ဘာသာတရားများ သင့်မြတ်မှု မြှင်တင်ရန် အတွက် ဓမ္မသီချင်း ဆို (choir) ပွဲတော်ကို အင်ဒိုနီးရှားဆရာတော်ကြီးများမှ ကျင်းပမည်

ဘာသာတရားများ သင့်မြတ်မှု မြှင်တင်ရန် အတွက် ဓမ္မသီချင်း ဆို (choir) ပွဲတော်ကို အင်ဒိုနီးရှားဆရာတော်ကြီးများမှ ကျင်းပမည်

ဘာသာတရားများ သင့်မြတ်မှု မြှင်တင်ရန် အတွက် ဓမ္မသီချင်း ဆို (choir) ပွဲတော်ကို အင်ဒိုနီးရှားဆရာတော်ကြီးများမှ ကျင်းပမည်

အင်ဒိုနီးရှား ကက်သလစ် အသင်းတော်မှ ဦးစီးပြီး ဓမ္မသီချင်း (ကွိုင်ယာ)သီဆိုခြင်း ဆို ပွဲတော်ကို လာမည့် အောက်တိုဘာလတွင် ကျင်းပမည် ဖြစ်သည်။

ပွဲတော်ဖြစ်မြောက်ရေး အစည်းဝေးပွဲ ၌ ဆရာတော် Antonius Subianto Benjamin မှ ပြောကြားရာတွင် ပွဲတော်​၏ ရည်ရွယ်ချက်မှာ ဘာသာ တရားကိုင်းရှိုင်းမှုကို ခွန်အားပေးရန် ဖြစ်ကြောင်း

ပွဲတော်ကျင်းပရေး ကော်မတီ The Institute for the Guidance and Development of the National Catholic Ecclesiastical Choir Festival (LP3KN) သည် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ၊ အရှေ့ဂျကာတာ ရှိ Samadi သာသနာ့ဗဟိုလ်ဌာနတွင် မေလ ၁၃ ရက်နေ့ကကျင်းပခဲ့ပြီး အင်ဒိုနီးရှား အရှေ့ပိုင်း Kupang တွင် အောက်တိုဘာလတွင် ကျင်းပမည့် ဓမ္မသီချင်းဆို ပြိုင်ပွဲ အတွက် ပြင်ဆင်ရန် ပင်ဖြစ်သည်။

Kupan မြို့သည် ခရစ်ယာန်ပြည် နယ်တခု အနေနှင့် လူသိများပြီး Nusa ပြည်နယ်​၏ မြို့တော် ဖြစ်သည်။ နိုင်ငံ့ မြို့တော် ဂျကာတာမှ ကီလို ၁၉၂၈ ကွာဝေးသည်။

အင်ဒိုနီးရှားနိုင်ငံ ဆရာတော်ကြီးများ အဖွဲ့ချုပ်​၏ အတွင်းရေးမှူး ဆရာတော်ကြီး Bunjamin လည်း အစည်းဝေးတွင် ပါဝင်တက်ရောက်ခဲ့ပြီး ဘာသာတရားများသင့်မြတ်မှုကို ခိုင်မာအောင် ပြုလုပ်ရန် ပြောကြားခဲ့သည်။

" ဤပွဲတော်သည် ကက်သလစ်များကိုသာ မက အခြား ဘာသာယုံကြည် ကိုးကွယ်သူများကိုလည်း ဦးတည်ရည်ရွယ် သဖြင့် ဘာသာရေးသင့်တင့်မျှတမှု ကို ခိုင်မာစေမည်ဖြစ်ကြောင်း နှင့် ခိုင်မာသည့်ဥပမာအနေနှင့်မူ ပွဲတော်ကော်မတီ​၏ ဥက္ကဋ္ဌသည် ကက်သလစ်ဘာသာဝင် မဟုတ်သည့် အသိုင်းဝိုင်းမှပင်ဖြစ်ကြောင်း" ဆရာတော် Bunjamin မှ ထပ် လောင်းပြောကြားခဲ့သည်။

ဤနိုင်ငံတော်အဆင့် အစည်းအဝေး က ဘာသာတရား များသင့်တင်မျှတစေရန် ပြုလုပ်ရာတွင် အရေးကြီးသည့် အကြောင်းအရာများကို ဆွေးနွေးပြောဆိုရန် အကောင်းဆုံးသော အချိန်ပင် ဖြစ်​သည်ဟု အသင်းတော်မှ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

ဆရာတော်ကြီးမှ ဆက်လက် မြွက်ကြားသည်မှာ " ဦးစွာပထမအနေနှင့် တဦးနှင့်တဦး လေးစားရုံသာမက သည်းခံခြင်းသည် တက်ကြွသည့် ခံယူချက်သဘောထားပင်ဖြစ်ကြောင်း ၊ ဒုတိယအနေနှင့် လူသားတန်ဖိုးကို အလေးထားခြင်းသည် လူ့သိက္ခာကို ဆန့်ကျင်သည့် အရာများအားလုံးနှင့် ဆန့်ကျင်ဖက်ပင် ဖြစ်ကြောင်း ၊ တတိယအနေနှင့်မူ ဒေသဆိုင်ရာ ယဉ်ကျေးမှု အသီးသီးကို နိုင်ငံနှင့်ပြည်နယ် တခုလုံး​၏ ဘဝတစိတ်တပိုင်းအဖြစ် လက်ခံရမည် ဖြစ်ပြီး ၊ စတုတ္ထအားဖြင့် တနိုင်ငံလုံးအတိုင်းတာ အနေနှင့် ၁၉၄၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ အခြေခံဥပဒေ Bhinneka Tunggal Ika (ကွဲပြားခြင်း၌စည်းလုံးခြင်း) အပေါ် အခြေ ခံဖွဲ့စည်းထားသည့် Pancasila ကို လေးစားလိုက်နာရန်" ပင် ဖြစ်သည်ဟုဆိုသည်။

ပွဲတော်ကျင်းပရခြင်း ​၏ ခိုင်မာသော ရည်မှန်းချက်ဖြစ်သည့် ညီအကိုသဘောထားရှိသည့် ဘဝ တည်ထောင်ရန် ကို LP3KN ကော်မတီ အဖွဲ့ဝင် များအနေနှင့် အလေးအနက် ခံယူထားရန် လိုအပ်ကြောင်း ကိုလည်း ဆရာတော် Benjamin က ပြောကြားခဲ့ပါတယ်။

LP3KN မှ ပြည်သူ့ ဆက်သွယ်ရေးဌာန အကြီးအကဲ Muliawan Margadana ကလည်း Kupang တွင်ကျင်းပမည့် Pesparani ll ပွဲတော်ကြီးသည် ညီရင်အကိုဘဝ ဆိုသည့် သတင်းစကားကို ပါးလိုကြောင်း ​ဆိုပါတယ်။

Pesparani သီချင်းဆို ပွဲတော်ကြီးကို မတူကွဲပြားမှုများ အကြားတွင် သဟဇာတ ဖြစ်စွာ ညီရင်းအကို ဘဝနှင့် အတူနေထိုင်လျက် ရှိကြသည် ကို ထုတ်ဖော်ပြောဆိုသည့် ပြိုင်ပွဲကြီး အဖြစ် တွေ့မြင်ရမည့် ဖြစ်သည် ၊ အကြောင်းမှာ ကွဲပြားမှု သည်ပင်လျှင် နိုင်ငံ​၏ ကြွယ်ဝမှု တခုဖြစ်ကြောင်း သူကပြောပြီး ၊ ဤကွဲပြားမှုများမှ ယူဆောင်လာသည့် ညီညွတ်ခြင်းကပင် အင်ဒိုနီးရှား နိုင်ငံကို ကြီးကျယ်ခမ်းနားပြီး လေးစားဖွယ် နိုင်ငံတော် တခု အဖြစ် ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း Margadana က ဆက်လက်ပြောကြား ခဲ့ပါတယ်။

ဤဓမ္မတေးသီချင်း သီဆို ခြင်းပွဲတော် ကြီးသည် ကက်သလစ် အသိုင်းဝိုင်း အတွက်မူ အနုပညာ မြောက်သည့် ယဉ်ကျေးမှု ဆိုင်ရာ လှုပ်ရှားမှု အဖြစ် ကွိုင်ယာ သံစုံသီဆိုခြင်းနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်း များ၌ပါဝင် မည် ဖြစ်ပြီး ၊ ၎င်းတို့သည် ကက်သလစ် ဘာသာရေး ဝတ်ပြု ရာ အလေ့အကျင့်များဖြစ်သည့် ဆာလံဧကျူးခြင်း၊ သမ္မာကျမ်းစာတော်မြတ်နှင့် စာနာ နားလည်
နိုင်မှု များကို တည်ဆောက်ရန် ရည်ရွယ် သည့် အရာများပင်ဖြစ်ကြောင်း

Pasarani ပွဲတော်ကြီးသည် ကက်သလစ် ဘာသာတရားစိတ်ထားနှင့် ဘုရားရှင်ကို ချီးမွမ်း ဝတ်ပြုသည့် ယုံကြည်ခြင်းနှင့် ဆိုင်ရာ ပွဲတော်ကြီး တခု ပင် ဖြစ်တယ်လို့လည်းဆိုပါတယ်။

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3wFBxoS

Add new comment

7 + 11 =