မြန်မာနိုင်ငံ ဆိုင်ရာ ရဟန်းမင်းကြီးကိုယ်စားလှယ် မှ ခက်ခဲနာကျင်မှုများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများအတွက် အထောက်အပံ့ ပေးရန်တိုက်တွန်း

မြန်မာနိုင်ငံ ဆိုင်ရာ ရဟန်းမင်းကြီးကိုယ်စားလှယ် မှ ခက်ခဲနာကျင်မှုများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများအတွက် အထောက်အပံ့ ပေးရန်တိုက်တွန်း

 

မကြာခင် နယ်သာလန်နိုင်ငံသို့ ပြောင့်ရွှေ့တာဝန်ထမ်းဆောင်တော့မည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများဆိုင်ရာ ရဟန်းမင်းကြီး ကိုယ်စားလှယ်တော် ဂိုဏ်းချုပ်ဆရာ တော်ကြီးပေါလ်ချန်အင်းနဲမ် သည် စက်တင်ဘာ ၂ ရက် နေ့က ရန်ကုန်မြို့တွင် ကျေးဇူးမစ္ဆားတရား ဟောကြားခဲ့သည်။

ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေများကြောင့် အရေအတွက်တိုး ပွားလာနေသည့် အကူညီမဲ့နေသူများ ကို ထောက်ပံ့ကူညီရန် နိုင်ငံ​၏ ကက်သလစ်အသိုင်းအဝိုင်း အနေနှင့် အားစိုက်ထုတ်မှု တိုးမြှင့်ရန် ဂိုဏ်းချုပ်ဆရာတော်ကြီး Paul Tschang In-Nam ( Nancio of Myanmar) က တိုက်တွန်းပြောကြားခဲ့သည်။

 ယခုကာလတွင် မြန်မာနိုင်ငံမှ ကျွန်ုပ်တို့​၏ညီအကို မောင်နှမများသည် ကြီးမားသည့် ဝေဒနာများနှင့် တွေ့ကြုံရင်ဆိုင်နေကြရပြီး ဘုရားရှင်​၏ အစေခံများဟု ခေါ်ထိုက်ခံရစေရန် နှင့် အကြပ် အတည်းများ နှင့် တွေ့ကြုံနေရသည့် ညီအကို မောင်နှမ များကို အစေခံဝတ် ပြုကြပါရန် သက်တော် ၇၃ နှစ်ရှိ ဆရာတော်ကြီး မှ ပြောကြား ခဲ့သည်။တောင်ကိုးရီးယား နိုင်ငံဖွား ဂိုဏ်းချုပ်ဆရာတော် ကြီး ပေါလ်ချန်အင်းနဲမ်သည် ။ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့တွင် ၁၀ နှစ်တာတာဝန်ထမ်းဆောင်ခဲ့ပြီး နောက် ၂၀၁၇ ခု နှစ်တွင် မြန်မာနှင့် ဗာတီကန် အကြား ပြည့်ဝသည့် သံတမန် ဆက်သွယ်ရေး ထူထောင်အပြီးတွင် မြန်မာနိုင်ငံ အတွက်ပါ တာဝန်ပေးအပ်ခံခဲ့ ရသည် ။ ယခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင်မူ ရဟန်းမင်းကြီး ဖရန်စစ်မှ သူ့ကို နယ်သာလန် နိုင်င်ဆိုင်ရာ ရဟန်းမင်းကြီး ကိုယ်စားလှယ်တော် အဖြစ် ခန့်အပ်ခဲ့သည်။စက်တင်ဘာ ၂ ရက် နေ့က ရန်ကုန်မြို့တွင် ဆရာတော်ကြီး ချန် အားကျေးဇူးတင် မစ္ဆားတရား နှင့်အတူ နူတ်ဆက်ခဲ့သည် ။

"ယခုကာလတွင် မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့​၏ ညီအကို မောင်နှမများသည် စုံစမ်းမှုများစွာ နှင့် ရင်ဆိုင်နေကြရပြီး ပါပါးဖရန်စစ် အနေနှင့်လည်း နီးကပ်စွာ စောင့်ကြည့် နေလျက်ရှိကြောင်း နှင့် ငြိမ်းချမ်းခြင်း နှင့် ပြန်လည် ကြေအေးမှု ရရှိ နိုင်ရန် နည်းလမ်းများ ရှာကြံပြီး ကွဲပြားကြသည့် အဖွဲ့အစည်း များအကြား တွေ့ ဆုံဆွေးနွေးမှု များ ပြုလုပ်ကြပါရန်လည်း " တိုက်တွန်းပြောကြားခဲ့သည်။

 

 

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3x1mK9k

Add new comment

1 + 0 =