ပြင်သစ်နိုင်ငံ၌ ကက်သလစ်ဘုရားကျောင်းတစ်ဆောင်မီးရှိုဖျက်ဆီးခံရ

ပြင်သစ်နိုင်ငံ၌ ကက်သလစ်ဘုရားကျောင်းတစ်ဆောင်မီးရှိုဖျက်ဆီးခံရ

ဘုရားကျောင်းအမည်မှာ ‘ရွှေနှလုံးတော်ဘုရားကျောင်း’ ဖြစ်ပြီး ပြင်သစ်နိုင်ငံ၊ Bordeaux တွင်ဆောက်လုပ်ထားသည်။ အခင်းသည်မတ်လ (၁၂) နှင့် (၁၃) ရက်နေ့ညများတွင်ဖြစ်ပွားခဲ့သည့်အ ကြောင်း Bordeaux ဂိုဏ်းချုပ်သာသနာ၏သတင်းပြန်ကြားရေးတာ၀န်ခံ Constance Pluviaudကမတ်လ (၁၃) ရက်နေ့ကထုတ်ပြန်ကြေညာထားပြီး တစ်တည်း၌လည်းယခုကဲ့သို့အကြမ်းဖက်လုပ်ရပ်ကိုဆန့်ကျင်ရှုတ်ချကြောင်းလည်းပြောကြားထားသည်။

မတ်လ (၁၂) နှင် (၁၃) ရက်နေ့ညများ၌ ဘုရားကျောင်း၏တံခါးနှင့်နံရံအချို့အားပြန်လည်မွမ်းမံ လျှက်ရှိသည်။ မီးသတ်သမားများသည် ဘုရားကျောင်းရှေ့၌စွဲလောင်နေသောမီးကိုငြိမ်းသတ်ခဲ့သည်။ မီးရှိုရန်ကြံစည်ခဲ့သော်လည်း ဘုရားကျောင်းကြီးမှာအပျက်အဆီးကြီးကြီးမားမား၊ များများစားစားမရှိခဲ့ပေ။ သို့သော် ဘုရားကျောင်းနံရံများ၊ တံခါးများ၊ ဘုရားကျောင်း၀များ၌မှု ဆေးပန်းချီးများဖြင့်ရေးဆွဲသွားခဲ့သည်။

ရေးသားထားသောစာသားများမှစေတန်အဖွဲ့နှင့်ကွန်မြူနစ်၀ါဒီ၊ မင်းမဲ့၀ါဒီသမားတို့၏အရေးအသားများဖြစ်သည်။ ဥပမာအားဖြင့် ‘Devil, take me with you’ (နတ်ဆိုး ကျွန်ုပ်အားသင်နှင့်အတူခေါ်ဆောင်ပါ) ဟူ၍လည်းကောင်း၊ ‘Burn everything for free’ (အခကြေးငွေပေးစရာမလို ဘဲအရာရာကိုမီးတင်ရှိုနိုင်သည်) စသဖြင့်ဖြစ်ပါသည်။

ပြစ်မှုကျူးလွန်သူများသည် ဦးစွာအမှိုက်ပုံမှမီးစတင်ရှိုခဲ့ကြသော်လည်း မီးသတ်များအချိန်မှီရောက်လာ၍ငြိမ်းသတ်နိုင်ခဲ့၍ ဘုရားကျောင်းဆောင်အားကူးစက်မသွားခဲ့ပေ။ ဘုရားကျောင်းတာ၀န်ရှိသူတစ်ဦးက ယခုပြစ်မှုကိုသက်ဆိုင်ရာသို့အဖွင့်တိုင်ကြားထားပြီဖြစ်ကြောင်းနှင့်အမှုကိုဆက်လက်စုံစမ်းနေကြောင်းထုတ်ပြောထားသည်။

ဒေသအစိုးရကလည်း ယခုကဲ့သို့ဖြစ်ပွားရခြင်းသည်လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့်အမှန်တရားအမြန်ဆုံးပေါ်ပေါက်ရန်စုံစမ်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဤဘုရားကျောင်းကြီးအား (၁၉) ရာစုကဗိသုကာဆရာ Jean-Jules Mondet က Bordeaux မြို့အလယ်ဗဟိုအချက်အချာကျသောနေရာ၌တည်ဆောက်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3FVu0bf

Add new comment

1 + 0 =