ဖိလစ်ပိုင်လူမျိုးစစ်စစ်တစ်ဦးဗာတီကန် ရဲဖြစ်လာ

ဖိလစ်ပိုင်လူမျိုးစစ်စစ်တစ်ဦးဗာတီကန် ရဲဖြစ်လာ

ဖိလစ်ပိုင်သွေးအပြည့်ပါသည့် ဖိလစ်ပိုင်လူမျိုးတစ်ဉီးဟာ ဗာတီကန်မှာတာ၀န်ထမ်းဆောင်တဲ့ ဆွဇ်သက်တော်စောင့် ရဲ အဖွဲ့၀င်ဖြစ်လာခဲ့ပါတယ်။

သူ၏အမည်ကား Sebastian Esai Eco Eviota ဟုခေါ်သည်။ သူ၏အသက်ကား (၂၃) နှစ်သာရှိ သေးသည်။ သူသည် ဖိလစ်ပိုင်လူမျိုးထဲမှ ဗာတီကန်ရဲဖြစ်လာသော ဒုတိယတစ်ဦးဖြစ်သည်။ သူ့အား ဖိလစ်ပိုင်နိုင်ငံ၏တောင်ပိုင်း Davao ၌မွေးဖွားခဲ့ပြီး (၂၀၀၉) ခုနှစ်မှ ဆွီဇီလန်နိုင်ငံသို့ပြောင်းရွေ့သွားခဲ့ သည်။

ဗာတီကန်ရဲအဖြစ်တာ၀န်ထမ်းရန် နှစ်လတာသင်တန်းတက်ရောက်ခဲ့သည်။ သူ၏ဖခင်ကား Diomedes Eviota ဖြစ်ပြီး Surigao မှဖြစ်သည်။ မိခင်ဖြစ်သူမှာ Editha Eco ဖြစ်ပြီး (၂၀၀၀) ခုနှစ်က ဆုံးပါးသွားခဲ့သည်။ ဖခင်ဖြစ်သူသည် တရားသူကြီးဖြစ်ပြီး (၂၀၂၂) ခုနှစ်ကကွယ်လွန်သွားခဲ့သည်။ သူ ငယ်ချင်းများက ‘Baste’ ဟုခေါ်သော ‘Sebastian’ သည် ဆွီဇီလန်သို့ပြောင်းရွေ့သွားပြီးနောက် သာသ နာ၏အဖွဲ့အစည်းလှုပ်ရှားမှုများ၌တက်ကြွစွာပါ၀င်လေ့ရှိသည်။

ယခုကဲ့သို့ဖြစ်လာရန်မှာ (ဇန္န၀ါရီလ ၁၇၊ ၂၀၂၂) ရက်နေ့၌ ဗိုလ်ကြီးဖြစ်သူကခေါ်ခဲ့ခြင်းဖြစ်သည်။

ဗာတီကန်ရဲတစ်ဦးဖြစ်ရန် (၁) အမျိုးသားဖြစ်ရမည်။ (၂) ဆွီဇီလန်နိုင်ငံသားဖြစ်ရမည်။ (၃) ကက်သလစ်ဘာသာတူဖြစ်ရမည်။ (၄) လူပျိုလူလွတ်ဖြစ်ရမည်။ (၅) အသက် (၁၉) မှ (၃၀) အတွင်း ဖြစ်ရမည်။ အရပ်အမောင်းမှာ (၅ ပေ၊ လက်မ) ရှိရမည်။ (၆) စစ်မှုထမ်းခဲ့သည့်အတွေ့အကြုံလည်းရှိရမည်။ (၇) ပညာအရည်အချင်းမှာ ဘာသာရပ်တစ်ခုခု၌ ဒီပလိုမာ (သို့) ဘွဲ့တစ်ခုခုရှိရမည်ဖြစ်သည်။

ဗာတီကန်ရဲ၏ဦးရေမှာ (၁၃၅) ဦးရှိပြီး၊ ဗာတီကန်ရဲ၏သက်တမ်းမှာ (၅၁၆) နှစ်ရှိပြီဖြစ်သည်။ ဗာ တီကန်ရဲသည် ဆွီစ်စစ်တပ်၏လက်အောက်၌ရှိသည်။

Sebastian သည် ဗာတီကန်ရဲအဖြစ် အမှုထမ်းသော ဒုတိယဖိလစ်ပိုင်လူမျိုးလည်းဖြစ်သည်။ သူ့ ထက်စော၍ Vincent Lüthi အမှုထမ်းလျှက်ရှိသည်။ သူသည် အောက်တိုဘာလ (၂၀၂၀) အထိအမှု ထမ်းခဲ့သည်။ ၄င်းတို့၏တာ၀န်မှာ ဗာတီကန်ပိုင်သောအဆောက်အအုံများအားလည်းကောင်း၊ ရဟန်း မင်းကြီး၏အိမ်တော်ရာဖြစ်သော Castel Gandolfo ကိုလည်းကောင်း၊ ရဟန်းမင်း ကြီး၏သက်တော် စောင့်အဖြစ်လည်းကောင်းထမ်းဆောင်ရသည်။ နှစ်ပေါင်း (၅၁၆) နှစ်ကြာအမှုထမ်းလာခဲ့သော ဗာတီ ကန်စစ်တပ်သည် ကမ္ဘာ့အငယ်ဆုံးစစ်တပ်ဖြစ်ပြီး၊ သက်တမ်းအကြာဆုံးစစ်တပ်အနက်တစ်ခုဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3MIh3nb
 

Add new comment

11 + 1 =