ဘတ်စ်ကား၌ခရစ္စမတ်အလှဆင်ထားသည်ကိုဖြုတ်ချစေခဲ့သောပင်ဆီဗေးနီးယားခရိုင်ကျောင်း၏တောင်းပန်စာထွက်ပေါ်လာ

ဘတ်စ်ကား၌ခရစ္စမတ်အလှဆင်ထားသည်ကိုဖြုတ်ချစေခဲ့သောပင်ဆီဗေးနီးယားခရိုင်ကျောင်း၏တောင်းပန်စာထွက်ပေါ်လာ

ပင်ဆီဗေးနီးယာခရိုင်မှကျောင်းတစ်ကျောင်း၌ဖြစ်ပျက်သွားခဲ့သည်။ ထိုအဖြစ်အပျက်အတွက်နားလည်မှုလွှဲခဲ့ပြီး ရှင်းလင်းချက်စာများပင်ထုတ်၍ ပြန်လည်တောင်းပန်ခဲ့ရသည်။ အဆိုပါကျောင်း၏တာ၀န် ခံက ကျောင်းကားများ၌ကပ်ထားသော ခရစ္စမတ်ကျောင်းပိတ်ရက်ကြော်ငြာများကိုချက်ချင်းဖြုတ်ပစ်ရန်ယာဉ်မောင်းများအားလည်းကောင်း၊ ၀န်ထမ်းများအားလည်း ခရစ္စမတ်သီချင်း၊ ဘာသာရေးနှင့်စပ်ဆိုင်သောသီချင်းများအားလည်းမဖွင့်ရန်၊ ခရစ္စမတ်နှင့်ဆိုင်သောအဆောင်အယောင်များ၊ ဘာသာရေးနှင့် စပ်ဆိုင်သောပွဲလမ်းအခမ်းအနားကြောညာများပါသည့်အ၀တ်အစားများကိုလည်း၀တ်ဆင်ခြင်းမပြုရန်ညွှန်ကြားထားသည်။

Wallingford-Swarthmore ခရိုင်၏ ကျောင်းညွှန်ကြားရေးမှူးဖြစ်သူ Dr. Marseille က ဘာသာရေးနှင့်စပ်လျင်း၍မိမိတို့သက်၀င်ယုံကြည်သောမည်သည့်လက္ခဏာမျှမပြရန်ကျောင်းမှညွှန်ကြားနေခြင်းနှင့်စပ်လျင်း၍ ကျောင်း သားမိဘများထံမှမကျေမနပ်သောတိုင်တန်းချက်များစွာကိုလက်ခံရရှိလျှက်ရှိကြောင်း၊ သို့သော် ပွဲတော်ကျောင်းပိတ်ရက်ကြော်ညာများ၊ ဘာသာရေးအခမ်းအနားတစ်ခုခုနှင့်စပ်လျင်းသော၀တ်စားဆင်ယင်မှုများ၊ အစီအစဉ်များနှင့်ပတ်သက်မှုမရှိရန်တို့ကိုမူပိတ်ပင်ထားခြင်းမရှိကြောင်း၊ လမ်းညွှန်ချက်မှာမတူညီသောအခြားအားလပ်ရက်များရှိ၍ ထိုအခြေအနေကိုထိန်းညှိရန်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏လူမှုအသိုင်းအ၀ိုင်း၌ မတူညီခြားနားသောအခမ်းအနား၊ အစီအစဉ်များရှိကြသည်ကိုလည်းနားလည်ရန်မှာအ‌ရေးကြီးကြောင်းကိုလည်းသိကြောင်းဖြင့်ပြန်လည်ဖြေရှင်းထားသည်။

အစောပိုင်းကဖြစ်ပွားခဲ့သောအခြေအ နေကြောင့် ခရစ္စယာန်ကျောင်းသားမိဘတို့၏‌ေ၀ဖန်မှုကိုပြင်းပြင်းထန်ထန်ခံခဲ့ရသည်။ ကျောင်း၀န်ထမ်းများအနေဖြင့် အလုပ်ချိန်၌အားလပ်ရပ်ကိုကြော်ညာများပါသောအကျီများ၀တ်ဆင်ခြင်းသည်မြင်တွေ့နေကျဖြစ်၍မည်သည့်စည်းမျဉ်းစည်းကမ်းကိုမျှချိုးဖောက်ခြင်းမရှိ။ ခရိုင်အနေဖြင့်လူနည်းစုအားကျေနပ်စေလို၍ အများစု၏ အခွင့် အရေးကိုပိတ်ပင်လိုဟန်ရှိကြောင်းများဖြင့်ပြောဆိုခဲ့ကြသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/38xC6

Add new comment

14 + 3 =