ဖိလစ်ပိုင်ဆရာတော် (ငြိမ်း) သက်တော် (၉၂) ၌ပျံလွန်

ဖိလစ်ပိုင်ဆရာတော် (ငြိမ်း) သက်တော် (၉၂) ၌ပျံလွန်

ဖိလစ်ပိုင်နိုင်ငံ၊ Daet ၏ဆရာတော် (ငြိမ်း) Benjamin J. Almoneda သည် သက်တော် (၉၂) တွင်မနီလာဆေးရုံ၌တက်ရောက်ဆေးကုသမှုခံယူနေရင်း ဇန္န၀ါရီလ (၆) ရက်နေ့၌ပျံလွန်သွားခဲ့သည်။ သူအမှုထမ်းခဲ့သော Daet သာသနာမှသူ၏ပျံလွန်ခြင်းသတင်းကိုတရား၀င်အသိပေးလာပါသည်။

သူပျံလွန်သည့်နေ့သည်လည်း သူ၏ ဆရာ တော်၀ါ (၃၃) ၀ါပြည့်နေ့လည်းဖြစ် သည်။ သူ၏၀ိညာဉ်အတွက်ဆက် လက်ဆု တောင်း ပေးကြရန်နှင့်စျာပနအစီအစဉ်များနှင့်စပ်လျင်း၍ထပ်မံအသိပေးမည်ဖြစ်ကြောင်း Daet သာသနာ၏ ‘ဖေစ့်ဘွတ်ခ်’ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြခဲ့သည်။

ဆရာတော်သည် (၁၉၅၈) ခုနှစ်ကထာ၀ရရဟန်းသိက္ခာကိုခံယူခဲ့သည်။ သူသည် ဆရာတော်အဖြစ်ရွေးချယ်မခံရမီအချိန်ထိ ဘာသာရေးအသင်းအဖွဲ့များစွာ၏ ၀ိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီး၊ ကျောင်းအုပ်၊ ကျောင်းထိုင်အဖြစ် Caceres ဂိုဏ်းချုပ်သာသနာအတွင်း၌အမှုတော်များထမ်းဆောင်ခဲ့သည်။

(၁၉၈၀) တွင် ရောမရှိ ဖိလစ်ပိုင်နိုင်ငံ၏ ပညာတော်သင်ရဟန်းတော်များတည်းခိုနေထိုင်သည့် ကျောင်း၏ကျောင်းအုပ်အဖြစ်လည်းကောင်း၊ (ဒီဇင်ဘာလ ၁၉၈၉) ၌ Daet သာသနာ၏လက်ထောက်ဆ ရာတော်အဖြစ်ရွေးချယ်ခံရပြီးနောက် (ဇန္န၀ါရီ ၆၊ ၁၉၉၀) တွင်စိန့်ဂျွန်ပေါလ် (၂) ကဆရာတော်သိက္ခာ ထပ်ပေးခဲ့သည်။ (ဧပြီ ၂၀၀၇) ခုနှစ်တွင် အသက်အရွယ်ကြောင့် ဆရာတော်အမှုတော်မှအနားယူခဲ့သည်။

သူအမှုထမ်းနေသောကာလ၌ ဆရာတော်ကြီးသည် သူ၏သာသနာအတွင်း ဘုရားစကားသင်ကြားခြင်းနှင့်ဧ၀ံဂေလိတရား ဟောကြားပြန့်ပွားရေးကို ပထမဦးစားပေးလုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Xo1yFu

Add new comment

3 + 3 =