Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဘုန်းတော်ကြီး ပီတာမောင်ရွှေ၏ သက်တော် (၇၄ )ပြည့်မွေးနေ့ နှင့် ရဟန်းဝါတော် (၄၅) နှစ်ပြည့်ဂျူဗလီပွဲကျင်းပခြင်း။
ဘုန်းတော်ကြီး ပီတာမောင်ရွှေ၏ သက်တော် (၇၄ )ပြည့်မွေးနေ့ နှင့် ရဟန်းဝါတော် (၄၅) နှစ်ပြည့်ဂျူဗလီပွဲကျင်းပခြင်း။
ဘုန်းတော်ကြီး ပီတာမောင်ရွှေ၏ သက်တော် (၇၄)နှစ်ပြည့်မွေးနေ့နှင့် ရဟန်းဝါတော် (၄၅) နှစ်ပြည့် ဂျူဗလီ ပွဲတော်အား ဖေဖော်ဝါရီလ (၂၂) ရက်နေ့က မုံလှရွာ၊ စိန်မိုက်ကယ်ဘုရားကျောင်း၌ ဂျူဗလီမစ္ဆားတရားတော်မြတ်ပြုလုပ်ကျင်းပခဲ့ပါသည်။
ဂျူဗလီပွဲတော်သို့ ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်း၊ ရပ်နီးရပ်ဝေးမှ ဘုန်းတော်ကြီးများ၊သီလရှင်များ၊ကိုရင်ကြီးများ၊ မိဘဆွေမျိုးများနှင့်ဓမ္မမိတ်ဆွေများပါဝင်တက်ရောက်ခဲ့ကြပါသည်။
မစ္ဆားတရားတော်မြတ်အား ဂျူဗလီရှင် ဘုန်းတော်ကြီး ပီတာမောင်ရွှေမှ ဦးဆောင်ပူဇော်ခဲ့ပြီး သြဝါတရားရေအေးကိုလည်း တို်က်ကျွေးခဲ့ပါသည်။
Fr.ပီတာမောင်ရွှေအား( အဖ ဦးဖရန်စစ် နှင့် အမိဒေါ်မြိုင်) တို့မှ (၁၉၄၆) ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မုံလှရွာ၌ ဖွားမြင်ခဲ့ပါသည်။
ဘုန်းဘုန်းသည် ၁၉၇၅ ခုနှစ် ၊ ဧပြီလ (၁၈) ရက်နေ့တွင် မန္တလေးရွှေနှလုံးတော်ကက်သီဒြယ်၌ ဆရာတော်ကြီး အလွိုက်ရှပ် ဦးဘခင် လက်တော်မှ ရဟန်းသိက္ခာကိုရရှိခဲ့ပါသည်။
ရဟန်းသိက္ခာခံယူပြီးနောက် ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့နယ်ရှိ ရိုရွာသို့ သွားရောက်၍ သာသနာပြုခဲ့ပါသည်။ထိုအချိန်က ခရစ်ယာန်ဘာသာဝင် တစ်ယောက်မှ မရှိသေးသော်လည်း (၁၄) နှစ်တိတိ သာသနာပြုခဲ့ရာ လူပေါင်း ( ၈၀၀)ခန့် ဆေးကြောခြင်းပေးနိုင်ခဲ့ပြီး ရွာငယ် (၃၂) ရွာကို ကြည့်ရှုခဲ့ရတယ်လို့လည်းသိရှိရပါသည်။ရိုကျေးရွာ ဘုရားကျောင်း၊ ဆေးရုံ နှင့် ရဲစခန်းတို့ကိုလည်း လျှပ်စစ်မီးရရှိအောင်လည်း လုပ်ဆောင်ပေးနိုင်ခဲ့သည်။ဘုန်းဘုန်းသည် ချင်းတောင် ရိုရွာအတွက် ပထမဦးဆုံး လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်သည်။ကလေးများအတွက် ဘော်ဒါကျောင်းကိုလည်း ဖွင့်ပေးနိုင်ခဲ့သည်။ ဘုန်းဘုန်းသည် ချင်းပြည်နယ် မင်းတပ်တွင် သာသနာပြုတာဝန်ကျစဉ်က အခက်အခဲမျိုးစုံ ကိုကျော်ဖြတ်ပြီးဘုရားသခင်အတွက်သာသနာအမှုတော်ကိုသက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါသည်။
ဘုန်းဘုန်းသည် (၁၉၈၉) ခုနှစ်၊ မေလ(၁) ရက်နေ့မှ စ၍ ရွာတော်ရွာ ကျောင်းထိုင်အဖြစ် တာဝန်ကျစဉ်လည်း ရွာတော်ရွာ တိုးတက်ဖွွံ့ဖြိုးရေးအတွက် အဘက်ဘက်မှ ကြိုးစားလုပ်ဆောင်ပေးခဲ့ရာ ရွာလမ်မကြီးအပါအဝင် ၊ကျေးရွာရေတွင်းများ၊ လျှပ်စစ်မီးရရှိအောင်နှင့်ဘုရားကျောင်းဆောင်သစ်ကိုလည်း ဆောက်လုပ်ပေးနိုင်ခဲ့သည်။
အဲ့ဒီနောက်(၂၀၀၂-၂၀၁၀) ထိ ပြင်ဦးလွင်မြို့ အပြစ်မဲ့သန္ဓေယူတော်မူသော သခင်မ ဘုရားကျောင်း၊(၂၀၁၀-၂၀၁၃)ထိ မုံလှ စိန်မိုက်ကယ် ဘုရားကျောင်း၊ (၂၀၁၃-၂၀၁၈)ထိ စစ်ကိုင်း
ခရစ်ယာန်တို့အားမှိုင်းမတော်မူသောသခင်မ
ဘုရားကျောင်း၊ (၂၀၁၈၊ အောက်တိုဘာ) လမှစ၍ ယခုချိန်ထိ ပြင်ဦးလွင်မြို့ ရွှေနှလုံးတော်ကျောင်းတွင် ကျောင်းထိုင်ဘုန်း ကြီးအဖြစ် သာသနာ့အမှုတော်မြတ်ကို ထမ်းဆောင်လျှက်ရှိပါသည်။
News and Photo by - Pinky
 
         
      
      
Add new comment