မြန်မာပြည်တစ်ဝန်းမှ မာရီယားတမန်တော်များ၏ ၂၀၂၃ ခုနှစ်အတွက် နှစ်ပတ်လည် ဥပုသ်စောင့်ခြင်

မြန်မာပြည်တစ်ဝန်းမှ မာရီယားတမန်တော်များ၏ ၂၀၂၃ ခုနှစ်အတွက် နှစ်ပတ်လည် ဥပုသ်စောင့်ခြင်

မြန်မာပြည်တစ်ဝန်းမှ မာရီယားတမန်တော်များ၏ ၂၀၂၃ ခုနှစ်အတွက် နှစ်ပတ်လည် ဥပုသ်စောင့်ခြင်းကို အလှူရှင်ဦးမြင့်ဝေ၏ ပံ့ပိုးမှုဖြင့် ချမ်းသာကုန်းတွင်ပြုလုပ်

(15.1.2023) RVA Myanmar

 

မာရီယားတမန်တော်များ၏ နှစ်ပတ်လည်ဝတ်စောင့်ခြင်းကို ဇန်နဝါရီလ(၁၃) ရက်နေ့မှ (၁၅) ရက်နေ့ထိ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ချမ်းသာကုန်းစိပ်ပုတီးမယ်တော်သခင်မကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ထိုဝတ်စောင့်ခြင်းကို မန္တလေးကော်မစီအုမ်းက ဦးဆောင်ပြီး ဦးမြင့်ဝေ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာတစ်ပြည်လုံးရှိ မယ်တော်တမန်တော်အဖွဲ့ဝင်များစုပေါင်းတွေ့ဆုံခြင်း၊ နှစ်ပတ်လည်ဝတ်စောင့်ခြင်း၊ မန္တလေးကော်မစီအုမ်း၏ ၂၀၂၃ ခုနှစ်တွင်လုပ်ဆောင်မည့်ရှေ့လုပ်ငန်းစဉ်ကိုတိုင်ပင်ဆွေးနွေးခြင်း၊ မယ်တော်ထံနှစ်စဉ်ပြန်လည်အပ်နှံခြင်းတို့အတွက် ယခုဝတ်စောင့်ခြင်းကိုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

 

ဝတ်စောင့်ပွဲတွင် မန္တလေးသာသနာ မာရီယားတမန်တော်အသင်းဒါရိုက်တာဖာသာရ်ဂျော့်ရှ်ခင်မောင်ထွေး၊ ဖာသာ်ပေါလ်သက်ခိုင်နှင့်လားရှိုးသာသနာမှ ဖာသာရ်ဩဂတ်စတင်းခင်မောင်ကျော်တို့ ကဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးများအဖြစ်ပါဝင်ခဲ့ကြသည်။

 

ဝတ်စောင့်ခြင်းသို့ မြန်မာပြည်တစ်ဝန်းသာသနာအသီးသီးမှ မာရီယားတမန်တော်အသင်းသူအသင်းသား (၅၀၀)ကျော်ပါဝင်တက်ရောက်ခဲ့ကြသည်။

မန္တလေးသာသနာမှ မာရီယားတမန်တော်အသင်း၏ ဒါရိုက်တာ ဖာသာရ်ဂျော့်ရှ်ခင်မောင်ထွေးသည် ကျန်းမာရေးမကောင်းသည့်ကြားမှပင် ယခုဝတ်စောင့်ခြင်း တွင်ပါဝင်ခဲ့သည်။ ဖာသာရ် သည် ကိုဗစ်ကာလအတွင်းကိုဗစ်ရောဂါဖြစ်ပွားပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားပြီး မှိုရောဂါဖြစ်ပွားခဲ့သည့်ပထမဆုံးလူနာလည်းဖြစ်သည်။

ဖာသာရ်ကပြောပြရာမှာ “ သူ့အနေဖြင့် သေဘေးမှလွတ်မြောက်ပြီးယခုလိုအဖွဲ့ဝင်များဖြင့် ပြန်လည်ဆုံတွေ့နိုင်ခြင်းသည် မာရီယားတမန်တော်အသင်းသူအသင်းသားများ၏ဆုတောင်းပေးမှုကြောင့် ပြန်လည်၍ကျန်းမာလာခြင်းဖြစ်ပြီး ၊ ဆက်လက်၍ ဒီထက်ပိုမိုကျန်းမာလာရန်အတွက် ဆုတောင်းပေးကြရန်။ စိပ်ပုတီးပုံမှန်စိပ်ကြရန်၊ မယ်တော်တမန်တော်အသင်းဟာလည်းသံကွင်းကြိုးဆက်လိုပဲ စိပ်ပုတီးတစ်ကုံးနဲ့တစ်ကုံးဟာ စပ်ဆက်နေတဲ့အတွက် စိပ်ပုတီးကို များများစိပ်ကြရန် “ အသင်းသူအသင်းသားများကိုတိုက်တွန်းနှိုးဆော်ခဲ့သည်။

မာရီယားတမန်တော်အသင်းကို ကူညီစောင်ရွက်ပေးနေသည့် ဖာသာရ်ပေါလ်သက်ခိုင်မှလည်း

“ လူတွေဟာ ဒုက္ခရောက်တဲ့အချိန်မှာ ပိုပြီးတော့ဆုတောင်းတတ်ကြပါတယ်။ ဒါပေမဲ့ပျော်စရာတွေ များတဲ့အချိန်ဆိုရင်တော့ဆုတောင်းဖို့မေ့နေတတ်ကြတယ်။ဒါကြောင့် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် စိပ်ပုတီးစိပ်၊ဘုရားရှိခိုးဖို့မမေ့ကြပါနဲ့ဆိုကာ “ အခြေအနေတိုင်းတွင်ဆုတောင်းတတ်သူများဖြစ်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

 

လားရှိုးသာသနာမှ ဖာသာရ်ဩဂတ်စတင်းခင်မောင်ကျော်မှလည်း “ ဒုက္ခရောက်နေတဲ့အချိန်မှာ အားမလျော့စိတ်မပျက်ဘဲဆုအရမ်းတောင်းကြပေမဲ့ပျော်နေတဲ့အချိန်မှာ သတိထားရမယ် ။သံကွင်းကြိုး ဆက်စိပ်ပုတီးလက်နက်နဲ့ မယ်တော်ဆီမှာ ဆုတောင်းမယ်။ဒီစိပ်ပုတီးနဲ့မကောင်းမှုတွေကိုတိုက်ထုတ်မယ်။ ရဟန္တာဒွန်ဘောစကိုပြောသလို “ မည်သူမဆို ဘာသာသူတစ်ဦးဟာ တစ်ဖက်မှာ ကိုယ်တော်မြတ် စက္ကရမင်တူး၊ တစ်ဖက်မှာ စိပ်ပုတီးကို ကိုင်ထားမယ်ဆိုရင် ဘယ်တော့မှ မလဲကျပါဘူး။အစစအရာရာမှာ အောင်မြင်ခြင်းကို ရပါလိမ့်မယ် “ ဟုဆိုကာ ကိုယ်တော်ြမတ်စက္ကရမင်တူးနှင့်စိပ်ပုတီးစိပ်ခြင်းကို ယုံကြည်ခြင်းဖြင့် လုပ်ဆောင် ပါက အောင်မြင်မည့်အကြောင်းကို ပြောပြခဲ့သည်။

 

မာရီယားမန်တော်အသင်းတွင်ပါဝင်သူ တစ်ဦးဖြစ်သူ ဒေါ်မေရီလဗျဘောက်သည် မြစ်ကြီးနားသာသနာမှ ပါဝင်တက်ရောက်ခဲ့သူဖြစ်သည်။ သူမသည် မြစ်ကြီးနားသာသနာ ကော်မစီအုမ်း ဥက္ကဌဖြစ်ပြီး ၊အင်ဂျန်တုံအပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်သခင်မ ပရီစီတီအုမ်းအဖွဲ့၏ အတွင်းရေးမှူးတစ်ယောက်လည်းဖြစ်သည်။ မယ်တော်တမန်တော်အသင်းသို့ ၂၀၀၉ ခုနှစ်မှစတင်ကာဝင်ရောက်ခဲ့သူလည်းဖြစ်သည်။သူမသည် မာရီယားတမန်တော်အသင်း၏ လုပ်ဆောင်ရမည့်လီဂျင်စိပ်ပုတီးကို နေ့စဉ်ပုံမှန်စိပ်သူတစ်ဦးလည်းဖြစ်သည်။၎င်းအပြင် ဆုတောင်းကူခိုင်းသူများအတွက်လည်း နာမည်နှင့်တကွတပ်၍ စိပ်ပုတီးစိပ်ကာ ဆုတောင်းပေးလေ့ရှိသည်။အဖွဲ့အစည်း၏ လုပ်ငန်းဖြစ်သည့် နေမကောင်းသည့်အိမ်များ သို့သွားရောက် ဆုတောင်းပေးခြင်းကိုလည်း လုပ်ဆောင်သည်။

 

သူမက ထိုကဲ့သို့ မယ်တော်တမန်တော်အသင်းတွင်ပါဝင်ဆက်ကပ်ခြင်းအားဖြင့် မယ်တော်ထံမှဆုကျေးဇူးများစွာရရှိခဲ့ပုံကို အာဗီအေကို အခုလိုပြောပြခဲ့ပါတယ်။

 

“ ဒီအသင်းထဲမှာပါဝင်ပြီးတဲ့နောက် မိသားစုစုံစုံညီညီနဲ့ ဆုတောင်းခွင့်ရတယ်။ နောက်ကျန်းမာ ရေးပိုကောင်းလာတယ်။ဒီအသင်းထဲကိုပါဝင်ကာစ ၂၀၁၀ လောက်တုန်းက သေမလိုအထိနေ မကောင်းဖြစ်ခဲ့ဖူး တယ်။မယ်တော်တမန်တော်အသင်းထဲမှာလည်းဝင်ထားတာကမကြာသေးဘူးဆိုတော့ သူငယ်ချင်းတွေက လည်းမေရီရယ်နင်သေလို့မဖြစ်သေးဘူး မယ်တော်က နင့်ကိုခိုင်းဦးမှာဆိုတဲ့အဖွဲ့ဝင်တွေရဲ့ အားပေးမှုနဲ့ အန်တီအားတင်းပြီးနေရင်းက ကျန်းမာရေးပြန်ကောင်းပြီး ဒီအဖွဲ့မှာအခုချိန်ထိပါဝင် လှုပ်ရှားနေနိုင်တာဖြစ် တယ်။သားသမီးတွေဆိုလည်း အမေကဒီမယ်တော်တမန်တော်အသင်းမှာပါပြီး စိပ်ပုတီးစိပ် ဆုတွေတောင်းလို့ သမီးတို့ဒီလိုနေနိုင်တာ အခက်အခဲတွေကြားထဲကနေ လုပ်ငန်းတွေအဆင်ပြေအောင်လုပ်နိုင်တာဆိုပြီး သူတို့အမြဲပြောတယ်။အန်တီကပုံမှန်တော့ စိပ်ပုတီးလေးကုန်းကို ကြိုးစားပြီးစိပ်တယ်” ဟုဆိုကာ မာရီယားတမန်တော်အသင်းတွင်ပါဝင်ဆက်ကပ်ခြင်းအားဖြင့် မိသားစု အတွင်း အဘက်ဘက်မှ ဆုကျေးဇူးတော်များခံစားရရှိကြောင်းကို အာဗီအေကိုပြောပြခဲ့ပါသည်။

 

မြန်မာပြည်ဆေနာတုစ်ဥက္ကဌကိုရေမွန်ကလည်း မာရီယားတမန်တော်အသင်းအနေဖြင့် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်တစ်ချို့ကို အာဗီအေကိုပြောပြခဲ့သည်။

 

၎င်းက ပြောပြရာမှ ‘’ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း တချို့သောနေရာများတွင် အသင်း၏ လှုပ်ရှားမှုများ ကိုရပ်နားခဲ့ရသည့် အခြေအနေများရှိခဲ့သည့်အတွက် ယခု ၂၀၂၃ ခုနှစ်မှာ အားပြန်ဖြည့်မယ်။ သင်တန်းတွေပေးမယ်၊ဝတ်စောင့်ပွဲတွေလုပ်မယ်။ ၂၀၂၃ ခုနှစ်မှာ အသင်းထဲကိုလူငယ်လူရွယ်လေးတွေပိုပြီးတော့ပါဝင်နိုင်အောင်လုပ်ဆောင်မှုတွေလုပ်သွားမယ်လို့ ရည်ရွယ်ထားတယ်။ကျိုင်းတုံနဲ့မော်လမြိုင်သာသနာမှာအသင်းတွေကို တိုးချဲ့သွားဖို့အစီစဉ်ရှိတယ်။ “ ဟုဆိုကာ မာရီယားတမန်တော်အသင်းတွင် လူငယ်များကိုပါ ပါဝင်လာနိုင်ရန် လုပ်ဆောင်မည့်အကြောင်းကို ပြောပြခဲ့သည်။

 

မာရီယားတမန်တော်အသင်းသည် တစ်ကမ္ဘာလုံးတွင်ရှိသည့်သာမန်လူဝတ်ကြောင်များ၏ သာသနာပြုသည့်အသင်းတစ်သင်းဖြစ်သည်။ အသင်း၏ရည်ရွယ်ချက်မှာ လူတွေကို ဘုရားသခင်ဆီသို့ပို့ရန်နှင့်ခရစ်တော်၏နိုင်ငံတော်ကို တိုးတတ်ပျံ့နှံ့ဖို့ရန်အတွက် သာမန်လူဝတ်ကြောင်များက မိမိတို့တက်စွမ်းသ၍ ကြိုးစားလုပ်ဆောင်ကြရခြင်းဖြစ်သည်။ မာရီယားတမန်တော်အသင်းသည် အသင်းတော်၏ လမ်းညွှန်မှုဖြင့် ခံယူပြီး သာမန်လူဝတ်ကြောင်ဘာသာတူများက လူဝတ်ကြောင်အချင်းချင်းကြားတွင် ဘာသာတရားပိုမိုကိုင်းရှိုင်းရန်နှင့် ဝိညာဉ်ရေးဆိုင်ရာပိုမိုတိုးတက်လာစေရန် လုပ်ဆောင်ပေးကြရသူများဖြစ်သည်။မာရီယားတမန်တော်အသင်းသားများသည် စိပ်ပုတီးစိပ်ဆုတောင်းခြင်း၊ နေမကောင်းသည့်လူနားများရှိသည့်အိမ်သို့အလည်အပတ်သွားရောက်၍ဆုတောင်းပေးခြင်းများကိုပြုလုပ်ပေးကြသည်။

 

News by - Pinky

#rvamyanmar #rvapastoralcare #LegioMariae

 

Add new comment

4 + 7 =