း နှစ်၅၀၀ ပြည့် ပွဲတော်ကိုလည်း ကျင်းပခဲ့သည်။ ဆရာတော်ကြီး ပေါလ် သည်   မြန်မာလူမျိူးများကို အချိန်ကြာမြင့်စွာယူပြီး တဖြည်းဖြည်း သိရှိနားလည် ရန်ကြိုးစားသူ သစ္စာရှိသည့် သိုးထိန်းကောင်းတယောက် ဖြစ်လိုခဲ့သည်။ 

ကိုယ်စားလှယ်တော်ကြီး​၏ တာဝန်ယူနေစဉ်ကာလအတွင်းတွင် မြန်မာနိုင်ငံ အသင်းတော် သမိုင်း၌ ကြီးမားသည့် အခိုက်အတန့်များ နှင့် ကြုံစုံခဲ့ရသည်။ မြန်မာနိုင်ငံသား ကာဒီနယ်တပါးကိုလည်း ရရှိခဲ့သည်။ ပါပါးဖရန်စစ်​၏ မြန်မာနိုင်ငံသို့ ကြွရောက်လာခဲ့သည့် သိုးထိန်းခရီးစဉ်သည်လည်း အံ့ဩထူးဆန်းဖွယ်နှင့် ကမ္ဘာ့ အံ့ဖွယ်ပင်ဖြစ်သည်ဟု ကာဒီနယ် ဘိုက ပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပါပါး ဖရန်စစ်နှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။ Nuncio ​၏ ထက်သန်သည့် ဇွဲ လုံးလ ကြောင့် မြန်မာအစိုးရနှင့် ဗာတီကန်အကြား တရားဝင်သံတမန် ဆက်ဆံရေးကို တည်ထောင်နိုင်ခဲ့သည်။ ကြမ်းတမ်းခက်ခဲမှု့များ ပေါ်ပေါက် လာချိန်တွင်လည်း မွန်ဆီညော် Andrea Ferrante ကို အမြဲတန်း ကိုယ်စားလှယ်တော်အဖြစ် ဗာတီကန်သံတမန် အဖွဲ့ကို ဦးဆောင်ရန် Nuncio မှ လုပ်ဆောင်ပေးခဲ့သည်။

မန္တလေး၊ လားရှိူး နှင့် မော်လမြိုင် သာသနာတို့အတွက် ဆရာတော်ကြီးများ ရရှိနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။ လွိုင်ကော်၊ မြစ်ကြီးနား၊ ကျိူင်းတုံ နှင့် ပုသိမ်သာသနာ တို့ အတွက် လည်း ဆရာတော်များ ရွေးကောက်နိုင်ရန် တာဝန်ခံမှူကို လည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

ညနေပိုင်း မစ္ဆားတရားတော်မြတ်နှင့် နှုတ်ဆက်ပွဲ အခမ်းအနားတွင်လည်း ကာဒီနယ်ချာလ်းဘို မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ ၊ ဘာသာတူ ရာပေါင်းများစွာနှင့် အခြားဘာသာတရားအသီးသီးမှလည်း တက်ရောက်ပါဝင် ခဲ့ကြသည်။

ပဋိပက္ခအခြေအနေများ ကြောင့် မိမိတို့​၏ အိုးအိမ်နှင့် ကျေးရွာများကို စွန့်ခွာလာကြရသည့် လူများနှင့် အကူအညီ လို အပ်နေသည့် သူများအား လူသားချင်းစာနာထောက်ထားသည့် ထောက်ပံ့ကူညီ မှုများ ပေးရာ၌ တက်ကြွစွာ ပါဝင် လုပ်ဆောင်နေသည့် ဒေသတွင်း အသင်းတော်အတွက်လည်း ဂုဏ်ယူပါကြောင်း ချီးမွမ်းပြောကြားခဲ့သည်။

နိုင်ငံတော်အတွင်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် အသင်းတော်အကြီးအကဲများ နှင့် ကက်သလစ်ဘာသာဝင်များတို့သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက် လည်ပါတ်ချိန်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ပေးခဲ့သည့် သတင်းစကားကို ပြန်လည် အမှတ်ရ လုပ်ဆောင်ကြပါရန် ရဟန်းမင်းကြီး​၏ ကိုယ်စားလှယ်တော် ပေါလ်ချန်အင်းနဲမ်က ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3KXuFdf

Add new comment

2 + 8 =