မိမိတို့၏ သန့်ရှင်းသောအကျင့်ပုံစံဖြင့်ဘုရားသခင်ကိုသက်သေခံကြရန်ခရစ်ယာန် များအားပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှအားပေးတိုက်တွန်း

မိမိတို့၏ သန့်ရှင်းသောအကျင့်ပုံစံဖြင့်ဘုရားသခင်ကိုသက်သေခံကြရန်ခရစ်ယာန် များအားပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှအားပေးတိုက်တွန်း

မိမိတို့၏ သန့်ရှင်းသောအကျင့်ပုံစံဖြင့်ဘုရားသခင်ကိုသက်သေခံကြရန်ခရစ်ယာန် များအားပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှအားပေးတိုက်တွန်း

သခင်ခရစ်တော်၏ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းအခန်အနားကိုကျင်းပရန်ုပြင်ဆင်နေသော အချိန်ကာလ၌ မိမိတို့ကိုယ်ကို သခင်ခရစ်တော်ပတွက် သစ္စာရှိစွာဖြင့် ရက်ရောစွာပေးဆပ်ထားသော ခရစ်တော်၏နောက်လိုက်ကောင်းများဖြစ်ကြဖိုရန်နှင့် မိမိတို့၏သန့်ရှင်းသောအကျင့်ပုံစံဖြင့်ဘုရားသခင်ကိုသက်သေခံကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ လူထုပရိတ်သတ်များအား ပြောကြားရာ၌ တိုက်တွန်းအားပေးခဲ့သည်။

By Fr.Benedict Mayak SJ

ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းပွဲကိုကျင်းပရန် ပြင်ဆင်နေသောအချိန်ကာလ၌ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သခင်၏ငြိမ်သက်ခြင်း၊
ရွှင်လန်းဝမ်းမြောက်ခြင်းတို့သည်သင်နှင့် သင်တို့၏မိသားစုဝင်တစ်ဦးချင်းစီအပေါ်သို့သက်ရောက်ပါစေဟု အင်္ဂလိပ်ဘာသာစကားပြောကြားသောယုံ ကြည်သူဘာသာသူများအား အပတ်စဉ်လူထုပရိတ်သတ်များနှင့်တွေ့ဆုံရာ၌ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှဆုတောင်းမေတ္တာပြုပေးခဲ့သည်။သခင်ခရစ်တော်သည် ကျွန်ုပ်တို့ကိုကူညီထောက်မရန် ကျွန်ုပ်တို့နှင့်အတူအစဉ်အမြဲရှိတော်မူသည်ကိုအောက်​မေ့ဆင်ခြင်လျှက် မိမိတို့၏သန့်ရှင်းသောအအကျင့် ပုံစံဖြင့် ဘုရားသခင်ကိုသက်သေခံနိုင်သော ခရစ်တော်၏နောက်လိုက်ကောင်းများဖြစ်ကြရန်အတွက်ရဟန်းမင်းကြီးမှအားပေးတိုက်တွန်းခဲ့သည်။

" သင်တို့သည်သွားကြ၍လူမျိုးတကာတို့အားငါ၏တပည့်များဖြစ်စေကြလျှက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်မြတ်၌သူတို့ကိုဆေးကြောကြလော။ သင်တို့အားငါမိန့်မှာထားသမျှကိုလိုက်နာကျင့်ကြံစေခြင်းငှါ သူတို့ကိုသွန်သင်ကြလော။ ငါသည်ကားကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အစဉ်ရှိမည်" ဟုသူတို့အားမိန့်တော်မူလေပြီ။ မဿဲ ၂၈: ၁၉- ၂၀ ဤကျမ်းချက်ကိုထောက်ရှု့ဆင်ခြင်ကြဖို့ အီတာလျှံဘာသာစကားကိုပြောကြားသောယုံကြည်သာများအား ရဟန်းမင်းကြီးတိုက်တွန်းအားပေးခဲ့သည်။

စပိန်ဘာသာစကားပြောသောယုံကြည်သူ များအားပုပ်ရဟန်းမင်းကြီးက " သေခြင်းကိုအောင်မြင်တော်မူသောခရစ်တော်သခင်၏ ဘုန်းတန်ခိုးတော်ပါးဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းကျေးဇူးတော်သည် ကျွန်ုပ်တို့အားပျော်ရွှင်ဝမ်းမြောက်ခြင်းကိုသယ်ဆောင်သူများဖြစ်စေပါ၊ ကျွန်ုပ်တို့၌မျှော်လင့်ခြင်းကို တိုးပွားစေတော်မူပါ၊ ခရစ်တော်၏ရှင်ပြန်ထတော်မူခြင်းနက်နဲရာအချက်ကြောင့် မေတ္တာ တရားသည်သင်္ခါရ
တရားထက်အစဉ်တည်နေပြီး အဆုံး၌ ထာဝရ တည်နေမည်ဟု ဆုတောင်းမေတ္တာ ပြုခဲ့ပါသည်။

ရဟန္တာအရှင်သူမြတ်ဒုတိယမြောက်ပုပ်ဂျွန်ပေါလ်၏ နှစ်တရာပြည့်မွေးနေ့တော်

အမိအသင်းတော်ကြီးမှ ရဟန္တာ အရှင်သူမြတ်ဒုတိယမြောက်ပုပ်ဂျွန်ပေါလ်၏ နှစ်တရာပြည့်မွေးနေ့ တော်ကို ကျင်းပစဲဖြစ်ရာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ပိုလန်ဘာသာစကားပြောသောယုံ
ကြည်သူများအားဤသိုနွေးထွေးစွာနှုတ်ခွန်းဆက်ခဲ့သည်။ ပိုလန်နိုင်ငံသားတစ်ယောက်ဖြစ်သော ရဟန္တာ အရှင်သူမြတ် ဒုတိယမြောက်ပုပ်ဂျွန်ပေါသည် လူသားမျိုး
နွယ်တစ်ခုလုံးကို ဆုတောင်းမေတ္တာ၌အပ်နှံထားပြီး အသင်းတော်ကိုချစ်မြတ်နိုးသော ယုံကြည်ခြင်းကြီးမားသည့် သိုးထိန်းကောင်းတစ်ပါးဖြစ်သည်ကို သတိပြုမိကြောင်းပြောကြားခဲ့သည်။
ရဟန္တာအရှင်သူမြတ်၏ ဆောင်ပုဒ်ဖြစ်သော "အကြွင်းမဲ့သူ့အတွက်" (Totus Tuus) ကဲ့သို့ ကျွန်ုပ်တို့၏ခက်ခဲသောအချိန်ကာလများ၌ အမိမယ်တော်၏ကြားဝင်ဆုတောင်းပေးခြင်းကိုတောင်းခံကြရန် တိုက်တွန်းအားပေးခဲ့ပါသည်၊

အမိမယ်တော်အားသဒ္ဒါကြည်ညိုခြင်းပြုရာ 'မေ' လ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေ လ သည်အမိမယ်တော်အားအထူးသဒ္ဒါကြည်ညိုခြင်းပြုရာ 'လ' ဖြစ်သောကြောင့် နေ့စဉ်စိတ်ပုတီးစိတ်၍အမိမယ်တော်ထံဆုတောင်းကြရန်တိုက်တွန်းအားပေးပြီးအမိမယ်တော်ကဲ့သို့ဘုရားရှင်ကိုအစဉ်မျက်မှောက်ပြုသူများဖြစ်ကြစေရန်လည်းပေါ်တူဂီဘာသာစကားပြောသောယုံကြည်သူသာသာတူများအားဆုတောင်းပေးခဲ့သည်။

ဖန်ဆင်းခံအရာများထဲ၌တည်ရှိနေသောဘုရားသခင်

ပုပ်ရဟန်းမင်းကြီးက ဂျာမန်ဘာသာစကားပြောကြားသောယုံကြည်သူဘာသာဝင်များအားပြောကြားရာ၌ အသင်းတော်မှ Laudato Si ရက်သတ္တပတ်အား မေလ ၁၆ ရက်မှ၂၄ ရက်အထိသတ်မှတ်ထားလျှက်ရှိရာ ကျွန်ုပ်တို့သည် အံ့သြဖွယ်ကောင်းသောဘုရားရှင်၏လက်ယာတော်ဖန်ဆင်းခံအရာများထဲ၌ ဘုရားရှင်၏ ဘုန်းဂုဏ်တော်ကြီးမြတ်တော်မူခြင်းကို ကျွန်ုပ်တို့အသိအမှတ်ပြုကြသည်။
အလွန်လှပအံသြဖွယ်ကောင်းသောသဘာဝတရားထဲ၌ ပျော်ရွှင်စွာဖြင့်ဘုရားသခင်အားချီးမွမ်းခြင်းသည် ပြည့်ဝစုံလင်သောအတွင်းစိတ်၏ ငြိမ်သက်ခြင်းကိုရရှိနိင်ရန်အတွက်ကျွန်ုပ်တို့အားကူညီတော်မာပါစေဟု ရဟန်းမင်းကြီးမှဆုတောင်းပေးခဲ့သည်။

Translated by Sr. Geraldine Swe

https://bit.ly/2ywRy6Q

Add new comment

5 + 11 =