ဘုန်းတော်ကြီးများအတွက် ရဟန်းမင်းကြီး၏ပေးစာ ကို ဘုန်းတော်ကြီးများဖက်မှ ကြိုဆို တုန်ပြန်

ကင်ညာ ကလေးသူငယ်များ နှင့် ဘုန်းတော်ကြီး

ဘုန်းတော်ကြီးများအတွက် ရဟန်းမင်းကြီး၏ပေးစာ ကို ဘုန်းတော်ကြီးများဖက်မှ ကြိုဆို တုန်ပြန်
သြဂုတ်လ ၂၀၊ ၂၀၁၉

ကျောင်းထိုင်ဘုန်းတော်ကြီးများ၏ ကိုးစားရာ ရဟန္တာ ဂျွန် ဗီအာနီ ပျံလွန်တော်မူခြင်း ၁၆၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ သြဂုတ်လ ၄ ရက်နေက ဘုန်းတော်ကြီးများအား ဂျွန် ဗီအားနီ ကို စံနမူနာထားကြဖို့နှင့် မိမိဘဝနေစဉ်အခက်အခဲးများကို အသံမထွက်ပဲ သာသနာအတွက် လုပ်ကိုင်နေကြသော ညီကိုယ် ဘုန်းတော်ကြီးများ နှင့် ဝိညာဉ်ရေးရာ၌ အတူရှိကြောင်း ဖော်ပြသော အားပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

ချီးမွမ်းခြင်း၊ အားပေးခြင်း၊ ကျေးဇူးတင်ခြင်း နှင့် ဒုက္ခအခက်အခဲးများ အချက်လေးချက်ပေါ်မှာ ရေးသားထားခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ စာကို ဘုန်းတော်ကြီး အချို့မှ ပြန်လည်ရေးသားပေးပိုခဲ့ကြပါသည်။

ဗီယက်နန် နိုင်ငံ ဟိုချီမင်း မြို့ မှ ဘာသာရေး ဖိနှိပ်ခံရမူ အကျိုးဆက်အဖြစ် ထောင် ၁၃ နှစ်ချ ခံခဲ့ရသော၊ နှလုံး ရောဂါကြောင့် ၆ ကြိမ်ခွဲးစိတ်မူခံခဲ့ရသူ အသက် ၇၁ နှစ်အရွယ် ဘုန်းတော်ကြီး ဒေါ်မိနစ် ငို ကွမ်း သူရင် မှ ပုပ်ရဟန်းမင်းကြီးဖရန်စစ် ထုတ်ပြန်ခဲ့သော စာ ဖတ်ရသည့်အတွက် ဘုန်းတော်ကြီးများအပေါ် ပုပ်ရမင်းကြီး၏ စိတ်ထားကို သိမြင်ရပြီး သူအနေနှင့် မိတ်ဆွေရင်း တစ်ယောက်၊ ဆရာတစ်ယောက်၊ အဖေ တစ်ယောက် မှ သားများထံပေးသော စာအဖြစ်ခံစားရကြောင်း ပြန်လည်ရေးသားဖော်ပြခဲ့ပါသည်။

အိန္ဒိယ နိုင်ငံ ကာတပ် ဘူဘာနီစွာ ဂိုဏ်းချုပ်သာသနာနယ်မှ ဝါတော် ၁၉ နှစ် ဘုန်းတော်ကြီး စန်းတော့စ် ကူမာ ဒီဂဲ မှလည်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် ထုတ်ပြန်ခဲ့သော စာ ဖတ်ရသည့်အတွက် အားအင်အပြည့်အဝ ခံစားရကြောင်း၊ ပြည့်ဝသောမျှော်လင်ချက်များ တောက်ပလာကြောင်း၊ ယုံကြည်ခြင်း ခွန်အားတိုးပြီး ညီကိုတစ်ယောက်ကဲ့သို့ ချစ်ခင်မူ့ကို ခံစားရကြောင်း တုန့်ပြန်ရေးသားခဲ့ပါသည်။

ဂွာတာမာလာ မှ ဘုန်းတော်ကြီး ဂျွမ် မာဒေါ့ အာဂ်ျ လူးဝစ် မှလည်း ဘုန်းတော်ကြီး တစ်ချို့၏ ကျူးလွန်ခဲ့သော အမှားများကြောင့် အမဲစက် ကျန်နေရသော ဘုန်းတော်ကြီး အသိုင်းအဝန်းကို ယခုကဲ့သို့ အားပေး နှစ်သိမ်စာရေးသားပေးသော ပုပ်ရဟန်းမင်းကြီးကြောင့် အားပေး နှစ်သိမ့်မူ့ခံစားရကြောင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ပွင့်လင်းမြင်သာမူရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း တို့သည် ဘုန်းတော်ကြီး တို့၏ ဖြူစင်ခြင်းပါရမီ ကို တိုးတက်စေနိုင်သည် ဟူသော အချက်များ နှင့် နှလုံးသာဖွင့်လှစ်ထားပြီး ဘုရားအကူအညီနှင့်ကိုယ်ဘဝကို သုံးသပ်ခြင်းဆိုသော အချက်မှာ အသိတရားရခဲ့ကြောင်း ဖော်ပြ တုန့်ပြန်ရေးသားခဲ့ပါသည်။

ဖခင်တစ်ယောက်ရဲ့သားသမီးအပေါ်မှာထားသော စိတ်နေ စိတ်ထားကို ပေါ်လွင် ထင်ရှားစွာတွေမြင်ရကြောင်း၊ ပုပ်ရဟန်းမင်းကြီး၏ နားလည်ပေးမူ့၊ သနားကြင်နာမူ့ နှင့် အင်အားဖြည့်တင်းပေးမူ့များ သိသာစွာခံစားရကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အကူအညီ နှင့် ပွင်လင်းမြင်သာစွာ ရှင်သန် နိုင်ကြောင်း၊ ကျေးဇူးတော်ခံစားရာ အချိန်ကာလများ ဖြစ်ကြောင်း၊ အီတလီ နိုင်ငံ သား ဘုန်းတော်ကြီးများ ဖြစ်သည့် တာဇီရာနို ကန်တီစာနီ၊ ဖာဗရီရားနို နှင့် စီမောနေ တို့မှ တုန့်ပြန်ရေးသားခဲ့ကြပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2ZmqrXi

Add new comment

1 + 12 =