မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်များ ခရစ္စမတ်တေးသီချင်း ရေးသားသီဆိုပြိုင်ပွဲ

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်များ ခရစ္စမတ်တေးသီချင်း ရေးသားသီဆိုပြိုင်ပွဲ

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်များ ခရစ္စမတ်တေး သီချင်း ရေးသား သီဆိုပြိုင်ပွဲကို
၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၆-၂၈)ထိ စိန်ဂျွန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြိုင်ပွဲသို့ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအသီးသီးမှ လူငယ်ကိုယ်စားပြုများ လာရောက်
ယှဉ်ခဲ့ရာ သီချင်း(၁၅)ပုဒ်ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပါသည်။၂၇ ရက်နေ့ညတွင် သီချင်း(၁၅)ပုဒ်ထဲမှ (၇)ပုဒ်ကို
စကာတင်ရွေးချယ်ခဲ့ပြီး (၂၈) ရက်နေ့ညတွင် ထို (၇) ပုဒ်ထဲမှ ပထမ ၊ဒုတိယ၊ တတိယ၊ နှင့် နှစ်သိမ့်ဆုများ ရွေးချယ်ရန် ထပ်မံယှဉ်ပြိုင်ခဲ့ရာ
ချမ်းသာကုန်းသာသနာအုပ်စုမှ မောင်ဟိန်းသူက အမှတ်ပေါင်း (၂၅၀) မှတ်ဖြင့် ပထမဆု ၊
မုံရွာသာသနာအုပ်စုမှ မနဒီမောင်မောင်ဌေးက အမှတ်ပေါင်း ( ၂၄၄) မှတ်ဖြင့် ဒုတိယဆု ၊
စိန်ဂျွန်းသာသနာအုပ်စုမှ မမြတ်နိုးသွယ်က အမှတ်ပေါင်း ( ၂၄၃) မှတ်ဖြင့် တတိယဆု၊
စိန်ဂျိုးဇက်လဖုန်းသာသနာအုပ်စုမှ မဆိုင်းနူးပန်က အမှတ်ပေါင်း ( ၂၄၂) မှတ်ဖြင့် နှစ်သိမ့်ဆု ပထမ ၊
သဲဖြူသာသနာအုပ်စုမှ မောင်ဆလိုင်းဆို်င်မွန်က အမှတ်ပေါင်း ( ၂၄၂) မှတ်ဖြင့် နှစ်သိမ့်ဆု ပထမ ၊
စိန်ဂျွန်းသာသနာအုပ်စုမှ မောင်သော်ဇင်မြင့်က အမှတ်ပေါင်း ( ၂၃၁)မှတ်ဖြင့် နှစ်သိမ့်ဆု ဒုတိယ ၊
မေဂွန်သာသနာအုပ်စုမှ မောင်ဂျွန်က အမှတ်ပေါင်း(၂၃၁) မှတ်ဖြင့် နှစ်သိမ့်ဆု ဒုတိယ အသီးသီးရရှိခဲ့ကြပါသည်။
အမှတ်ပေးဒိုင်လူကြီးများအဖြစ် Fr.Richard Hla Min Oo , SM Studio မှ ကိုစိုးမိုး ၊ တေးရေးတေးဆို ကိုခေးကို တို့မှ
အမှတ်ပေးဒိုင်လူကြီးများအဖြစ် ပြုလုပ်ပေးခဲ့ကြပါသည်။
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ဒါရိုက်တာ Fr.Augustine Tin Htun က
သီချင်းဆိုပြိုင်ပွဲဲဲဲပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ လူငယ်များ ဖြူစင်တဲ့ဝါသနာအားဖြင့် ဘဝမှာလျှောက်
လှမ်းစေလို့တဲ့ရည်ရွယ်ချက်ကြောင့်နှစ်စဉ်သီချင်းဆိုပြိုင်ပွဲကိုပြုလုပ်ပေးခြင်းဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။
Fr.Bosco Bo Bo မှလည်း ယခုလိုခရစ္စမတ်တေးသီချင်းရေးသားသီဆိုပြိုင်ပွဲပေးလုပ်ပေးခြင်းအားဖြင့်
လူငယ်မောင်မယ်များဟာ လူသားထုအတွက် အကျိုးပြုသော၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်သော
 သီချင်းများကို ရေးစပ်သီဆိုကြဖို့လိုအပ်ကြောင်းနှင့် သီချင်းများကို နားထောင်ကြပြီး မိမိတို့ရဲ့
နှလုံးသားများကိုလည်း ပြုပြင်ပြောင်းလဲကြဖို့လိုအပ်ခဲ့မယ်ဆိုရင်လည်း ပြုပြင်ပြောင်းလဲကြစေလို ကြောင်းကို ပြောကြားခဲ့ပါသည်။
မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ ကက်သလစ်လူငယ်ကော်မရှင်အနေဖြင့်
သီချင်းရေးသားနည်းသင်တန်းမျိုး တစ်ခါမှ ပြုလုပ်ပေးခဲ့ခြင်းမျိုးမရှိခဲ့သော်လည်း ဓမ္မတေးသီချင်း
ရေးသားသီဆိုပြိုင်ပွဲများကို ပြုလုပ်ခဲ့သည်မှာ ကိုးကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပါသည်။ယခုနှစ် (၂၀၁၈) ခုနှစ်တွင်
Fr.Bosco Bo Bo မှ ဦးဆောင်ပြီး လူငယ်များအား ဂစ်တာတီးသင်တန်းကို ပို့ချပေးနေပြီး နောင်တွင်
တေးသီချင်း ရေးသားစပ်ဆိုနည်းများကိုလည်း သင်ကြားပေးရန် အစီအစဉ်ရှိကြောင်းကို
လူငယ်ဒါရိုက်တာ Fr.Augustine Tin Htun က ပြောပြခဲ့ပါသည်။ မန္တလေးကက်သလစ်ဂိုဏ်းချုပ်
သာသနာလုံးဆိုင်ရာ လူငယ်များ ဓမ္မတေးသီချင်းရေးသားစပ်ဆိုပြိုင်ပွဲများပြုလုပ်ရင်း လက်ရှိတွင်
အနုပညာလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီဖြစ်သော လူငယ်အချို့လည်းရှိနေပြီဖြစ်ပါတယ်။
ယခင်နှစ်ပြိုင်ပွဲမှစကာတင်ရွေးချယ်ခံရသော တေးသီချင်းများနှင့် ၂၀၁၇ ခုနှစ် ပြိုင်ပြိုင်မှ
 ရွေးချယ်ခံခဲ့ရသော သီချင်းများကို စုစည်း၍ တေးသီချင်းခွေကို ၂၀၁၈ ခုနှစ် ခရစ္စမတ်အမှီ
 ထုတ်လုပ်ဖြန့်ချီရောင်းချသွားမည်ဟုလည်းသိရိိှရပါသည်။

Add new comment

7 + 13 =