မြန်မာပြည်၌သာသနာပြုခြင်း (၁၂၅) နှစ်တိုင်ခဲ့ပြီဖြစ်သော မာရိယာ၏ ဖရန်စစ္စကင်းသီလရှင်များ

မြန်မာပြည်၌သာသနာပြုခြင်း (၁၂၅) နှစ်တိုင်ခဲ့ပြီဖြစ်သော မာရိယာ၏ ဖရန်စစ္စကင်းသီလရှင်များ

မြန်မာပြည်၌သာသနာပြုခြင်း (၁၂၅) နှစ်တိုင်ခဲ့ပြီဖြစ်သော မာရိယာ၏ ဖရန်စစ္စကင်းသီလရှင်များ

မာရိယာ၏ဖရန်စစ္စကင်းသီလရှင်များ မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့ရောက်ရှိခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၁၂၅) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ဖရန်စစ္စကင်းသီလရှင်များမန္တလေးသို့စတင်ရောက်ရှိ သာသနာပြုခြေချခဲ့သည့် စိန့်ဂျွန်းဘုရားကျောင်းတော်ကြီးတွင် ယနေ့ ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက်( ၁၀)နာရီက ဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်ဝင်းဦးဆောင်ပြီး မစ္ဆားတရား တော်မြတ်ကိုပူဇော်ကျင်းပခဲ့ကြသည်။

မစ္ဆားတရားတော်မြတ်သို့ အနယ်နယ်အရပ်ရပ်မှ ဖရန်စစ္စကင်းအသင်းဂိုဏ်းမှ သီလရှင်များ ပါဝင်ပူ ဇော်ခဲ့ ကြသည်။

ဂျူဗလီကျေးဇူးတင်မစ္ဆားတရားကိုပြုလုပ်ရခြင်းသည် ရှေးယခင်က သာသနာပြုဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် သူနာပြုများ၏ မြင့်မြတ်သောစိတ်များဖြင့်ပေးဆပ်အနစ်နာခံကာ သာသနာပြုခဲ့သည်များကို ဂုဏ်ပြုသောအားဖြင့် ဂျူဗလီကျေးဇူးတင် မစ္ဆားတရားကိုကျင်းကြခြင်းဖြစ်သည်။

လွန်ခဲ့သော (၁၂၅) နှစ်က မြန်မာနိုင်ငံတွင် သာသနာပြုနေသော Fr. John Wehinger M.E.P ၏ တောင်းဆိုမှုကြောင့် မာရီယား၏ဖရန်စစ္စကင်းသီလရှင်များသည် မြန်မာနိုင်ငံရှိ အနာကြီးရောဂါဝေဒနာသည်များကို ကြည့်ရှု့စောင့်ရှောက်ရန်အတွက် စေတနာ့ဝန်ထမ်းများအဖြစ် ဆက်ကပ်သာသနာပြုရန် ၁၈၉၈ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့က မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့ သီလရှင် (၆) ပါးဖြင့် စတင်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

ဖရန်စစ္စကင်းသီလရှင်များသည် ၎င်းတို့ရောက်ရှိပြီးနောက်တစ်ရက်တွင်ပင် လုပ်ငန်းကိုချက်ချင်း စတင်ခဲ့ကြသည်။ အနာကြီးရောဂါသည်ပေါင်း(၂၀၀)ကျော်ရှိခဲ့သည်။လူနာများအကြား ဘာသာစကား ခက်ခဲမှုများ အပြင်အခြားသောဆင်းရဲဒုက္ခများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခရစ်တော်ကိုစံနမူနာယူကာ အပြုံးမပျက်ဘဲ ဆက်လက် လုပ်ဆောင်ခဲ့သည်။ထိုသို့အခက်အခဲအမျိုးမျိုးကြားမှ လူနာများကိုပြုစုစောင့်ရှောက်ရင်း ၁၉၆၆ မတိုင်ခင်အချိန်ထိ လူနာပေါင်း(၁၄၀၀)ကျော် နေထိုင်ခဲ့ကြသည်။ ထို့သို့ ဆက်ကပ်လုပ်ဆောင်ကြရင်း ၁၉၆၆ ခုနှစ်၌ပင် ဂေဟာတွင်အမှုတော်ဆောင်နေသော နိုင်ငံခြားသားသီလရှင်(၂၇)နှစ်ပါးစလုံးအား မိမိတို့နိုင်ငံသို့အပြီးတိုင်ပြန်ရမည့်နေ့ရက်သို့ရောက်ရှိလာခဲ့သည်။ ၁၉၆၆ ခုနှစ် စက်တင်ဘာ (၂၂) ရက်နေ့တွင် သီလရှင်များသည် ထိုဂေဟာမှ အပြီးတိုင် စွန့်ခွာခဲ့ကြရသည်။ဖရန်စစ္စကင်းသီလရှင်များသည် စိန့်ဂျွန်းကျောင်းတော်ကြီးထဲတွင် နှစ်ပေါင်း(၆၈)နှစ်၊ ရှစ်လနဲ့ (၃) ရက်တိတိ ဘုရားရှင်အတွက်အစေခံကာသာသနာပြုလုပ်ငန်းကိုလုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ အနာကြီးရောဂါသည်များအတွက် အစေခံဆက်ကပ်ရန် သီလရှင်(၆)ပါးဖြင့်မြန်မာနိုင်ငံသို့စတင်ရောက်ရှိ လာခဲ့သော ဖရန်စစ္စကင်းသီလရှင်များသည် ယခုအခါ မြန်မာနိုင်ငံတွင် သီလရှင်ပေါင်း ၁၅၈ ပါးရှိပြီ ဖြစ်သည်။ထိုအထဲမှ သီလရှင် ၂၇ ပါးသည် တိုင်းတစ်ပါးတွင်တည်ရှိသည်။ Communities 22 ခုတွင် ရာသက်ပန်အဓိဠာန်ပြုပြီးသော သီလရှင်ပေါင်း ၁၃၂ ပါး၊ ယာယီကတိသစ္စာပြုပြီးသော သီလရှင်ပေါင်း ၂၆ ပါး၊သီလရှင်လောင်း ၆ ပါးနှင့်အကြိုသီလရှင်လောင်း ၄ ပါးရှိသည်။ မြန်မာနိုင်ငံဖရန်စစ္စကင်းသီလရှင်ဂိုဏ်း၏ အကြီးအကဲမှာ Sr. Lucia Ling Hing Pai (FMM) ဖြစ်သည်။

ဖရစစ္စကင်းသီလရှင်များ၏ အဓိကတမန်တော်လုပ်ငန်းများမှာAIDS / HIVဝေဒနာသည်များအား ကြည့်ရှု စောင့်ရှောက်ခြင်း၊ မူကြိုကလေးကျောင်း၊ကရုဏာလုပ်ငန်းအဖွဲ့များ၊ စာသင်ကြားပေးခြင်း၊ ပြည်တွင်းစစ်ဘေး ဒုက္ခသည်စခန်းများတွင်ဘုရားစကားသင်ကြားပေးခြင်း၊ဆေးကုခန်းများဖွင့်ပေးခြင်း၊မိဘမဲ့ကလေးများဂေဟာဘော်ဒါကျောင်းအိပ်ကျောင်းစားကလေးများအားကြည့်ရှု့ခြင်း၊ စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုနှင့် ပြုစုပျိုးထောင် ပေးခြင်း၊ တို့ကို ဆက်ကပ်လုပ်ဆောင်ပေးလျက်ရှိသည်။

“ဘုရားရှင်၏ ချစ်ခြင်းမေတ္တာတော်၌ အမြစ်တွယ်ကာ ယဉ်ကျေးမှု၊ဓလေ့ထုံးစံမတူ၊ကွဲပြားခြားနားသော မာရိယာ၏ သာသနာပြုဖရန်စစ္စကင်းသီလရှင်များသည် တာဝန်သိသိ၊လူသားပီသစွာ နေထိုင်ခြင်းအားဖြင့် အနာတရဖြစ်နေသော ကမ္ဘာကြီးကို ဝိုင်းဝန်းကုသကြခြင်းသည်” ဖရန်စစ္စကင်းသီလရှင်အသင်းဂိုဏ်း၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။

News by - Pinky

#rvamyanmar #rvapastoralcare #LocalNews 

Add new comment

6 + 4 =