ဘရာဇီးနိုင်ငံ၊ ဆောင်‌ပေါလိုပြည်နယ်ရှိမယ်တော်ဂူတစ်ခုမီးစွဲလောင်ကျွမ်း

ဘရာဇီးနိုင်ငံ၊ ဆောင်‌ပေါလိုပြည်နယ်ရှိမယ်တော်ဂူတစ်ခုမီးစွဲလောင်ကျွမ်း

ထိုမီးသည်ဒေသစံတော်ချိန် နံနက် (၈) နာရီ၌စတင်လောင်ကျွမ်းခဲ့သည်။ မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းမှာ ထိုင်ခုံပေါ်၌ဖယောင်းမီးထွန်းထားခဲ့ရာမှစတင်ခဲ့ခြင်းဖြစ်သည်ဟူဆိုသည်။

မီးသတ်သမားများအခင်းဖြစ်ရာဆီသို့ချက်ချင်းရောက်ရှိလာပြီး ငြိမ်းသတ်နိုင်ခဲ့သည်။ ထိခိုက်ဒဏ်ရာရမှုများမရှိခဲ့ကြောင်း

ယခုမယ်တော်ဗိမာန်တော်ကို Aparecida မယ်တော်ဟုခေါ်သည်။ ဤဗိမာန်တော်၌ 'ဖယောင်းတိုင်များဘုရားကျောင်းဆောင်ငယ်' ရှိသည်။ ဤဘုရားကျောင်းသည် ဘုရားဖူးအများဆုံးသွားရောက်ဆုတောင်းသည့်နေရာဖြစ်သည်။ ထိုသို့ဆုတောင်းသည့်အခါ ဘုရားဖူး များသည်ဘုရားသခင် အားကျေးဇူးတင်သည့်အနေဖြင့် ဖယောင်း တိုင်အရွယ်အစားအမျိုးမျိုးကိုထွန်းညှိခဲ့ကြသည်။ ဘုရားကျောင်းဆောင်ငယ် ၏အောက်ခြေ၌ အရည်ပျော်စီးကျသောဖယောင်းရည်များခံထားသောနေရာရှိသည်။

ဘုရားဖူးများသောရုံးပိတ်ရက်များ၌ ဖယောင်းရည် (၁၀) တန်ခန့်အထိပြန်သိမ်းရလေ့ရှိသည်။ ဘုရားကျောင်းဆောင်ငယ်သည် လေသန့်စင် စက်နှင့်မှိုင်းစုတ်စက်လည်းတပ်ထားသည်ဟုဆိုသည်။
 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3YMgFKc

Add new comment

2 + 0 =