ဖန်ဆင်းခြင်းရဲ့ ထူးဆန်းအံ့ဩစရာကောင်းတဲ့အရာများသည် ကျွန်ုပ်တို့အား ဆုတောင်းဖို့်ရန် လမ်းဖွင့်ပေးသည်။

ဖန်ဆင်းခြင်းရဲ့ ထူးဆန်းအံ့ဩစရာကောင်းတဲ့အရာများသည် ကျွန်ုပ်တို့အား ဆုတောင်းဖို့်ရန် လမ်းဖွင့်ပေးသည်။

ဖန်ဆင်းခြင်းရဲ့ ထူးဆန်းအံ့ဩစရာကောင်းတဲ့အရာများသည် ကျွန်ုပ်တို့အား ဆုတောင်းဖို့်ရန် လမ်းဖွင့်ပေးသည်။

" ဤရက်သတ္တပတ်လုံးကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ဖန်ဆင်းခြင်း၏ ထူးဆန်းအံ့ဩဖွယ်ကောင်းသည့်အရာများသည် ကျွန်ုပ်တို့အား ဆုတောင်းဖို့ရန် မည်သို့ နှိုးဆော်နေကြောင်း ထောက်ရှုကြရန် " မိန့်ကြားခဲ့ပါသည်။
By Devin Watkins
ပုပ်ရဟန်းမင်းကြီးသည် ဆုတောင်းခြင်းခေါင်းစဉ်နှင့် ဆက်စပ်၍ လူထုအားဗုဒ္ဓဟူးနေ့တွင် ဆက်လက် သွန်သင်ပေးထားသည်မှာ "ဖန်ဆင်းခြင်းနှင့် ဆုတောင်းခြင်းသည် ဆက်စပ်လျက်ရှိကြောင်း" မိန့်ကြားတော်မူခဲ့ပါသည်။
ကျမ်းစာတော်မြတ်၌ "ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်း" နှင့်စတင်၏။ ကျမ်းပိုဒ်များသည်လည်း ကျေးဇူးတင်သီချင်းများနှင့်တူ၏။ ဖန်ဆင်းခြင်းအကြောင်းသည် အရာအားလုံး၏ အလှအပနှင့် ကောင်းမြတ်ခြင်းကို ထပ်ကာတလဲလဲ အတည်ပြု၍ ထပ်ကျော့ကာရေးဖွဲ့ထားသော စာပိုဒ်များဖြစ်ပါသည်။

ကောင်းခြင်းနှင့် ချို့တဲ့ခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် "ဖန်ဆင်းခြင်း၏ အလှတရားနှင့် နက်နဲမှုသည် ဆုတောင်းမေတ္တာကို အစပျိုးစေသော ပထမရွေ့လျားမှု တစ်မျိုးဖြစ်ကြောင်း၊ ဆာလံ (၈)၌ လူသားသည် သူတိ့ုနေထိုင်ရာ ပတ်ဝန်းကျင်ကို ဆုတောင်းမေတ္တာပြုရာ၌ တရားအားထုတ်လေ့ရှိကြောင်း၊ လူသည် ယနေ့ နက္ခတဗေဒ ပညာရပ်မှဖော်ပြသော ထူးဆန်းအံ့ဩဖွယ်ရာများ၏ နောက်ကွယ်တွင် တန်ခိုးကြီးသောလုပ်ဆောင်မှုတစ်ခု၊ ချစ်ခြင်းမေတ္တာ၏ ပုံသဏ္ဏာန် ကြယ်ရောင်လင်းလက်သော မိုးကောင်းကင်ကိုတွေ့မြင်ရ၏။
ဤကဲ့သို့ ထောက်ရှုခြင်းသည် လူသည်မည်သည့်အရာဖြစ်ကြောင်း ထောက်ရှုစဉ်စားကာ ဆုတောင်းသောသူအား ဦးဆောင်လမ်းပြလေ့ရှိသည်။
ပုပ်ရဟန်းမင်းကြီးသည် လူသားတို့၏ အားနည်းချက်များဖော်ပြရာ၌“ လူသည် အလွန်လှပသော အရာများကို သတိပြုနိုင်သော တစ်ခုတည်းသော ဖန်ဆင်းခံဖြစ်ကြောင်း၊" မိန့်ဆိုခဲ့သည်။ အံ့ဩမှုများဖြင့်ပြည့်ဝလျက် "လူသားတို့၏ ကြီးမြတ်ခြင်းသည်
စကြာဝဋ္ဌာအတိုင်းအတာနှင့် ဆက်စပလျှင် အလွန်တိုတောင်းလှပါသည်။" ဟု မိန့်ကြားတော်မူခဲ့သည်။ဆုတောင်းခြင်း၌ သနားခြင်းကရုဏာစိတ်သည် အများအားဖြင့် အတည်ပြုကြသည်။
Psalm 8 သည် လူ့သဘာဝကို သတိမူစေရန်ဖော်ပြထားသည်။ လူသည် ဘုရားထက် နိမ့်ကျ၍ ဘုန်းတန်ခိုး ၊ ဂုဏ်တော်သရဖူးဖြင့် လွှမ်းခြုံထားသည်ဟု ဖော်ပြထားပါသည်။
ဘုရားနှင့် ပေါင်းစပ်ခြင်းသည်၊ ဘုရား၏ပုလ္လင်ခံရာ ကျွန်ုပ်တိူ့၏ ကြီးမြတ်မှုပင်ြဖစ်သည်။ သဘာဝအားဖြင့်ဆိုသော် ကျွန်ုပ်တို့သည် တန်ဖိုးမဲ့သော်လည်း ၊ ခေါ်တော်မူခင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသားသမီးများဖြစ်ကြသည်။ ကျွန်ုပ်တို့အများစုသည် ဘုရားသခင်၏ အံ့ဩဖွယ်ဖန်ဆင်းခြင်းအကြောင်းကို ထောက်ရှုရင်း လူ့ဘဝတန်ဖိုးကို တွေ့ကြုံခံစားကြရသည်။

ချီးမွမ်းရခြင်းအကြောင်းရင်းများ

ပုပ်ရဟန်းမင်းကြီးသည် ဖန်ဆင်းခြင်းသမိုင်း၏ မူလသမိုင်းကို ထောက်ရှုခဲ့ပါသည်။ ၎င်းအချိန်၌ ဤသို့ရေးသားခြင်းရှိ၏။ အီစရာအဲလ်လူမျိုးများသည် မိမိတို့ပြည်မှ နှင်ထုတ်ခြင်းခံရ၍ မဲဆိုပိုတမီယား ပြည်၌ ကျွန်ခံခဲ့ကြသည်။ "ထိုပြည်၌ အိမ်မရှိ၊ ဘုရားဗိမာန်မရှိ၊ အဖွဲ့အစည်းမရှိ၊ ဘာသာရေးမရှိ၊ မည်သည့်အရာမျှမရှိခဲ့ပေ။" ဖန်ဆင်းခြင်း သမိုင်း၌ ပြည်နှင်ခံရသော အီစ္စရာအဲလ် လူမျိုးများသည် သူတို့ဘဝရှင်သန်ခြင်းအတွက် ဘုရားသခင်အား ကျေးဇူးတင် ချီးမွမ်းရသောအကြောင်းတရာများကို စတင်ရှာဖွေလာခဲ့ကြောင်း မိန့်ကြားခဲ့ပါသည်။

မျှော်လင့်ခြင်း၏တွန်းအား

နေ့စဉ် အခက်အခဲနှင့်ဒုက္ခများကြား၌ ဆုတောင်းခြင်း၌. တည်မြဲသောသူများသည် လူ့ဘဝသည် အံ့ဩစရာကောင်းသော ခွန်အားကျေးဇူးတော်များနှင့် ယုံကြည်ခြင်းကို ထပ်တလဲလဲ ရှာဖွေတွေ့ရှိကြသည်။
"ဆုတောင်းခြင်းသည် မျှော်လင့်ခြင်း၏ တွန်းအားဖြစ်ပေသည်။ မြဲမြံစွာဆုတောင်းသောသူတို၏့ မျက်နှာသည် ထွန်းလင်းတောက်ပကြသည်။ ထိုသူတို့သည် အမှောင်ဆုံးသောနေ့ရက်တို့ကို ဖြတ်ကျော်သော်လည်း၊လောကအမှောင်သည် ထိုသူတို့အားအလွမ်းမိုးနိူင်ချေ။" ဟူ၍ မိန့်ကြားခဲ့ပါသည်။

ဝမ်းမြောက်ခြင်းကို ယူဆောင်လာသူများ

ကျွန်ုပ်တို့အယောက်စီတိုင်းသည် ဘုရားသခင်ပေးသော ဘဝလက်ဆောင်အတွက် ကျေးဇူးသိတတ်သော ဝမ်းမြောက်ခြင်းကို ယူဆောင်လာသောသူများဖြစ်ပါသည်။ ဝမ်းနည်းနေဖို့အတွက် အချိန်တွေတိုတောင်းလှပါသည်။ အသက်ရှင်နေထိုင်ခွင့်ရတာကိုပဲကျေနပ်ရင်း ဘုရားရှင်အားချီးမွမ်းပါစို့။" ဟူ၍ နှိုးဆော်တိုက်တွန်းခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/2ZvgmHa

Add new comment

6 + 7 =