မကျန်းမမာဖြစ်နေချိန်၌ တစ်ဦးတည်းပစ်မထားသင့်’ ဟုရဟန်းမင်းကြီးမိန့်ကြား

မကျန်းမမာဖြစ်နေချိန်၌ တစ်ဦးတည်းပစ်မထားသင့်’ ဟုရဟန်းမင်းကြီးမိန့်ကြား

ကမ္ဘာ့မကျန်းမမာသူများနေ့’ အကြို၌ ပုပ်ရဟန်းမင်းကြီးက ‘မကျန်းမမာဖြစ်နေချိန်၌ တစ်ဦးတည်းပစ်မထားသင့်ကြောင်း’ သူ၏သ၀ဏ်လွှာ၌မိန့်ကြားထားသည်။

ကမ္ဘာ့မကျန်းမမာသူများနေ့ကို လာမည့်ဖေဖော်၀ါရီလ (၁၁) ရက်နေ့၌ကျင်းပမည်ဖြစ်သည်။ ယခုနှစ်၏ဆင်ခြင်ရန်ခေါင်းစဉ်မှာ ‘Take care of him’ (စောင့်ရှောက်ပါ) ဟုဖြစ်သည်။ သ၀ဏ်လွှာထဲ၌ ရဟန်းမင်း ကြီးက နေထိုင်မကောင်းဖြစ်ခြင်းသည် လူတို့ တွေ့ကြုံဖြတ်သန်းရမည့်အခြေအနေတစ်ခုဖြစ်သည်။ ထို့ကြောင့် နေထိုင်မကောင်းဖြစ်ချိန်၌ တစ်ဦးတည်း ပစ်မထား
ကြရန်ကိုလည်းသတိပေးထားသည်။

နေထိုင်မကောင်းဖြစ်လာသောအခါ တစ်ဦးတည်းနေပြီးစိတ်ပျက်သွားသည့်အခြေ အနေသို့ရောက်မသွားစေရ။ ကျွန်ုပ်တို့ခံစားကြုံတွေ့နေရသည်ကိုစိတ်မကောင်းခြင်းကြီးစွာဖြစ်နေခြင်းမျိုးမဖြစ်သင့်။ အကျိုးမဲ့စေသောအတွေးအခေါ်များ၊ မရေရာသောအတွေးများဖြင့်စိုးရိမ်စိတ်၀င်နေခြင်း၊ အရာရာသည်မှားယွင်းနေပြီး မည်သည့်အရာမျှဖြစ်သင့်သကဲ့သို့ဖြစ်မလာခြင်းစသောအတွေးများဖြစ်ပေါ်မလာစေရ။ နေထိုင်မကောင်းဖြစ်နေချိန်၌ သာသနာတော်ကြီးသည် ဆေးရုံသဖွယ်ဖြစ်လာသည်။ စောင့်ရှောက်ပေးရသည်ဟုဆိုသည်။

ဤ (၃၁) ကြိမ်မြောက် ‘ကမ္ဘာ့မကျန်းမမာသူများနေ့’ သ၀ဏ်လွှာ၌ ရဟန်းမင်းကြီးအနေဖြင့် သာသနာတော်ကြီးတစ်ခုလုံးကို ‘synodal’ (အတူတကွလျှောက်လှမ်းသည့်သာသနာတော်ကြီး) ခရီးနင်ကြရန်၊ နာကြင်ခံစားရချိန်၌ အဘယ်သူမျှတစ်ဦးတည်းမခံစားစေရန်တိုက်တွန်းထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Dq9hev

Add new comment

17 + 1 =