ဖိလစ်ပိုင်နိုင်ငံ၌သာသနာပြုနေသော ကာမဲလိုက်အသင်း၏ဒေသတာ၀န်ခံအသစ်ရွေးချယ်နိုင်ခဲ့ပြီ

ဖိလစ်ပိုင်နိုင်ငံ၌သာသနာပြုနေသော ကာမဲလိုက်အသင်း၏ဒေသတာ၀န်ခံအသစ်ရွေးချယ်နိုင်ခဲ့ပြီ

ဖိလစ်ပိုင်နိုင်ငံ၌သာသနာပြုနေသော ကာမဲလိုက်အသင်း၏ဒေသတာ၀န်ခံအကြီးအကဲအဖြစ်ရွေး ချယ်ခံလိုက်ရသူမှာ ဖာသာ Rico P. Ponce, O. Carm. ဖြစ်ပါသည်။ သူသည် ဖိလစ်ပိုင်နိုင်ငံ၊ Tagaytay မြို့၊ Cavite ပြည်နယ်၌ရှိသော စိန့်စကောလားစတီကာ၀ိညာဉ်ရေးရာဌာနတည်ရှိရာနေရာ၌သီတင်းသုံး လျှက်ရှိသည်။ ယခုတစ်ကြိမ်အတွက် ဒေသခံအကြီးအကဲရွေးကောက်ရန်အတွက်ပြုလုပ်သောအထွေ ထွေအစည်းအ‌ဝေးကြီး၏ ဆောင်ပုဒ်မှာ ‘Moving on as Synodal and Radical Witnesses of Being Disciples of the Risen Lord’ (ရှင်ပြန်ထမြောက်သောအရှင်၏နောက်လိုက်တပည့်များအဖြစ် ဆီနော့မှချမှတ်သောလမ်းညွှန်ချက်နှင့်အညီအခြေခံကျကျလိုက်နာလုပ်ဆောင်ကြစို့) ဟုဖြစ်ပါသည်။

ယခုတစ်ကြိမ်ပြန်လည်ရွေးကောက်ခြင်းခံရသော ဒေသအကြီးအကဲအဖွဲ့၀င်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

- ဖိလစ်ပိုင်နိုင်ငံအတွင်းရှိဒေသအကြီးအကဲ - Fr. Rico P. Ponce, O. Carm.

- ညှိနှိုင်းအကြံပေး (ပ) - Fr. Esmeraldo A. Reforeal, O. Carm.

- ညှိနှိုင်းအကြံပေး (ဒု) - Fr. Joseph Roque, O. Carm.

- ညှိနှိုင်းအကြံပေး (တ) - Fr. Rhen Caculitan, O. Carm.

- ညှိနှိုင်းအကြံပေး (စတု) - Fr. Christopher Labrador, O. Carm.

အသင်း၏ကျန်အဖွဲ့၀င်များမှာ

- ပညာသင်ကြားနေဆဲအဖွဲ့၀င်များ

- Brother Brandon Bahayanan, O. Carm.

- အသင်းနှင့်အတူပူးပေါင်း၍တမန်တော်လုပ်ငန်းများလုပ်ဆောင်သည့်အဖွဲ့

- Sister Maria Angela Ureta တို့ဖြစ်ကြသည်။ ယခုအစည်းအ‌ဝေးကြီးသို့ အသင်းတစ်ခုလုံး၏ အကြီးအကဲဖြစ်သူ Meál O'Neill နှင့် Robert Thomas Puthussery၊ အာရှ-ဩစတေးလျား-ကမ်းရိုးတန်းနိုင်ငံများ၌အမှုထမ်းနေသော တစ်သက်သစ္စာခံယူထားပြီးသော ကာလဲလိုက်အသင်း၀င် (၆၄) ပါးတို့လည်းတက်ရောက်ခဲ့ကြပါသည်။ အစည်းအ‌ေ၀း၌ အချိန်ပြည့်ဆက်ကပ်သောသာမန်ဘာသာတူ (၁၄) ဦး၊ ယာယီသစ္စသာခံယူထားသောအသင်းသား (၁၀) ပါးတို့လည်းတက်ရောက်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကာမဲလိုက်အသင်းသည် သူတော်မြတ် itus Brandsma ၏မှိုင်းမမှု၌ဆက်ကပ်အပ်နှံထားသည်။ ဤသူတော်မြတ်သည် ဒက်ချ်လူမျိုးကာမဲလိုက်ဘုန်းတော်ကြီးတစ်ပါးလည်းဖြစ်သကဲ့ သို့ ပညာသင်ကြားပေးသူ၊ သတင်းသမား၊ ၀ိညာဉ်ရေးအသက်တာ၌သာမန်ထက်လွန်ကဲသောအတွေးအမြင်ရှိသူနှင့်တရားတော်အတွက်ကွပ်မျက်ခံခဲ့ရသူဖြစ်သည်။

ယခုသက်တမ်းအတွက် လောလောလတ်လတ်ရွေးချယ်ခံရသော အသင်း၏အကြီးအကဲဖြစ်သူ ဖာသာရ် Ponce အား (၁၉၈၆) Siquijor ၌မွေးဖွားခဲ့သည်။ ကာမဲလိုက်အသင်း၀င်အဖြစ်ခံယူခဲ့ပြီး (၁၉၉၃) ခုနှစ်တွင်ရာသက်ပန်သစ္စာကိုပြုခဲ့သည်။ ရဟန်းသိက္ခာကိုမှု (ဒီဇင်ဘာလ၊ ၁၉၉၈) ခုနှစ်၌ခံယူခဲ့သည်။ သူသည် အာရှဆိုင်ရာ၀ိညာဉ်ရေးနှင့်သူတော်စင်များဆိုင်ရာသင်တန်းဌာနဖြစ်သော Mary Hill ကျောင်း၌စာသင်ပြလျှက်ရှိစဉ်ရွေးချယ်ခံလိုက်ရခြင်းဖြစ်သည်။ သူသင်ကြားသောဘာသာရပ်များမှာ ၀ိညာဉ်ရေးရာ၊ သီဩလိုဂျီ၊ သာသနာ၏လူမှုရေးဆိုင်ရာသွန်သင်ချက်များနှင့်စာတမ်းပြုစုရာ၌လိုက်နာရမည့်နည်းလမ်းများအကြောင်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/40jOCC8

Add new comment

8 + 5 =