ဖိလစ်ပိုင်၌မှုးယစ်မှုဖြင့်စွပ်စွဲသတ်ဖြတ်ခံရသူများအောက်မေ့ဖွယ်သချိုင်းနေရာဖွင့်လှစ်

ဖိလစ်ပိုင်၌မှုးယစ်မှုဖြင့်စွပ်စွဲသတ်ဖြတ်ခံရသူများအောက်မေ့ဖွယ်သချိုင်းနေရာဖွင့်လှစ်

ဖိလစ်ပိုင်စကားဖြင့် ‘Dambana ng Paghilom’ (the Shrine of Healing - ကုသရန်နေရာ) ဟုအမည်ပေးထားသော အောက်မေ့ဖွယ်နေရာတစ်ခုကို ဖာသာရ် Flaviano Villanueva နှင့်အတူ ဖိလစ်ပိုင်ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌလည်းဖြစ်သော Caloocan သာသနာပိုင်ဆရာတော် Pablo Virgilio David တို့ခြံရံလျှက် မကြာမီကဖွင့်လှစ်ခဲ့ပါသည်။

ဤအောက်မေ့ဖွယ်ရာနေ ရာသည် အစိုးရ၏စနစ်တကျလူသတ်မှုကိုကျူးလွန်ခဲ့သည့်ပြစ်မှုကိုပြန်လည်အမှတ်ရစေရန်နေရအဖြစ်တည်ရှိသွားပြီး စနစ်ဆိုးကြောင့်ဤအဖြစ်ဆိုးမျိုးနောက်နောင်ဖိလစ်ပိုင်နိုင်ငံအတွင်း ဖြစ်ခွင့်အခြေအနေမပေါ် ပေါက်စေရန်လည်းဖြစ်ကြောင်း ဖာသာရ် Flaviano Villanueva အခမ်းအနား၌ပြောကြားခဲ့သည်။

ဆရာတော်မှလည်း ‌အောက်မေ့ဖွယ်ရာသည် သူရဲကောင်းများကိုသာဂုဏ်ပြုခြင်းမဟုတ်၊ ကျွန်ုပ်တို့အားလည်း ၄င်းတို့အားမမေ့ရန်နှင့်ထိုသို့ဆက်လက်မဖြစ်ပွားစေရန်ကျွန်ုပ်တို့အားသတိပေးခြင်း၊ အသိပေးခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခင်ဒူတာဒေအစိုးရလက်ထက်၌ ဒုသမ္မတဖြစ်ခဲ့သော Leni Robredo ကလည်း သားကောင်ဖြစ် ခဲ့ရသောမိသားစု၀င်တို့အား တရားမျှတမှုရစေရမည်။ တရားမျှတခြင်းနှင့်ဆိုင်သောလုပ်ဆောင်နေမှုများ သည် နှေးကွေးနေသော်လည်း မျှော်လင့်ချက်မပျောက်ဆုံးစေရန်၊ ကမ္ဘာကြီးသည်လုံး၀န်းကြောင်း၊ ဆိုလို သည်မှာဖုံးဖိထား၍မရဘဲ တစ်နေ့ပေါ်လာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သော အောက်မေ့ဖွယ်နေရာသည် Caloocan သာသနာ၏ သာသနာသချိုင်း၌ ဖြစ်ပြီး ဤအ ဖြစ်ဆိုးနှင့်ဆုံးခဲ့သူများအတွက် သီးသီးသန့်သန့်နေရာပြုလုပ်ထားပေးသည်။ ဤသူတို့သည် ယခင်သမ္မတဒူတာဒေ၏မတော်ဩဇာသုံး၍သတ်ဖြတ်ခံခဲ့ရသူများဖြစ်ကြသည်။

ယခုအောက်မေ့ဖွယ်သချိုင်း ၏အ ကျယ်အ၀န်းမှာ (၃၆) စတုရန်းမိုင်ကျယ်၀န်းပြီး အောက်မေ့ဖွယ်ပြာအုတ်ဂူ (၃) ပေမှ (၄) အကျယ်ရှိ (၁၀၀) မှ (၄၀၀) ခုအထိထားရှိနိုင်သည်။ ယခုကဲ့သို့စီစဉ်ရခြင်းမှာ ယခုကဲ့သို့အဖြစ်ဆိုးမျိုးနှင့်ကြုံတွေ့ခဲ့ရသောမိသားစု၀င်တို့၏စီးပွားအကြပ်အတည်းကြောင့် အုတ်ဂူကြီးများတည်ဆောက်ရန်မြေများမ၀ယ်နိုင်၍ စျေးအ သက်သာဆုံးဖြင့်
သဂြိုလ်နိုင်ရန်စီစဉ်ပေးထားခြင်းဖြစ်သည်။ သချိုင်း၏သတ်မှတ်ချက်အရ သက်တမ်းကုန် ဆုံးသွားသောမိမိတို့မိသားစု၀င်များ၏ဂူကိုဆက်ထားရန်သက်တမ်းမတိုးနိုင်၍ ဂူများစွာအဖျက်ခံခဲ့ရသည်များလည်းရှိခဲ့သည်။

ယခင်သမ္မတဒူတာဒေအစိုးရလက် ထက် မှုးယစ်ဆေး၀ါးတိုက်ဖျက်ရေးစီမံချက်ဖြင့် သူအာဏာရလာ သော (၂၀၁၆) မှစ၍အစိုးရသက်တမ်းကုန်ဆုံးချိန်ထိ လူပေါင်း (၂၀၀၀) ကျော်သတ်ဖြတ်ခဲ့သည်။ လူ့အခွင့် အရေးအဖွဲ့၏စစ်တမ်းအရ ဖိလစ်ပိုင်နိုင်ငံ၏မှုးယစ်ဆေး၀ါးတိုက်ဖျက်ရေးစစ်ဆင်ရေး၌ လူ့အသက်ပေါင်း (၂၇၀၀၀) ဦးသတ်ဖျက်ခံခဲ့ရကြောင်းတင်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ရာဇ၀တ်မှုခုံရုံး (The International Criminal Court (ICC) အနေဖြင့်ယခုကဲ့သို့စွပ်စွဲသတ်ဖြတ်ခြင်းသည် နိုင်ငံ၏ပြဒါန်းချက်ဥပ‌ဒေဟုတ်သည် မဟုတ်သည်ကိုစုံစမ်ဖော်နေကြောင်းပြောကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/36C3s

Add new comment

4 + 0 =