ဗီယက်နမ်နိုင်ငံ၌ လယ်သမားများအတွက်အခမဲ့ဆေးခန်းဖွင့်လှစ်ပေးခဲ့သည်မှာ နှစ် (၂၀) ပြည့်ခဲ့ပြီ ‌‌

ဗီယက်နမ်နိုင်ငံ၌ လယ်သမားများအတွက်အခမဲ့ဆေးခန်းဖွင့်လှစ်ပေးခဲ့သည်မှာ နှစ် (၂၀) ပြည့်ခဲ့ပြီ ‌‌

ဗီယက်နမ်နိုင်ငံ၌ လယ်သမားများအတွက်အခမဲ့ဆေးခန်းဖွင့်လှစ်ပေးခဲ့သည်မှာ နှစ် (၂၀) ပြည့်ခဲ့ပြီ ‌‌

ဗီယက်နမ်နိုင်ငံ၌ ေ၀းလန်ခက်ခဲသောဒေသမှ လယ်သမားများအတွက် အခမဲ့ဆေးခန်းများကို Xuan Loc သာသနာ၌ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်း (၂၀) ပြည့်ပြီဖြစ်သည်။ အဆိုပါဆေးခန်းကို ဒိုမီနီကန်စစ္စတာရ်များက (၂၀၀၂) ခု နှစ် Phu Cuong သာသနာ Thai Xuan သာသနာအုပ်စု၌ဖွင့်လှစ်ခဲ့သည်။ ဤသာသနာအုပ်စုသည် ဗီယက်နမ် နိုင်ငံတောင်ပိုင်းတွင်တည်ရှိသည်။ ဤဒေသသည် လူနေထူထပ်ပြီး၊ တောကြီးလညး်အလွန်ထူထပ်သောဒေသဖြစ်သည်။ တောထူထပ်၍ တောရိုင်းတိရစ္ဆန်များလည်းပေါသည်။ တောထူထပ်မှုနှင့်အတူပါလာသော ဌက်ဖျားလည်းထူပြောသည်။ ကက်သလစ်ဘာသာတူများ၊ ဘုန်းတော်ကြီးများ၊ စစ္စတာရ်များက ထိုဒေသ၌သာသနာပြုနိုင်ရန် အခြေချနေထိုင်ရန်ကြိုး စားကြသည်ဟုဆိုသည်။ ထိုဒေသသည် မြေဆီအလွန်ကောင်းသောကြောင့် စိုက်ပျိုးရေးလုပ်ကိုင်ရန်အလွန်ကောင်းသည်။ ဗီယက်နမ်နိုင်ငံ တစ်၀ှမ်းမှလူများကိုမျက်စိကျစေပြီး နှစ်စဉ်ရေကြည်ရာ၊ မျက်နုရာသို့ပြောင်းရွေ့အခြေချလာ ရောက်နေထိုင်သူများတိုး လျှက်ရှိသည်။ ထိုဒေသရှိလယ်သမားကျောမွှဲများသည် အလုပ်ကြိုစားလုပ်ကိုင်သလောက် ကျန်းမာရေးစောင့်ရှောက်မှု ကိုမပြုနိုင်ပေ။ ထိုအခြေအနေကိုမရှု့စိမ့်သောကြောင့် ဒိုမီနီကန်စစ္စတာရ်များက အခမဲ့ဆေးခန်းကိုဖွင့်လှစ်စောင့်ရှောက် ပေးခဲ့သည်။ သက်ကြီးရွယ်အိုများ၊ လူငယ်များ၊ မွေးကင်းစကလေးများလည်း နေ့စဉ်လာရောက်ကုသမှုကိုခံယူကြသ်။ လူနာအများပိုင်းမှာအခြေခံကျောမွှဲလူတန်းစားများဖြစ်ကြကြောင်း ဆေးခန်းတာ၀န်ခံ စစ္စတာရ် Anna ကရှင်းပြ သည်။ စစ္စတာရ်၏ပြောပြချက်အရ လူနာအချို့သည် သာသနာအုပ်စုမှဖြစ်ပြီး၊ အချို့မှာမူ အနီးအနားသာသနာအုပ်စုမှ လာကြကြောင်း၊ အချို့သည်ကက်သလစ်ဘာသာတူများမဟုတ်ကြောင်း၊ ၄င်းတို့လည်း ငွေကြေးမတတ်နိုင်သောကြောင့် စစ္စတာရ်တို့၏အခမဲ့ဆေးခန်းသို့လာကြကြောင်း၊ ဆေးခန်းသည် တိုင်းရင်းဆေးလည်းသုံးသကဲ့သို့ ဓာတုဗေဒဆေး၀ါး များကိုလည်းသုံးကြောင်း၊ စစ္စတာရ်တို့၏ဆေးပညာအသိအတတ်ပညာများဖြင့်သာမဟုတ်။ ဘုရားသခင်၏ တို့ထိကုသ ခြင်းအစွမ်းတန်ခိုးဖြင့်လည်းကုသကြောင်း၊ အပ်စိုက်ကုထုံး၊ ကာယလေးကျင့်ခန်းပြုလုပ်သည့်ကုထုံးနှင့်ရေကုထုံးတို့ဖြင့် ကုသမှုခံယူသောသူများအား ဆေးကုသမှုခံယူနေစဉ်၌ စိတ်ကိုအေးချမ်းစေ၊ ရွှင်လန်းစေမည့် ဘာသာရေးသီချင်းများ၊ တီးလုံးများ၊ ထောက်ရူချက်များကိုနားဆင်စေရန် ဆေး၀ါးသက်သက်ဖြင့်ကုခြင်းမဟုတ်ဘဲ ဘုရားနှင့်တရားနှင့်ကုသည့် ကုထုံးကိုလည်းအသုံးပြုကြောင်း၊ ဤနည်းသည် ရောဂါ‌ေ၀ဒနာခံစားရချိန်၌လည်း ဘုရားသခင်ကိုအားကိုးတတ်ရန်၊ အာရုံပြုတတ်ရန်လိုအပ်ကြောင်းကို သင်ကြားပေးရာလည်းရောက်ကြောင်း၊ ဆေး၀ါးသက်သက်သာမဟုတ်။ ဘုရားသ ခင်၏ကုသခြင်းကိုခံစားရသည်ဟုယုံကြည်ကြကြောင်းရှင်းပြသည်။ အသက် (၄၅) နှစ်ရှိ ကက်သလစ်လူနာတစ်ဦးသည် ကျောရိုးနာသည့်‌ေ၀ဒနာကိုခံစားနေရပြီး၊ ဆိုးရွားသည်ဟုခံ စားနေရသည်။ ဆရာ၀န်ကသူ့အား ခွဲစိပ်ကုသရန်အကြံပြုသည်။ ခွဲစိပ်သော်လည်း အောင်မြင်မှုရာနှုန်းမှာ (၅၀) သာရှိ သည်ဆရာ၀န်ကပြောသည်။ ကုသမှုအောင်မြင်မှုကလည်း မသေချာ။ ကုသမှုစရိတ်ကလည်း ၄င်းတို့၏ ငွေကြေး (၈) သန်း (အမေရိကန်ဒေါ်လာ ၄၀၀၀) ခန့်ကုန်ကျမည်ဖြစ်သည်။ လွန်ဆွဲနေသောစိတ်ကြောင့်စိုးရိမ်နေ၊ ၀မ်းနည်းနေရှာ သည်။ စစ္စတာရ်တို့၏ဆေးခန်းနှင့်ကုထုံးများအကြောင်းကြားရသောအခါ သူ၏မိခင်ဖြစ်သူက ချက်ချင်းပင် စစ္စတာရ်တို့၏ဆေးခန်းသို့ခေါ်လာကာကုသစေခဲ့သည်။ ရောဂါပြင်းထန်သောကြောင့် ဆေးခန်းတာ၀န်ခံစစ္စတာရ်က လူ နာနှင့်အချိန်အတော်ကြာစကားပြောလိုက်ကြသည်။ ထို့နောက် စိန့်မာတင်းထံပြုအပ်သောဆုတောင်းမေတ္တာကို ရွတ်ဆို ပူဇော်စေ၏။ စိန့်မာတင်းသည် လူနာတို့အားမှိုင်းမသောရဟန္တာဖြစ်သည်။ ထိုလူနာသည် နေ့စဉ်ဆေးခန်းသို့လာပြီး ဓမ္မသီချင်းများ၊ ကျမ်းစာထောက်ရှုချက်မာျး၊ သမ္မာကျမ်းစာလာအဖြစ်အပျက်များကိုနားထောင်ရင်းကုသမှုကိုခံယူလေ့ရှိ သည်။ သူ၏စိတ်၌ဘုရားသခင်သည် သူခံစားနေရသော အရိုးကင်ဆာကိုကုပေးမည်ဟုယုံကြည်သည်။ နေ့စဉ်မစ္ဆားတ ရားတော်၌ပါ၀င်ပူဇော်ပြီး၊ စိတ်ပုတီးကိုလည်းစိပ်လေ့ရှိသည်။ ရောဂါနှင့်စပ်လျင်း၍စိုးရိမ်စိတ်များ၊ အစိုးမြင်သောစိတ် များလျော့ပါးလာခဲ့သည်။ လက်ရှိ၌မူ သူ၏ရောဂါသည် ယခင်ကထက်စာလျှင်များစွာသက်သာကျန်းမာလာပြီဖြစ်သည်။ ထို့ကြောင့် ဒိုမီနီကင်စစ္စတာရ်များကိုကျေးဇူးတင်ကြောင်း၊ ၄င်းတို့၏အကြံပေးချက်ဖြင့် ၀ိညာဉ်ရေးထုံးဖြင့်လည်းကုသ မှုကိုခံယူသောကြောင့် ရောဂါကိုလက်ခံနိုင်လာပြီး၊ ဘုရားသခင်၌လည်းယုံကြည်ခြင်းပိုမိုတိုးလာခဲ့ကြောင်း၊ ထိုကြောင့် ပို၍အသက်ရှည်ဦးမည်ဖြစ်ကြောင်း၊ ရောဂါကုသမှုအတွက်ကုန်ကျစရိတ်ကိုမတတ်နိုင်သော်လည်း ကူညီပေးပြီး ကောင်း‌ မွန်သောကုထုံကိုပြသပေးခဲ့ကြောင်း သူ၏ခံစားချက်ကိုထုတ်ဖော်ပြောဆိုလာပါသည်။ အရိုးကျီးပေါင်းတက်ရောဂါကို လည်းကုသပေးလေ့ရှိရာ အမျိုးသမီးတစ်ဦးသည်လည်း ထိုရောဂါကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်မှာ သူ၏လက်နှင့်ခ န္ဓာကိုယ်သည်ဆက်မနေသကဲ့သို့ပင် အေးစက်နေသည်အထိဖြစ်နေခဲ့သည်။ သို့သော် စစ္စတာရ်တို့၏ ကုထုံးကိုဇွဲမလျော့ ဘဲနေ့စဉ်လာရောက်ခံယူရာမှ ယခုအခါလွန်စွာသက်သာလာပြီဖြစ်သည်။ လုံး၀သက်သာသွားသည်အထိ ကုထုံးကိုခံယူ မည်ဟုပြောခဲ့သည်။ စစ္စတာရ်တို့အနေဖြင့် နှစ်ပေါင်း (၂၀) ကြာ ကရုဏရေးလုပ်ငန်းကို ချို့တဲ့နွမ်းပါးသော လူနာများနှင့်လုပ်ကိုင်ခဲ့ရ သည့် အတွေ့အကြုံကိုပြန်ပြောင်းကြည့်ရင်း ဘုရားသခင်ကိုကျေးဇူးတင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့ကူညီ နိုင်ရန်အတွက် အလှူရှင်များ၊ ကျေးဇူးရှင်များသည် ပြည်တွင်း၊ ပြည်ပမှဖွဲ့အစည်းများလည်းပါကြောင်းဖြင့် ကက်သလစ်ကောလိပ်ကျောင်းတစ်ကျောင်း၌ အင်္ဂလိပ်စာသင်ကြားပေး နေသော စစ္စတာရ် Mary Nguyen Thi Phuong Lan (Nguyen) ကဖြေကြားခဲ့ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

#rvamyanmar #rvapastoralcare #rvanews 

Add new comment

6 + 8 =