မတ်လ (၂၅) ရက်နေ့သည် ငြိမ်းချမ်းရေးမယ်တော်ထံအသစ်တဖန်ပြန်လည်အပ်နှံရမည့်နေ့ဟုပုပ်ဖရန်စစ်ဆို

မတ်လ (၂၅) ရက်နေ့သည် ငြိမ်းချမ်းရေးမယ်တော်ထံအသစ်တဖန်ပြန်လည်အပ်နှံရမည့်နေ့ဟုပုပ်ဖရန်စစ်ဆို

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည် နှစ်စဉ် မတ်လ (၂၅) ရက်နေ့၌ ‘ငြိမ်းချမ်းရေးမယ်တော်’ ထံအသစ်တဖန်ပြန်လည်အပ်နှံရန်တိုက်တွန်းလေ့ရှိသည်။ ယမန်နှစ်ကလည်း မတ်လ (၂၅) ရက်နေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် ရုရှားနှင့်ယူကရိန်းနိုင်ငံများအား အမိမယ်တော်၏ အလွန်စင်ကြယ်တော်မူသောနှလုံးတော်ထံအပ်နှံပူဇော်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ယခုတစ်ပတ်ဗုဒ္ဓဟူးနေ့ (မတ် ၂၂၊ ၂၀၂၃) စိန့်ပီတာရင်ပြင်၌စုရုံး ရောက်ရှိနေသောဘုရားဖူးများအား နှစ်စဉ် (မတ်လ ၂၅) ရက်နေ့၌ အမိမယ်တော်၏အလွန်စင်ကြယ်သောနှလုံးတော်ထံ ကမ္ဘာကြီးအားပြန်လည်အပ်နှံပူဇော်ခြင်းကိုပြုလုပ်ရန်တိုက်တွန်းခဲ့သည်။

ရဟန်းမင်း ကြီသည် ယမန်နှစ် ရုရှားမှယူကရိန်းအားကျူးကျော်စစ်ဆင်နွှဲပြီး တစ်လခန့်အကြာ၌ကမ္ဘာကြီးငြိမ်းချမ်းရေးရရှိရန်အမိမယ်တော်၏အလွန်စင်ကြယ်သောနှလုံးတော်ထံအပ်နှံပူဇော်ခဲ့သည့်နည်းတူ ကမ္ဘာပေါ်ရှိဆရာတော်ကြီးများအားလည်းသူ၏ရည်ရွယ်ချက်အတွက်ဆုတောင်းပေးရန်ပန်ကြားခဲ့သည်။

ယခု မတ်လ (၂၅) ရက်နေ့သည်လည်း ‘ဘုရားသခင်၏သိကြားတမန်တော်ကအမိမယ်တော်အားအမိန့်တော်ပြန်ခြင်း’ ပွဲကိုလည်းကျင်းပသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိကက်သလစ်ဆရာတော်ကြီးများအားလုံးနှင့်ပူးပေါင်း၍ကမ္ဘာ့ငြိမ်းချမ်းရေး၊ အထူးသဖြင့်ရုရှားနှင့်ယူကရိန်အား အလွန်စင်ကြယ်သောမယ်တော်၏နှလုံတော်ထံထပ်မံအပ်နှံပူဇော်ခြင်းကိုပြုလုပ်မည်ဖြစ်ပါသည်။

ရဟန်းမင်းကြီးဖရန်စစ်က ‘ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးသခင်မထံသို့ ငြိမ်းချမ်းရေးအတွက်အပ်နှံပူဇော်ရန်လက်ပန်းမကျပါနှင့်။ ထို့ကြောင့်ဘာသာတူအားလုံးနှင့်အဖွဲ့အစည်းများအားလုံး အထူးသဖြင့်ဆု တောင်းခြင်းကိုစိတ်အားထက်သန်စွာပြုနေကြသောအဖွဲ့အစည်းများအားပန်ကြားလိုသည်မှာ နှစ်စဉ် မတ်လ (၂၅) ရက်နေ့၌ စည်းလုံးခြင်းနှင့်ငြိမ်းချမ်းခြင်းအတွက် အမိမယ်တော်ထံအပ်နှံပူဇော်ကြရန်ဖြစ်ပါ သည်။ ထို့အတူ နာကြင်ခက်ခဲစွာရုန်းကန်ဖြတ်သန်းနေရသော ယူကရိန်းနိုင်ငံ၏ပြဿနာကိုလည်းမျက်ကွယ်မပြုဘဲအထူးသတိရဆုတောင်းပေးကြရန်ပါစို့’ ဟုတိုက်တွန်းထားပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3KabCO8

Add new comment

6 + 11 =