ဘာသာပေါင်းစုံသဟဇာတရှိစေရေးရှေ့ရှု၍ အိန္ဒိယနိုင်ငံတောင်ပိုင်း၌ မိတ်ဆုံညစာတည်ခင်းခဲ့ကြ

ဘာသာပေါင်းစုံသဟဇာတရှိစေရေးရှေ့ရှု၍ အိန္ဒိယနိုင်ငံတောင်ပိုင်း၌ မိတ်ဆုံညစာတည်ခင်းခဲ့ကြ

ဘာသာပေါင်းစုံသဟဇာတရှိစေရေးရှေ့ရှု၍ အိန္ဒိယနိုင်ငံတောင်ပိုင်း၌ မိတ်ဆုံညစာတည်ခင်းခဲ့ကြ

ဘာသာပေါင်းစုံအတူယှဉ်တွဲနေထိုင်နိုင်ရေးကိုရှေ့ရှု၍ အစာရှောင်ခြင်းကို ဧပြီလ (၁၉၊ ၂၀၂၂) Henry Martyn ၌ကျင်းပခဲ့သည်။ ဤအစီအစဉ်၌ အီစ္စလာမ်အဖွဲ့အစည်းမှကျောင်းသားများ၊ Telangana၊ အိန္ဒိယတောင် ပိုင်းမှလည်းပါ၀င်ခဲ့ကြသည်။ ကိုရမ်ကျမ်းကိုရွတ်ဖတ်ပူဇော်ခြင်းအစီအစဉ်ဖြင့်စတင်ကာ Henry Martyn အဖွဲ့အစည်း၏ဦးဆောင်သူ ဒေါက်တာ Henry Martyn ကအဖွင့်အမှာစကားပြောကြားခဲ့သည်။ အစီအစဉ်၌ မွတ်စ လင်ဘာသာ၀င်ပေါင်း (၇၀) ခန့်နှင့်မိန့်ခွန်းပြောကြားသူများမှာမူ အခြားသောဘာသာမှပုဂ္ဂိုလ်များလည်းပါသည်။ Telugu ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးဖြစ်သော ဖာသာရ် Anthaiah Kondaveeti သည် ၀ါရှောင်ခြင်းနှင့်စပ်လျင်း၍ သမ္မာကျမ်းစာ၏ရှုထောင့်မှတင်ပြခဲ့သည်။ ယခုကဲ့ သို့ ‘အတိဒု က္ခရောက်နေသောကျွန်ုပ်တို့၏ညီအစ်ကို မောင်နှမများနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းကို သက်တောင့် သက်သာဖြစ်နေသောအချိန်ထက်ပို၍ပြသခြင်းဖြစ်ကြောင်း’ ကမ္ဘာပေါ်ရှိမွတ်စလင်ညီအစ်ကိုမောင်နှမများအား ဗာတိ ကန်မှပါးလိုက်သောသတင်းစကားဖြစ်သည်။ အစာရှောင်ခြင်းဖြင့်ဘုရား သခင် နှင့်ပိုမိုနီးကပ်ရန်နှင့်ဘုရား သခင်၏စိတ် နေသဘောထားရှိရန်ဖြစ်ကြောင်း မွတ်စလင်တို့၏သတင်းနှင့်ပြန်ကြားရေး းအဖွဲ့၏ကိုယ်စားလှယ် Azhar Rizwan Kadri ကပြောကြားခဲ့သည်။ ထို့အတူ Dr. Usaid Ahmed Waseem of Osmania Medical college, Janab Tariq Muneer Sb, secretary JIH Hyderabad, Reverend Jason Kokkergadda, a pastor at Church of South India, and Goralalji, a representative from Sant Nirankari Mission တို့သည်လည်း ၀ါရှောင်ခြင်းနှင့်စပ်လျင်း၍ပြောကြားခဲ့ကြသည်။ ယခုကဲ့သို့ ဘာသာရေး အတွေးအမြင်များဖလှယ်ခြင်းသည် အလွန်ကောင်းသောအသီးအပွင့်များစွာရရှိခဲ့သည်။ ဘာသာမတူသောသူတို့၏ထုံး တမ်းစဉ်လာများကိုလည်းသိခွင့်ရခဲ့သည်။ တစ်နည်းဆိုရသော် အစာရှောင်ခြင်းသည် ကျွန်ု်ပ်တို့အား ဘုရားသခင်ထံသို့ပို မိုနီးစွာရှိနေစေရန်ဖြစ်ပါသည်။ ဤအစီအစဉ်များပြီးဆုံးပြီးနောက်မှ မိတ်ဆုံညစာစားပွဲကိုစတင်ခဲ့ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

#rvamyanmar #rvanews 

Add new comment

1 + 5 =