ဖိလစ်ပိုင်နိုင်ငံ၊ Gumaca သာသနာပိုင်ဆရာတော် သက်တေ် (၇၁) နှစ်တွင်နှလုံးရောဂါဖြင့်ပျံလွန်

ဖိလစ်ပိုင်နိုင်ငံ၊ Gumaca သာသနာပိုင်ဆရာတော် သက်တေ် (၇၁) နှစ်တွင်နှလုံးရောဂါဖြင့်ပျံလွန်

ဖိလစ်ပိုင်နိုင်ငံ Gumaca ၏သာသနာပိုင်ဆရာတော် Victor Dela Cruz Ocampo သည် မတ်လ (၁၆) ရက် ညနေ (၅း၅၈) မိနစ်အချိန်တွင်နှလုံးရောဂါဖြင့်ပျံလွန်သွားခဲ့သည်။ ပျံလွန်သွားချိန်၌ သက်တော် (၇၁) နှစ်ရှိပြီဖြစ်ကြောင်း သာသနာ၏မော်ကွန်းထိန်းဖြစ်သူ ဖာသာရ် Tony Ryan del Moro ကတရား၀င်ကြေညာထားပါသည်။ ဆရာတော်သည် Gumaca ဆေးရုံ၌ပျံလွန်သွားခဲ့သည်။

သူ့အား Pampanga ခရိုင် Angeles City ၌ (မတ်လ ၆၊ ၁၉၅၂) တွင်မွေးဖွားခဲ့သည်။ ရဟန်းသိက္ခာကို (၁၉၇၇) Balanga သာသနာတွင်ခံယူခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်မှ (ဇွန် ၁၂၊ ၂၀၁၅) ခုနှစ်ကသူ့အားလက်ရှိသာသနာ၏သာသနာပိုင်အဖြစ်ခန့်အပ်ခဲ့သည်။ သူသည်ဤသာသနာ၏ တတိယသာသနာပိုင်ဆရာတော်ဖြစ်လာခဲ့သည်။ ဆရာတော်သိက္ခာကိုမှု (ဩဂုတ်လ ၂၉၊ ၂၀၁၅) တွင် ထပ်ခဲ့ပြီး သာသနာပိုင်အမှုတော်ကို (စက်တင်ဘာလ ၃၊ ၂၀၁၅) တွင်စတင်ထမ်းဆောင်ခဲ့သည်။

ရဟန်းတစ်ပါးအဖြစ် သူသည်သာသနာ၏ဓမ္မဆရာများဆိုင်ရာကော်မရှင်၊ လည်းကောင်း၊ ၀တ်ပြုခြင်းဆိုင်ရာကော်မရှင်၊ ကျမ်းစာတမန်တော်ကော်မရှင်၊ မိသားစုကော်မရှင်၏တာ၀န်ခံအဖြစ်လည်း ကောင်း၊ သာသနာ၏မော်ကွန်းထိန်းအဖြစ်လည်းကောင်း၊ ဆရာတော်၏အကြံပေးအဖွဲ့၀င်အဖြစ်လည်း ကောင်းထမ်းဆောင်ခဲ့သည်။ ဆရာတော်လစ်လပ်နေခဲ့သောကာလဖြစ်သည့် (နို၀င်ဘာ ၂၀၀၉ – ဇူလိုင် ၂၀၁၀) အထိ Balanga သာသနာ၏တာ၀န်ခံအဖြစ်လည်းထမ်းဆောင်ခဲ့သည်။ ဆရာတော်ဖြစ်လာချိန်က သူ၏ဆောင်ပုဒ်မှာ ‘Corpus Meum’ (This is my body ဤအရာသည်ငါ့၏ခန္ဓာကိုယ်ဖြစ်၏) ဟုဖြစ်သည်။ ဤကျမ်းချက်ကို (သံလုကာ ၂၂း၁၉) မှယူထားခြင်းဖြစ်သည်။

သူ၏ဆောင်ပုဒ်နှင့်အညီ ဆရာတော်သည် ခရစ္စတူးသခင်အကြောင်းကိုမဆုတ်မနစ်သောဇွဲဖြင့် မစ္ဆားတရားအတွင်း၌ဖြစ်စေ၊ သာသနာ၏အစုအဖွဲ့များ၌ဖြစ်စေ ခရစ္စတူးသခင်၌တစ်စည်းတစ်ရုံးတည်းဖြစ်ကြောင်ကိုအစဉ်တစ်စိုက်ပြ သနိုင်ခဲ့သည်

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3z6d3ae

Add new comment

4 + 8 =