မပူမအေးသောစိတ်နှင့်သန့်ရှင်းသောအရာများကိုမရိုမသေ၊ မထိုက်မတန်မပြုလုပ်ရန်တိုက်တွန်းလိုက်

မပူမအေးသောစိတ်နှင့်သန့်ရှင်းသောအရာများကိုမရိုမသေ၊ မထိုက်မတန်မပြုလုပ်ရန်တိုက်တွန်းလိုက်

ရဟန်းမင်းကြီးဖရန်စစ်သည် ခရစ်ယာန်များအား မပူမအေးနှင့်သန့်ရှင်းသောအရာများကိုမထိုက်မတန်၊ မလျှော်မကန်သောလုပ်ရပ်များကိုမကျူးလွန်ကြရန် ခရစ်ယာန်များစည်းလုံးညီညွှတ်ခြင်းရရှိရန်ဆုတောင်းရာရက်သတ္တပတ်၏နောက်ဆုံးနေ့ဖြစ်သော ဇန္န၀ါရီလ (၂၅) ရက်နေ့ညနေဆုတောင်းမေတ္တာရွတ်ဆိုစဉ်မိန့်ကြားခဲ့သည်။

ဘုရားသခင်အားသက်၀င်ယုံကြည်သူများဟုဆိုကာမိမိတို့၏ဂုဏ်ဖော်ကြသူများ၊ ကောင်းကင်နိုင်ငံ၏စံတန်ဖိုးထက်လောကီစံကဖြတ်သောတန်ဖိုးကိုလိုလားခြင်း၊ ဘုရားသခင်အထူးဂရုစိုက်သူများအား အပေါ်ယံမျှဂရုစိုက်နေခြင်း၊ မဆိုင်သလိုနေခြင်းတို့သည်ဘုရားသခင်အားထိခိုက်ခံစားစေသည်။ မတရားမှုအားမိမိနှင့်မဆိုင်သကဲ့သို့နေခြင်းသည် သန့်ရှင်းသောအရာကိုမရိုမသေထိခိုက်စော်ကားခြင်းဖြစ်သည်။ ဘုရားသခင်ကို၀မ်းနည်းစေသည်။ ဘုရားသခင်ကိုလွန်စွာထိခိုက်သောအမှုဖြစ်သည်။ မိမိတို့ကိုယ်ကို ခရစ်ယာန်ဟုခံယူပြီး စစ်ပွဲများ၊ အကြမ်းဖက်လုပ်ရပ်များကိုကျူးလွန်နေသောသူတို့၏လုပ်ရပ်သည် ဘုရားသခင်ကိုလွန်စွာစိတ်ထိခိုက်စေသည်။

ကျွန်ုပ်တို့၏၀ိညာဉ်ရေးနှင့်သီဩလိုဂျီ၏ပြောင်းလဲတိုးတက်လာမှုကြောင့် စစ်ပွဲနှင့်သန့်ရှင်းသောအရာများကိုထိခိုက်စော်ကားခြင်းအား မဆီမဆိုင်သကဲ့သို့နေထိုင်၍မရ။ အချို့သည် အလွန်ကျဉ်းမြောင်းသောအမျိုးသားရေး၀ါဒ၊ အစွန်းရောက်မျိုးချစ်၀ါဒ၊ မတူညီမှုကိုလက်မခံနိုင်၊ လက်မခံလိုသော၀ါဒကိုကိုင်စွဲထားသည်။ အချို့ကား ထိုအခြေအနေမျှမဟုတ်ဘဲ အကြမ်းဖက်သည့်လုပ်ရပ်ကိုလည်းကျူးလွန်ကြသည်။

ဤစိတ်အခြေအနေမျိုး၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် မှန်ကန်စွာဖြင့်ကိုင်တွယ်နိုင်ရန်တွန်း အားတစ်ခုဖြစ်စေရမည်။ လွှဲမှားစွာဖြင့်အမောက်ထောင်တက်လာပါက ချက်ချင်းတုန့်ပြန်ဖြေရှင်းရမည်။ ဘုရားသခင်၏ကျေးဇူးတော်ဖြင့်ကျွန်ုပ်တို့၏အမှားအယွင်းများအားလုံးကိုကုသပေးနိုင်သည်။ စစ်ထုတ်သိ ရှိနိုင်သည်။ ဘုရားသခင်အားနားလည်မှုမဲ့သောကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့အထဲ၌မြှုပ်နေသောအကြမ်းဖက်လိုသည့်ညဉ်ဆိုးကြောင့် ကျွန်ုပ်တို့ကိုကိုအထက်ကဆိုခဲ့သည့်အခြေအနေမှရုန်းမထွက်နိုင်ဖြစ်နေသည်။ ဘုရားမပါ၊ သူ၏ကျေးဇူးတော်မပါလျှင်ကျွန်ုပ်တို့၏အပြစ်ကြောင့်ရလိုက်သောအနာတရများပျောက်ကင်းနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ကျေးဇူးတော်သည် ကျွန်ုပ်တို့ပြောင်းလဲခြင်း၏ဇစ် မြစ်ဖြစ်သည်။ ကျွန်ုပ်တို့၏ကိုယ်စွမ်းကိုယ်စဖြင့်မဖြစ်နိုင်ပေ။ ပူးပေါင်းမှသာဖြစ်နိုင်သည်။

ရဟန်းမင်းကြီးသည် အစုအဖွဲ့နှင့်သာသနာတော်ကြီး၏ပြောင်းလဲခြင်းဗီဇသဘောကိုရှင်းပြပြီး ခရစ်ယာန်ဂိုဏ်းအသီးသီးအား အတူတကွရှိရန်၊ ဖွင့်ရန်၊ သဘောထားအမြင်များပြောင်းလဲရန်တိုက်တွန်းခဲ့သည်။ ကမ္ဘာတစ်၀ှမ်းလုံးရှိဘာသာတူများသည် သန့်ရှင်းသော၀ိညာဉ်တော်၌ တစ်ဦးနှင့်တစ်ဦးစုစည်းကြရမည်။ စိန့်ဂျွန်ခရစ္စတိုစတွမ်က ‘ရောမ၌နေထိုင်ကြသောဘာသာတူများသည် အိန္ဒိယမှဘာသာတူများကိုသိကြသည်။ (ယေဇူသခင်၏) ခန္ဓာကိုယ်တစ်ခုတည်း၏အစိတ်အပိုင်းများဖြစ်ကြသည်ကိုကောင်းစွာသိသည်။

ရဟန်းမင်းကြီးက ဤဆုတောင်းပွဲသို့တက်ရောက်လာကြသူများအားကျေးဇူးတင်ကြောင်း၊ ကက် သလစ်သာသနာ၏ ဆီနော့ဒဲယ် (အတူတကွလျှောက်လှမ်းခြင်း) ခရီးစဉ်ကိုလည်းစိတ်၀င်စားကြောင်းပြောကြားလာသည် ခရစ်ယာန်များစွာတို့အားလည်းကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။ ဤသို့ထုတ်ဖော်ပြောဆိုလာခြင်းသည် ရဟန်းမင်းကြီး၏မျှော်လင့်ချက်ပင်ဖြစ်သည်။ သို့မှသာခရစ်ယာန်များစု ပေါင်းခြင်းကိုပိုမိုပုံဖော်နိုင်မည်ဖြစ်သည်။ ခရစ်ယာန်များပြည့်၀စွာစည်းလုံခြင်းကိုပိုင်ဆိုင်နိုင်ရန် ယေဇူးသခင်ချမှတ်ပေးထားခဲ့သောလမ်းကြောင်းအတိုင်း အတူတကွလက်တွဲလုပ်ဆောင်ရန်မိန့်ကြားတိုက်တွန်း ခဲ့သည်။ -

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်

https://bit.ly/40Ur7QV

Add new comment

1 + 13 =