ဖိလပိုင်နိုင်ငံ၊ ဖရန်စစ္စကန်ကျောင်းမှ ကျောင်းသားများ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အစီအစဥ်များ တက်ကြွစွာပါဝင်လုပ်ဆောင်

ဖိလပိုင်နိုင်ငံ၊ ဖရန်စစ္စကန်ကျောင်းမှ ကျောင်းသားများ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အစီအစဥ်များ တက်ကြွစွာပါဝင်လုပ်ဆောင်

ဖိလပိုင်နိုင်ငံ၊ ဖရန်စစ္စကန်ကျောင်းမှ ကျောင်းသားများ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အစီအစဥ်များ တက်ကြွစွာပါဝင်လုပ်ဆောင်

Stella Maris ကောလိပ်၊ ဖရန်စစ်စကန်ကျောင်းမှ ကျောင်းသားများသည် လက်ရှိလူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေ​ကြသည်။

"ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ အရေးအကြီးဆုံး ပြဿနာတွေထဲက တစ်ခုကတော့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အရေးပေါ် အခြေအနေဖြစ်ပြီး ဒါကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းထားပါတယ်” ဟု ကျောင်းသားရေးရာ ဆိုင်ရာ Alejo Coronel က ပြောကြားခဲ့သည်။

ပတ်ဝန်းကျင် သဘာဝအရင်းအမြစ်ဌာနနှင့် ညှိနှိုင်းပြီး Stella Maris ကောလိပ်မှ ကျောင်းသားများနှင့် ဝန်ထမ်းများသည် မနီလာအနီးရှိ Las Piñas-Parañaque Critical Habitat and Ecotourism Area (LPPCHEA) သို့ ၂၀၁၉ တွင် သွားရောက်ခဲ့ပြီး ကမ်းရိုးတန်းဘေးဆိုင်ရာ ရှင်းလင်းခြင်း၊ ဒီရေတောစိုက်ပျိုးခြင်း၊ ဂေဟစနစ်ခရီးသွားခြင်း/သဘာဝလမ်းလျှောက်ခြင်းနှင့် ငှက်ကြည့်ခြင်းစသည့် လှုပ်ရှားမှုများပြုလုပ် ခဲ့ကြကြောင်း

“မိခင်ကမ္ဘာကြီးကို ကုသရာမှာ ဆက်လက်ပါဝင်ကြပါစို့။ ကမ္ဘာမြေကြီးကို ပြုစုစောင့်ရှောက်ခြင်းဆိုသည်မှာ အားလုံးကို ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်” ဟု ဆရာဖြစ်တဲ့ Sr.Siony Jomen ကဆိုသည်။

ဧပြီလအစောပိုင်းတွင်၊ ဒိုမီနီကန် ဦးစီးတဲ့ဆန်တိုသောမတ်စ် တက္ကသိုလ်မှ ကျောင်းသားဟောင်း Jomer Sison နဲ့ သူ၏ သူငယ်ချင်းများသည် ဒီရေတော ထိန်းသိမ်းရေးက အားပေးမြှင့်တင်သည့် Kabanatan (Resilience) သို့ သွားရောက်ခဲ့ကြကြောင်း

ဤအပင်တွေဟာ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းကဲ့သို့ မနုဿဇီဝဗေဒဆိုင်ရာ အရင်းအမြစ်များမှ သယ်ဆောင်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုဆောင်းခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လျော့ပါးသက်သာစေကြောင်း

ထို့အပြင် ဒီရေတောများ ထိန်းသိမ်းခြင်းဆိုသည်မှာ ပြင်းထန်သောလှိုင်းလုံးများနှင့် တိုက်ဖွန်းမုန်တိုင်းဒဏ်ခံနိုင်သော ကမ်းရိုးတန်းရပ်ရွာများကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ကြောင်း

“ဒီရေတောများသည် ကျွန်ုပ်တို့၏ သူရဲကောင်းများဖြစ်ပြီး ၎င်းတို့ကို ထိန်းသိမ်းခြင်းသည် ရာသီဥတုအကျပ်အတည်းများကို တိုက်ဖျက်ရန် ကူညီပေးသည်” ဟု Sison က ပြောခဲ့သည်။

Sison နှင့် အခြားသူများသည် ဒီရေတော အပင် ၅၀၀ စိုက်ပျိုးပြီး Bulacan ရှိ Hagonoy ရှိ ဒီရေတောဘေးမဲ့တောကို သန့်ရှင်းရေးလုပ်ခဲ့ကြောင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ဒီရေတောတွေ ဆက်ပြီး စိုက်ပျိုးကြပါစို့” ဟုလည်း Sison က ဆက်လက်ပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်
https://bit.ly/3Kh2Lar

 

Add new comment

3 + 2 =