ဗာတီကန်၏ဆီးနော့ စိန်ခေါ်ချက်တရပ် သို့မဟုတ် အပြောင်းအလဲ ဖြစ်နိုင်

ဗာတီကန်၏ဆီးနော့ စိန်ခေါ်ချက်တရပ် သို့မဟုတ် အပြောင်းအလဲ ဖြစ်နိုင်

ဆီးနော့ကိုကျင်းပရန်မှာရက်သတ္တပတ်အနည်းငယ်သာလိုတော့သည်။ အဆိုပါဆီးနော့ကို အောက်တိုဘာ (၄) မှ (၂၉) ရက်နေ့အထိကျင်းပသွားမည်ဖြစ်သည်။ ဤဆီး နော့သို့ ကမ္ဘာတစ်၀ှမ်းမှ ဆရာတော်များ၊ သူတော် စင်များ၊ သာမန်ကက်သလစ်ဘာသာတူများပါ၀င်ကြမည်ဖြစ်သည်။

ဆီးနော့ကျင်းပမည့်နေရာမှာ ရောမမြို့၌ ဖြစ်သည်။ ဆွေးနွေးကြမည့်အကြောင်း အရာ၏အဓိကသော့ချက်ကား ‘ကက်သလစ်သာသနာအနေဖြင့်လက်ရှိမည်ကဲ့သို့ရပ်တည်နေသနည်း။ အနာဂတ်၌အ ဘယ်သို့လားရာပြောင်းသင့်သနည်း’ ဟူသည့်အချက်ဖြစ်ပါသည်။

ယခုဆွေးနွေးပွဲ၌ မဖြစ်မနေဆွေးနွေးရမည့်ခေါင်းစဉ်အချို့မှာ ပါ၀င်ဆွေးနွေးကြမည့်ကိုယ်စားလှယ်များအတွက် သက်တောင့်သက်သာမရှိလှသော၊ လက်မခံနိုင်သော၊ လုံး၀ပင်လက်မခံနိုင်သောအကြောင်းအ ရာများ၊ အတွေးအခေါ်အယူအဆများလည်းပါ၀င်လာမည်ဖြစ်သည်။ အတိုက်အခံများရှိလာနိုင်၍ ရဟန်းမင်း ကြီးဖရန်စစ်သည် သူ၏မွန်ဂိုးလီးယားမှအပြန်၌ လာမည့်ဆီးနော့သည်၀ိညာဉ်ရေးဗီဇကိုအခြေခံရန်တိုက်တွန်းထားသည်။

ရဟန်းမင်းကြီးက ဆီးနော့သည် ရုပ်သံအစီအစဉ် (သို့) လူကြိုက်များစေသောအကြောင်းအရာများကိုတင်ဆက်ခြင်းမဟုတ်။ ဘာသာရေးအကြောင်းအရာများကိုဆွေးနွေးရန်ဖြစ်သည်။ ၀ိညာဉ်ရေးအမြင်၊ သ ဘောတရားများကိုဖလှယ်ရန်ဖြစ်သည်။ ဆီးနော့၏ကိုယ်စားလှယ်တစ်ဦးစီသည် (၃) မိနစ်မှ (၄) မိနစ်ခန့်တင်ပြဆွေးနွေးခွင့်ရှိပြီး ၄င်းနောက် (၃၊ ၄) မိနစ်ခန့်ဆုတောင်းခြင်းရှိမည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

အမိကက်သလစ်သာသနာတော်ကြီးအား ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကိုနှစ်ခြိုက်သူများနှင့်အစဉ် အလာကိုသာဆက်လက်ထိန်းသိမ်းသည့်လမ်းစဉ်ကိုနှစ်ခြိုက်သောအုပ်စုကြား၌ဗျာများရပါသည်။ ဤသို့သောအခြေအနေမျိုး၌ ရဟန်းမင်းကြီးက သာသနာတော်ကြီးသည် သူ့ပါတီ၊ ကိုယ့်ပါတီ၏မူ၀ါဒအနိုင်ရရေး အရေးဆိုအငြင်းပွားရသောနိုင်ငံရေးပါတီမဟုတ်။ ယခုဆီးနော့လည်းထိုသို့မဖြစ်ရဟုမိန့်ကြားလေ့ရှိသည်။

ရဟန်းမင်းကြီးက ဆီးနော့၌တင်ပြလာမည့်မည်သည့်အကြောင်းအရာများဖြစ်စေ သဘောတရားသက်သက်မျှမဖြစ်ရ။ လက်တွေ့ဖြစ်နိုင်ရမည်။ အသွင်မတူသောထွက်ပေါက်မျိုးရှိလာနိုင်သည်။ ဆီးနော့ သည်ဆေးကြောခြင်းစက္ကရာမင်တူးကိုခံယူထားသူများကြား သာသနာ၏အရေးအတွက်ဆွေးနွေးညှိနှိုင်းမှုဖြစ်သည်။

ယခုဆီးနော့၏ထူးခြားချက်ကား ကိုယ်စားလှယ်များ၏လေးပုံတစ်ပုံမှာ ဆရာတော်များမဟုတ်ပေ။ ယခုဆီးနော့၏အဓိကဦးတည်ချက်ကား သာသနာအတွင်းမှအမျိုးသားများနှင့်အမျိုးသမီးများတို့၏အသံကိုကြားသိရရန်ဖြစ်သည်။

အခြေအနေတစ်ခုခု၌ ၄င်းတို့၏ဆုံးဖြတ်ပိုင်ခွင့်၊ ဆုံးဖြတ်နိုင်ခွင့်ကဏ္ဍကိုတိုးမြှင့်ရန် ဖြစ်သည်။ ဤသို့စတင်ပုံဖော်ရန်အတွက် ဗာတီကန်၏အမှုထမ်းများကြား၌လည်း ဘာသာတူအမျိုးသား၊ အမျိုးသမီးများအား ပေးနိုင်သမျှနေရာပေး၍အမှုတော်ကိုထမ်းစေလျှက်ရှိသည်။

ဆီးနော့နှင့်စပ်လျင်း၍ အငြင်းအခုံသည်ပြင်းထန်လျှက်ရှိသည်ကို ဂျာမဏီနိုင်ငံ၏ ဒေသန္တရဆီးနော့၌ ပင်မြင်တွေ့နိုင်ပါသည်။ လိင်တူစုံတွဲများအားကောင်းချီးပေးခြင်း၊ အိမ်ထောင်သည်ဘုန်းကြီးများအကြောင်းနှင့်စပ်လျင်း၍အငြင်းပွားမှုလွန်စွာမြင့်တက်နေခဲ့သည်။ သို့သော် သိထားရန်အချက်ကား ဂျာမဏီ၌ဖြစ်ပွားခဲ့သကဲ့သို့ ရောမမြို့ဆီးနော့၌ ဖြစ်လာရန်မှာလွန်စွာနည်းပါးပါသည်။

ယခုကျင်းပသောဆီးနော့သည် သာသနာ ၏သွန်သင်ချက်၊ ရှေးထုံးစဉ်လာများကိုပြုပြင်ပြောင်းလဲပစ်ရန်မဟုတ်။ ယနေ့ခေတ်ရေစီးကြောင်းနှင့်သာသနာကြား ပြေလည်သော၊ အကျိုးရှိသောဆက်ဆံရေးရှိရေး သင့်လျှော်သောလမ်းကြောင်းကိုဝိုင်း၀န်းစဉ်းစားအဖြေရှာရန်ဖြစ်သည်။ ဤအချက်နှင့်စပ်လျင်း၍ ယခုကျင်းပသောဆီးနော့၏ အထွေထွေ အတွင်းရေးမှူးဖြစ် သော ကာဒီနယ် Mario Grech အနေဖြင့်အစဉ်ခေါင်းခဲမွမ်းကြပ်ရသည်။

ဆီးနော့သည် ၀ိညာဉ်ရေးလုပ်ငန်းစဉ်ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသော၀ိညာဉ်တော်ကိုအစဉ်ဖိတ်ခေါ်မှုကိုမပြုလျှင် ကျွန်ုပ်တို့၏လုပ်ဆောင်မှုသည်ကျရှုံးမှုသာဖြစ်မည်။ လူမှုရေးလုပ်ငန်းစဉ်တစ်ခုခုအ တွက်စမ်းသပ်ချက်မျိုးမဟုတ်ပေ။ အယူအဆတစ်ခုကိုအနိုင်ရရေးအကြိတ်အနှယ်အရေးဆိုခြင်းလည်းမ ဟုတ်။ ဒီမိုကရေစီစနစ်ကဲ့သို့များရာနိုင်သည့်စနစ်လည်းမဟုတ်ကြောင်းကိုရှင်းပြခဲ့သည်။

သာသနာ၏သွန်သင်ချက်ကိုအပြောင်းလဲကြီးပြောင်းလဲအောင် အပြင်မှအတွင်းဖက်ဆီသို့လှမ်းမျှော်ကြည့်နေသူများအဖို့စိတ်ပျက်စရာကောင်းနေပေမည်။ အတွင်းမှအပြင်သို့လှမ်းမျှော်ကြည့်သူများအနေဖြင့် ခေတ် ကာလ၏အနေအထားနှင့်လိုက်လျှောညီထွေမည့်ထိန်းကျောင်းပေးနိုင်သောဆွေးနွေးတင်ပြချက်များထွက်ပေါ်လာမည်ဟုမျှော်လင့်နိုင်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/UVK9

Add new comment

2 + 4 =