ဖိလစ်ပိုင်နိုင်ငံတောင်ပိုင် မင်ဒနောင် ဒေသ ၆.၉ ပြင်းအားရှိငလျင်လှုပ်ခတ်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင် မင်ဒနောင် ဒေသမင်ဒ‌နောင် မြို့နှင့် ၉ ကီလိုမီတာ အကွာ ကို ဗဟိုလ်ပြုပြီး ၆.၉ ပြင်းအားရှိငလျင်လှုပ်ခတ်ခဲ့ခြင်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင် မင်ဒနောင် ဒေသ ၆.၉ ပြင်းအားရှိငလျင်လှုပ်ခတ်
ဒီဇင်ဘာလ ၁၇၊ ၂၀၁၉

ဒီဇင်ဘာလ ၁၅၊ ၂၀၁၉ တနဂ်နွေနေ့က
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင် မင်ဒနောင် ဒေသမင်ဒ‌နောင် မြို့နှင့် ၉ ကီလိုမီတာ အကွာ ကို ဗဟိုလ်ပြုပြီး ၆.၉ ပြင်းအားရှိငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အသက် 6 နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူ 4 ဦးသေဆုံးခဲ့ပြီး၊ သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း နှင့် လူအများအပြားဒဏ်ရာရရှိခဲ့ကြပါသည်။

ယခုအကြိမ်သည် ၆လ အတွင်း လေးကြိမ်မြောက်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်ပေါင်း ၄၇၆၀၀ ပျက်စီးခဲ့ပြီး လူပေါင်း ၈၃၈၀၀၀ ကျော် ဒုက္ခ‌‌ရောက်ခဲ့ကြရကြောင်း ဖော်ပြထားပါသည်။

ဒီးဂိုစ် သာသနာနယ် Diego's Diocese တွင် ဘုရားကျောင်း ၆ ကျောင်းမှာ အသုံးပြုလို မရနိုင်‌‌ တော့သည့် အခြေအနေထိပျက်စီးသွားခဲ့ပါသည်။

လတ်တလောလိုအပ်နေသည့်အရာများဖြစ်သည့် အစားအစာ၊နေရာထိုင်ခင်း၊ချက်ပြုပ်စရာများ၊ တကိုယ်ရေးသန့်ရှင်းရေးအတွက်အသုံးအဆောင်များ၊ လက်နှိပ်ဓာတ်မီးနှင့် ဆေးဝါးများလိုအပ်နေကြောင်း ဖေါ်ပြထားပြီး ဖိလစ်ပိုင်နိုင်ငံတော်အစိုးရနှင့် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ဝိုင်းဝန်းကူညီပေးကြဖို့တောင်းဆိုတာပါသည်။
https://bit.ly/2Z1n0Tf
Credit to Vatican news, ucannews
#rvamyanmarservice

Add new comment

3 + 0 =