ပျံလွန်တော်မူသွားသော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ဝိညာဉ် အတွက် ဆုတောင်းမေတ္တာ

ပျံလွန်တော်မူသွားသော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ဝိညာဉ် အတွက် ဆုတောင်းမေတ္တာ

 

ထာဝရ သိုးထိန်း ဖြစ်တော်မူသော အိုအဖဘုရားသခင်၊ကိုယ်တော်ရှင်၏ အစေခံ ရဟန်းမင်းကြီး ဘက်နဒစ် အတွက် ကိုယ်တော်၏ လူမျိုးတော် အပေါင်းက တောင်းလျှောက်တော်မူသော ဆုတောင်းသံကို နားညောင်းတော်မူပါ။

ကိုယ်တော်ရှင်၌ သစ္စာရှိသော အစေခံများအား ကတိထားတော်မူသော ဆုကျေးဇူးတော်များကို ကိုယ်တော်ရှင်၏ သနားကရုဏာတော် အားဖြင့် ရဟန်းမင်းကြီး ဘက်နဒစ် အ‌ပေါ်သို့ သွန်းလောင်းတော်မူပါ။

ခွင့်လွတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာ၏ နက်နဲဖွယ်ရာများအား လောကကမ္ဘာပေါ်တွင် စီမံပြသခဲ့သော ရဟန်းမင်းကြီး ဘက်နဒစ်သည် ကိုယ်တော်ဘုရားရှင်နှင့် အတူ ကောင်းကင်နိုင်ငံတော်တွင် အစဉ်ထာဝရ စံမြန်းရပါစေ။

ကိုယ်တော်ရှင်၏ ဉာဏ်အမြှော်အမြင်နှင့် ချစ်ခြင်းမေတ္တာတော်၌ ကိုယ်တော်၏ အစေခံ ရဟန်းမင်းကြီး ဘက်နဒစ်အား အသင်းတော် တစ်ရပ်လုံးအပေါ် သွန်သင်တော်မူသည့် ဆရာ ဖြစ်စေတော်မူခဲ့ပေသည်။

ရဟန်းမင်းကြီး ဘက်နဒစ်သည် ခရစ်တော်၏ အမှုတော်အား လောကကမ္ဘာပေါ်တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပါသည်။

ကိုယ်တော်ရှင်၏ သားတော် ယေဇူးခရစ်တော်သည် ရဟန်းမင်းကြီး ဘက်နဒစ်အား ထာဝရ အသက်တာသို့ ကြိုဆိုလက်ခံတော်မူပါ။

ကိုယ်တော်ရှင်၏ သိုးစုတော် အတွက် ရဟန်းမြတ် အဖြစ် ခန့်အပ်တော်မူထားသော ရဟန်းမင်းကြီး ဘက်နဒစ်အား ကိုယ်တော်၏ ကောင်းကင်နိုင်ငံတော်၌ အခြား ရဟန်းတော်များနှင့် အတူ အစဉ်ထာဝရ လက်ခံထားတော်မူပါ။

ကိုယ်တော်ရှင်၏ အစေခံ ရဟန်းမင်းကြီး ဘက်နဒစ်အား ထာဝရ သုခပျော်ရွှင်ခြင်းဆုကို ပေးသနားတော်မူပါ။

ကျွန်ုပ်တို့ အတွက် ထားတော်မူသော ကိုယ်တော်ရှင်၏ သနားဂရုဏာတော်အား ကိုယ်တော်ရှင်၏ ချစ်ခြင်းမေတ္တာ ကျေးဇူးတော် အဖြစ် မှတ်ယူလက်ခံတော်မူပါ။

ကိုယ်တော်ရှင်၏ အစေခံ ရဟန်းမင်းကြီး ဘက်နဒစ်အား ကိုယ်တော်ရှင်၏ သနားဂရုဏာတော်၌ ကျွန်ုပ်တို့ အပ်နှံပါသည်။

လောက မိသားစု အသိုက်အဝန်းတွင် ရဟန်းမင်းကြီး ဘက်နဒစ်သည် ကိုယ်တော်ရှင်၏ ငြိမ်းချမ်းခြင်းနှင့် ချစ်ခြင်းမေတ္တာ စံနမူနာကောင်း ဖြစ်ပါသည်။

ကိုယ်တော်ရှင်၏ မွန်မြတ်သော ရဟန္တာများနှင့် အတူ အစဉ်ထာဝရ ပျော်စံရမည့် ဆုကျေးဇူးတော်အား ရဟန်းမင်းကြီး ဘက်နဒစ် ရရှိတော်မူပါစေ။

အာမင်။

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song

https://bit.ly/3Q84WkU

Add new comment

1 + 3 =