မုန်တိုင်းကြောင့် ဂရိ၊ တူရကီနှင့်ဘူရ်ဂေးရီးယား၌ရေကြီးရေလျှံ၍မြေပြိုမှုများဖြစ်

မုန်တိုင်းကြောင့် ဂရိ၊ တူရကီနှင့်ဘူရ်ဂေးရီးယား၌ရေကြီးရေလျှံ၍မြေပြိုမှုများဖြစ်

ဂရိနိုင်ငံသည် အလွန်အင်အားပြင်းထန်သောမုန်တိုင်းကြောင့်ဆက်လက်၍နောက်ဆက်တွက်ဒဏ်ကိုခံစားကြုံတွေ့နေရဆဲဖြစ်ပါသည်။ မြေထဲပင်လယ်ဒေသတစ်လျှောက်လုံး၌ ပြီးခဲ့သောပတ်ကမိုးသည်း ထန်စွာရွာသွန်းခဲ့သည်။

ဂရိမိုးဇလဌာနမှ Daniel ဟုအမည်ပေးထားသောမုန်တိုင်းကြီးသည် တစ်ပတ်လုံးမိုး သည်းထန်ခဲ့ရာ အထူးသဖြင့် Magnesia နှင့်အေသင်မြောက်ပိုင်းရှိ Volos ဒေသ၌ပိုမိုဆိုးရွားခဲ့သည်။ ဂရိသည် ယခုကဲ့သို့မုန်တိုင်းဘေးနှင့်မကြုံရမည် တောမီးလောင်ကျွမ်းသည့်ဘေးနှင့်ကိုလည်းဆိုးရွားစွာခံစားခဲ့ရ သည်။

ဂရိ၊ တူရကီ၊ ဘူရ်ဂေရီးယားနိုင်ငံများသို့မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုစဖြစ်သည့်နေ့မှစ၍ သေဆုံးသူစုစုပေါင်း (၁၃) ဦးရှိကြောင်း၊ ပင်လယ်နက်ကမ်းခြေတစ်လျှောက်မှရေလျှံထွက်လာခြင်းကြောင့်ရေလွှမ်းသွား၍ လမ်းများပျက်စီးသွားကြောင်း၊ ထို့အတူပင် တူရကီနိုင်ငံတစ်၀ှမ်း၌လည်း မိုးကြိုး၊ ရေကြီးရေလျှံမှုကြောင့်လည်းအခက်အခဲနှင့်ကြုံနေရသည်။

ဂရိနိုင်ငံ၌ရေဘေးကယ်ဆယ်ရေးပစ္စည်းများကိုဖြန့်‌ေ၀ပေးခဲ့သည်။ ရေလွှမ်းမှုကြီးမားသောရွာများမှရွာသားများသည် မိမိတို့၏အိမ်ခေါင်မိုးပေါ်အထိတက်ရှောင်နေခဲ့ရသည်။ ရေ၏အမြင့်သည် (၂) မီတာ (၆) ပေအထိမြင့်တက်ခဲ့သည်။ ရဟပ်ယာဉ်ဖြင့်ကယ်တင်ခဲ့ရသော အလွန်ဆိုးရွားသည့်အပိုင်းမှရေဘေးဒုက္ခသည်များက ၄င်းတို့အနေဖြင့်ကြာသပတေးနေ့တစ်နေ့လုံးအိမ်ခေါင်မိုးပေါ်၌မိုးစိုခံရင်းထမင်းငတ်ခဲ့ရကြောင်းပြောသည်။ ရဟပ်ယာဉ်များဖြင့်လည်းအတတ်နိုင်ဆုံးကယ်ဆယ်ရေးကိုပြုလုပ်နေကြောင်း၊ ယခုထက်စော၍ရဟပ်ယာဉ်ဖြင့်ကယ်ဆယ်ရေးမလုပ်နိုင်ရခြင်းမှာ မိုးကြိုးနှင့်လျှပ်စီးများကြောင့်ဖြစ်ကြောင်းအာဏာပိုင်များကရှင်းပြပါသည်။

အရှေ့ပိုင်းအနည်းငယ်ကျသောဒေသ၌ ဒေသခံများနှင့်နိုင်ငံခြားသားအချို့ပါသည့် ရေဘေးဒုက္ခ ရောက်နေသော လူ (၂၀၀) ကိုလည်းပင်လယ်လမ်းမှကယ်ထုတ်နိုင်သည်။ အဘယ် ကြောင့်ဆိုသော် လမ်းများအားလုံးတိုက်စားသွားခြင်း၊ လမ်းမကြီးပေါ်သို့ရေစီးကြောင်းများကသယ်လာသည့်သစ်တုံများ၊ သစ်ပင်များတို့ဖြင့်ပိတ်မိနေသောကြောင့် ဖြတ်သန်းသွားလာရန်မဖြစ်နိုင်တော့ပေ။

ကြာသပတေးနေ့ကရက်အတန်ကြာပျောက်ဆုံးနေခဲ့သောလူတစ်ဦး၏အလောင်းကိုလည်း ချောင်းထဲ၌တွေ့ရှိခဲ့သည်။ ထို့အတူ Karditsa ရွာစပ်၌လည်း အမျိုးသမီးနှစ်ဦး၏ အလောင်းကိုတွေ့ရှိရကြောင်း၊ ထို့ ကြောင့် မုန်တိုင်းစတင်သော အဂ်ါနေ့ဂရိနိုင်ငံအတွင်း၌ယခုမုန်တိုင်း၀င်ရောက်ချိန်မှယခုထိ အသက်ဆုံးရှုံးသူ (၆) ရှိကြောင်းအတည်ပြုနိုင်ခဲ့သည်။

ဂရိနိုင်ငံ၏သဘာ၀ဘေးအန္တရာယ်တားဆီးကာကွယ်ရေး၀န်ကြီး Vassilis Kikilias က ကယ်ဆယ်ရေးလုပ်ငန်းကို နိုင်ငံနှင့်အ၀ှမ်း၌နေ့ညမနား၊ မအားဆက်လက်ဖြန့်ကျက်လုပ်ဆောင်နေကြောင်း၊ ဂရိအလယ်ပိုင်းသည် ရေဘေးသင့်သည့်အဆိုးရွားဆုံးအပိုင်းဖြစ်ကြောင်း၊ ဤသို့ရေ ဘေးနှင့်ကြုံနေရစဉ်၌ပင် ဂရိနိုင်ငံ၏အရှေ့မြောက်ပိုင်းဒေသဖြစ်သော Evros ၌တောမီးလောင်ကျွမ်းမှုထပ်မံဖြစ်ပွားခဲ့သည်ဟုသိရသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/V9BC

Add new comment

3 + 2 =