မကြာမီ ဗာတီကန်သံရုံးကို ဗီယက်နမ်နိုင်ငံ၌ဖွင့်လှစ်တော့မည်ဟုဆို

မကြာမီ ဗာတီကန်သံရုံးကို ဗီယက်နမ်နိုင်ငံ၌ဖွင့်လှစ်တော့မည်ဟုဆို

မကြာမီ ဗာတီကန်သံရုံးကို ဗီယက်နမ်နိုင်ငံ၌ဖွင့်လှစ်တော့မည်ဟုဆို

 

          ဗာတီကန်၏ သတင်းပြန်ကြားရေးဌာနက ဗာတီကန်အနေဖြင့် ဗီယက်နမ်နိုင်ငံ၊ Hanoi တွင် သံရုံးကိုများမကြာမီ အတည်ဖွင့်လှစ်နိုင်တော့မည်ဟုပြောကြားခဲ့သည်။ ဗာတိကန်နှင့်ဗီယက်နမ်နှစ်နိုင်ငံ ကြားတွေ့ဆုံပြီး၊ ပူးပေါင်းလုပ်‌ ဆောင်မှုများကို ဧပြီလ (၂၁၊ ၂၀၂၂) ရက်နေ့ကတွေ့ဆုံဆွေးနွေး ညှိနှိုင်း ခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှု၌ ဗာတီကန်၏ကိုယ် စားလှယ်အဖြစ် မွန်ဆီညှော် Miroslaw Wachowski နှင့်ဗီယက်နမ်အစိုးရ၏ကိုယ်စားလှယ်အဖြစ် ဒုတိယနိုင်ငံ ခြားရေး၀န်ကြီး Ha Kim Ngoc တို့တက် ရောက်ခဲ့ကြသည်။

          အဆိုပါတွေ့ဆုံမှု၌ နှစ်ပြည်ထောင်ကြားနိုင်ငံရေး ကိစ္စများနှင့် ဗီယက်နမ်နိုင်ငံရှိ ကက်သလစ် သာသနာတော်ကြီးအ ကြောင်းတို့ကို ထဲထဲ၀င်၀င်ဆွေးနွေးခဲ့ကြသည်။ နှစ်ပြည်ထောင်လုံးသည် အကျိုးရှိသောတွေ့ဆုံဆွေးနွေးမှုရှိစေရန်နှင့်အ ချင်းချင်းယုံကြည်မှုရှိရန်လုပ် ဆောင်သွားမည် ဖြစ် ကြောင်း၊ ယခင်က ဗာတီကန်သံအမတ်သည် နိုင်ငံအတွင်း၌ နေထိုင်ခြင်း မရှိခဲ့ရာမှ ယခုအခါ ဗီယက်နမ်နိုင်ငံအတွင်း ဗာတီကန်သံအမတ်အမြဲနေထိုင်ခွင့်အကြောင်းများကို သဘောတူညီမှုရရှိခဲ့ကြ သည်။ လက်ရှိ၌ စင်ကာပူမှ ရဟန်းမင်းကြီး၏ကိုယ်စားလှယ် Marek Zalewski က ဗီယက်နမ်နိုင်ငံ၏ ဗာတီကန် ကိုယ်စားလှယ်အဖြစ် ပူးတွဲထမ်းဆောင်နေရသည်။ ဤအကြောင်းအရာသည် စားပွဲပေါ်၌ သဘောတူညီမှုရှိခဲ့သည်မှာကြာခဲ့ ပြီဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံ၏မြို့တော် Hanoi ၌ သံရုံးကိုလည်း ဖွင့်လှစ်ထားခဲ့သည်။

          နှစ်ပြည်ထောင်လုံးအနေဖြင့် သံခင်းတမန်ခင်းဆိုင်ရာ ကျင့်၀တ်များနှင့် ဆွေးနွေးချက်များ မှထွက်ပေါ်လာသော အသီးအပွင့်များကိုလည်း‌ လေးစားလိုက်နာကြရန်၊ နှစ်ဦးနှစ်ဖက်ယုံကြည်မှု၊ ဆက်ဆံရေး ခိုင်မာအောင်တည်ဆောက်မှု၊ ဘုံအကျိုးအတွက် ပူးပေါင်းလုပ်ဆောင်မှုနှင့် ဗီယက်နမ်နိုင်ငံ အတွင်းရှိ ကက်သလစ်သာသနာတော်ကြီး၏အကျိုးအတွက် ကိုလည်းလုပ်ဆောင်ရန် သဘောတူခဲ့ကြ သည်။ ဤတွေ့ဆုံခြင်းသည် လှိုက်လှဲနွေးထွေးစွာရှိခဲ့သည်။

          ဗာတီကန်အနေဖြင့် ဗီယက်နမ်နိုင်ငံအတွင်း ရှင်သန်ကြီးထွားမှုအားကောင်းနေသော ကက်သလစ်သာသနာတော် ကြီးအား စောင့်ရှောက်ပေးရန် အလွန်စိတ်အားထက်သန်နေကြောင်းနှင့် ဘာသာတူများအားလည်း အားပေးအားမြောက်ပြုလိုကြောင်း၊ နိုင်ငံကိုလည်း ဖွံ့ဖြိုးတိုးတက်မှုရှိစေ လိုကြောင်း၊ ကိုးဗစ် (၁၉) ကာလ၌ ဗီယက်နမ်ကက်သလစ်သာသနာ တော်ကြီးသည် တတ်နိုင်သည့် ငွေကြေးအကူအညီများအပြင် လုပ်အားများပေးကာကူညီခဲ့သည့်အကြောင်း ကြေညာချက် ထဲ၌ဖော်ပြထားသည်။ 

          အတိတ်က ဗီယက်နမ်နိုင်ငံ၌ ဗာတီကန်ကိုယ်စားလှယ်ရှိခဲ့ရမှ (၁၉၇၆) ခုနှစ် ဗီယက်နမ် တောင်ပိုင်းကို ကွန်မြူနစ် များအာဏာရလာသောအခါ ဗာတီကန်ကိုယ်စားလှယ်သည် နိုင်ငံမှ ထွက်ခွာလာခဲ့ရသည်။ ထိုအဖြစ်အပျက်ဖြစ်ပွားပြီးသည့် နောက်ပိုင်း၌ နှစ်ပြည်ထောင်သည် သံခင်းတမန်ခင်းပြတ်တောက်သွားခဲ့တော့သည်။      

          ရဟန်းမင်းကြီးဘေနက်ဒစ် (၁၆) မှသာသနာကိုဦးဆောင်နေစဉ်ကာလဖြစ်သော (၂၀၁၁) ခုနှစ်၌ မွန်ဆီညှော် Leopoldo Girelli အား နိုင် ငံအတွင်းမနေထိုင်ဘဲ အရေးကိစ္မများရှိမှသာ ကူးလူးသွားလာရန် ဗာတီကန်သံအမတ် အဖြစ်ခန့်အပ်ထားခဲ့သည်။

          ဗီယက်နမ်နိုင်ငံသည် လူဦးရေ (၉၆) သန်းရှိသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်၊ အရှေ့တောင် အာရှနှင့်လည်းနယ် နိမိတ်ခြင်းထိစပ်နေသောနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးအား ကောင်းဦးမော့လာနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း၌ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး၊ ကက်သလစ်ဘာသာ၀င်ဦးရေ (၇) သန်းရှိပြီး၊ နိုင်ငံ့လူဦဂရေ၏ (၇) ရာခိုင်နှုန်းရှိသည်။ နိုင်ငံအ တွင်း၌ ဂိုဏ်းချုပ်သာသနာ (၃) ခု၊ ဂိုဏ်းအုပ်သာသနာ (၂၄) ခုရှိသည်။ သာသနာအုပ်စုငယ်ပေါင်း (၃၀၇၃) ခုရှိ ပြီး၊ ဘုန်းတော်ကြီးများမှာ အပါးရေ (၃၀၀၀) ကျော်ရှိသည်။   

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3OztJxf

Add new comment

8 + 2 =