မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ မေတ္တာပို့ဆုတောင်း လျက် ဘာသာတရားများအတူတကွ ခရစ္စမတ်ပွဲတော်ကိုကျင်းပခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာ

ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ မေတ္တာပို့ဆုတောင်း လျက် ဘာသာတရားများအတူတကွ ခရစ္စမတ်ပွဲတော်ကိုကျင်းပခြင်း။

 

ဒီဇင်ဘာလ ၊ ၁၈၊ ၂၀၂၃၊ မန္တလေးမြို့။

 

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ကယ်သီဒြယ် ဘုရားကျေားင်းတွင် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ မေတ္တာပို့ဆုတောင်း လျက် ဘာသာတရားများအတူတကွ ခရစ္စမတ်ပွဲတော်ကိုကျင်းပြခြင်း။ ဒီဇင်ဘာလ ၊ ၁၈၊ ၂၀၂၃၊ မန္တလေးမြို့။

မန္တလေး ကက်သလစ် ဆရာတော်ကြီးမှ ကြိုဆိုနှုတ်ခွန်ဆက်စကားပြောဆိုရာမှာ

“ခုလိုဘာသာတရား အသီးသီးမှ ကြွလာကြသော ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မမိတ်ဆွေ ဆရာ/ဆရာမများ အားလုံးကို ကျွန်တော်တို့ ကက်သလစ်သသနာအနေနဲ့ အထူးပင်ဝမ်း‌မြောက် ပါ ကြောင်း ဉီးစွာပြောလိုပါတယ်။ ကျွန်ုပ်တို့ ခရစ်ယာန်များဟာ ဒီဇင်ဘာလမှာ ခရစ်တော် ဘုရားမွေးဖွားလာတဲ့ခရစ္စမတ်ပွဲကိုကျင်းပကြပါတယ်။ အထူးသဖြင့် မန္တလေးမြို့ပေါ်မှာရှိနေကြတဲ့ ဘာသာတရားအသီးသီးက ဓမ္မမိတ်ဆွေတွေအားလုံး စုစည်းပြီး မြန်မာပြည်အ တွက် သော်လည်ကောင်း၊ ကမ္ဘာတစ်ဝှမ်းအတွက်သော်လည်းကောင်း ကျွန်ုပ်တို့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်ကြပြီး လောကကြီးကို ငြိမ်းချမ်းခြင်းတရားတွေကို သာသနာပြုနိုင်ကြဖို့ ရည်စူးပြီး ဒီလို ခရစ္စမတ်မရောက်ခင်မှာ စုစည်းကြခြင်း ဖြစ်ပါတယ်။

 

သို့သော်၂၀၂၀ ခုနှစ်ကနေ ယနေ့ထိ ကပ်ရောဂါ အခြေအနေကြောင့် မတွေ့ဆုံနိုင်တာ လေးနှစ်ကြာခဲ့ပါပြီ ။ဒါကြောင့် ဒီနှစ်မှာတော့ ဘာသာပေါင်းစုံမှ အမျိုးသမီးများ၏ ကိုးကွယ်ခြင်း၊ဘာသာတရားအချင်းချင်းနှီးနှောဖလှယ်ခြင်း အဖွဲ့အစည်းကနေမှ ဒီနေ့ပြန်လည်စတင်ခြင်းဖြစ်ပါတယ်။ ဒီလိုဆုံစည်းတွေ့ဆုံရခြင်းအာဖြင့် ပထမဉီးစွာ ကိုးကွယ်မှု ဘာသာတရားများက မိမိတို့၏ ယုံကြည် ရာဘာသာတရားက သင်ကြားတဲ့ချစ်ချင်းမေတ္တာတရားတွေကို ရင်ဝယ်မှာ အမြဲတမ်းထွေးပိုက်လျက် လောကမှာအသက်ရှင်ကြဖို့သင်ကြားသကဲ့သို့ ကျွန်ုပ်တို့ အားလုံးကလည်းပဲ ဒီမေတ္တာတရားလေးကို လမ်းခင်းပြီးတော့ ခရီးသွားဓမ္မမိတ်ဆွေများပီပီ အချင်းချင်းရင်းနှီးစွာ ဒီလိုဆုံတွေ့လာရခြင်း ဖြစ်တယ်ဆိုတဲ့သ‌င်္ကေတ ဒီနေ့ရောက်ရှိလာရခြင်းဖြစ်တယ်။

 

ဒါကြောင့် ခုလိုအတူတကွဆုံစည်းရတဲ့အခါမှာ ကိုယ်ယုံကြည်တဲ့ဘာသာတရားက သင်ကြားတဲ့ ကျမ်းချက်၊ ကိုယ်ကိုးကွယ်ရာဘုရားတရား၊ ကိုယ်မြတ်နိုးရာ ပုဂ္ဂိုလ်သူတော်မြတ်များကို ရည်စူးပြီး မြန်မာပြည်ကြီးတွက် သော်လည်းကောင်း ၊ ကမ္ဘာကြီးတွက်သော်လည်းကောင်း ငြိမ်းချမ်းကြပါ စေ ကြောင်း ရည်ရွယ်ပြီး ဒီနေ့ဘာသာတရား အသီးသီးကနေ ဆုတောင်းကြမှာဖြစ်ပါတယ်။ ယုံကြည် ရာ ဘာသာမတူလည်း စိတ်အားဖြင့် အတူတူပါဝင်လာကြတယ်။ ဒါကြောင့်ခုလိုကြွလာရောက်ရှိလာကြတဲ့ ဓမ္မမိတ်ဆွေအယောက်စီတိုင်းကိုလည်း အထူး ကျေးဇူးတင် ပါတယ်။” ဟု ဆရာတော်ကြီးမှပြောကြားခဲ့ပါသည်။

 

ထို့နောက်ဘာသာတရားအသီးသီးမှာချစ်ခြင်းမေတ္တာနှင့် မိတ်ဆွေစစ်စိတ်ဓာတ်များဖြင့် ငြိမ်းချမ်းရေးအတွက် အတူတကွမေတ္တာပို့ဆုတောင်းကြရာမှာ မိမိတို့ဘာသာတရားအတိုင်း သီကျူးပူဇော်ပြီး မေတ္တာပို့ဆုတောင်းကြပါသည်။ ပူဇော်ပြီးတိုင်း အဆုံးမှာဆွဲလှဲလေး တီးခတ်ပေးပြီး တိုင်းနိုင်ငံ လူမျိုးအပေါင်းတို့ ငြိမ်းချမ်းဖို့အတွက် အတူတကွ ဆိတ်ငြိမ်စွာ မေတ္တာပို့ဆိုတောင်းကြပါသည်။

 

#rvamyanmar # #rvapastoralcare #Photonews

 

 

Add new comment

4 + 0 =