မော်စကိုမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံခြားသား ကက်သလစ် ရဟန်းတော်ကို ရုရှားမှ နှင်ထုတ်

မော်စကိုမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံခြားသား ကက်သလစ် ရဟန်းတော်ကို ရုရှားမှ နှင်ထုတ်

မော်စကိုမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံခြားသား ကက်သလစ် ရဟန်းတော်ကို ရုရှားမှ နှင်ထုတ်

 

မက်ဆီကိုနိုင်ငံဖွား ကက်သလစ်ဘုန်းတော်ကြီး Fr.Fernando Vera ကို ရုရှားမှထွက်ခွာသွားရန် ပြောခံခဲ့ရပါတယ် ။ အကြောင်းရင်းကတော့ ယူကရိန်းစစ်ပွဲနဲ့ ပါတ်သက်လို့ ကိုယ်တော်ရဲ့ မှတ်ချက်ကြောင့်လို့ ယူဆရပါတယ်။

Fr.Vera ဟာ Opus Dei အသင်းဂိုဏ်းဝင်ဖြစ်ပြီး ရုရှားမှာ တာဝန်ထမ်းဆောင်နေတာ ၇ နှစ်ရှိပါပြီ၊ မကြာခင်က သူဟာ ရုရှားရဲ အထင်ကရ Sts.Peter and Paul ဘုရားကျောင်းရဲ့ ကျောင်းအုပ် ဖြစ်ခဲ့ပါတယ်။ ဘာသာဝင်တွေရဲ့ ပြောပြချက်အရ ဘုန်းဘုန်းဟာ အရာဝတ္တုတွေကို သူတို့ရဲ့အမည်တွေနဲ့ ခေါ်တဲ့အကျင့်ရှိတယ် လို့ သိရပါတယ်။

Fr.Vera ကို ရုရှားဖယ်ဒရေးရှင်းနိုင်ငံထဲမှာ နေထိုင်ခွင့်ပိတ်ပင်လိုက်ကြောင်းကို ရုရှားနိုင်ငံရဲ့ ပြည်တွင်း ရေးရာဝန်ကြီးဌာနရဲ့ ဒါရိုက်တာချုပ်က အသိပေးစာရေးသားပြီး မော်စကိုရှိ Mother of God ကက်သလစ် သာသနာမှ Fr.Kirill ထံသို့ မတ်လ ၁၅ ရက်နေ့မှာ ပေးပို့ထုတ်ပြန်ခဲ့ပါတယ်။ Fr.Vera ဟာ ၁၅ ရက်အတွင်း ရုရှားနိုင်ငံအတွင်းမှ ထွက်ခွာရန်ဖြစ်ပါတယ် ။ ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်တော့ စာထဲမှာ ဖော်ပြ မထားပါ။

အကြောင်းကြားစာထဲမှာအယူခံဝင်နိုင်ခွင့်ရှိကြောင်းဖော်ပြထားပေမယ့် ဘုန်းတော်ကြီးကို ရုရှား နိုင်ငံ တွင်း ပြန်လည် ဝင်ခွင့်မပါတဲ့အတွက် မော်စကို ကက်သလစ်သာသနာအနေနှင့် အလွန်အမင်း စိတ်မ ကောင်းဖြစ်ရပြီး Fr.Vera ဟာသူ့ရဲ့ သာသနာလုပ်ငန်းများကို လုံခြုံစွာ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါတယ်။

Fr.Vera ကဩဝါဒ တခုမှာ ယူကရိန်းစစ်နဲ့ပါတ်သက်လို့ ပြောခဲ့တဲ့သတင်းနဲ့ ပါတ်သက်ပြီး Fr.Gorbunov ကို သတင်းဌာနက မေးမြန်းရာမှာ ဝန်ကြီးဌာနက ပေးပို့လာတဲ့ စာထဲမှာ ဘာအကြောင်းပြချက်မှ မပါ ကြောင်း ဖြေကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ကက်သလစ်ဆရာတော်ကြီးများရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ရုရှား ရဲ့ယူကရိန်းကို တိုက်ခိုက်မှုအပေါ် အထူးတုန်လှုပ်မိကြောင်း ၊ သေကြေပျက်စီးမှု များနှင့်တကမ္ဘာလုံးရဲ့ လုံခြုံရေးကို ခြိမ်းချောက်နေကြောင်း ဖော်ပြခဲ့ပါတယ် ။ ဒီကိစ္စမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးသမားအားလုံးကို ဒီဖြစ်ရပ်ဆိုးအဆုံးသတ်ရန်တိုက်တွန်း ခဲ့ပါတယ်

လက်ရှိအခြေနေတွေနဲ့ ပါတ်သက်လို့ Opus Dei ဒါရိုက်တာ Carlas Ruiz ကို မှတ်ချက် ပေးရန် တောင်း ဆိုပေမယ့် သူက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ် ။ ရုရှားနိုင်ငံပိုင်နက်အတွင်းမှာ တာဝန်ထမ်း ဆောင် နေကြတဲ့ အခြားဘုန်းတော်ကြီးများနှင့် သာသနာပြုများအကြောင်းကို ထုတ်ဖော်ပြောဆိုမှု့ မလုပ်ကြဖို့ ပြောခဲ့ပါတယ်။

ရုရှားသမ္မတ ဘလာဒီမာပူတင်က ဥပဒေ တခုကို မတ်၂၅ ရက်က ထုတ်ပြန်ခဲ့ပြီး ထိုဥပဒေအရ ရုရှားနိုင်ငံရဲ့ နိုင်ငံရပ်ခြားလုပ်ဆောင်ချက်များနှင့်ပါတ်သက်ပြီး သတင်းအမှားပေးလျှင် ထောင် ၁၅ နှစ်အထိချနိုင်ပြီး အထူးသဖြင့် ရုရှားစစ်တပ်နဲ့ပါတ်သက်ပြီး ရည်ရွယ်ချက် ရှိရှိ သတင်းမှားဖြန့်ချီမှု များကိုလည်း တားမြစ်ထားပါတယ် ။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု့နဲ့ ပါတ်သက်ပြီး လက်ရှိအချန်ထိ လူပေါင်းအနည်းဆုံး ၁၅၀၀၀ အထိ အဖမ်းခံထားရပါတယ်။

ရုရှားဆရာတော်ကြီး Pezzi က ကက်သလစ်များအနေနှင့် သေဆုံးသွားသူတို့ရဲ့ ငိုကျွေးသံများကို ကြား သိပြီး ကူညီချင်ပါကြောင်း နှစ်သိမ့်ပေးလိုပါကြောင်း ပြောဆိုခဲ့ပြီး အသက်အသေခံတော်မူတဲ့ ခရစ်တော် နဲ့အတူတကွ လုပ်ဆောင်နိုင်ကြပါကြောင်း ပြောကြားခဲ့သည်။

 

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3KzGnZU

 

Add new comment

1 + 0 =