ပုသိမ်သာသနာ၌ ကက်သလစ်ခရစ်ယာန်သာသနာပြုသီလရှင်အသင်းဂိုဏ်တစ်ခုထပ်မံရောက်ရှိ

ပုသိမ်သာသနာ၌ ကက်သလစ်ခရစ်ယာန်သာသနာပြုသီလရှင်အသင်းဂိုဏ်တစ်ခုထပ်မံရောက်ရှိ

ပုသိမ်သာသနာ၌ ကက်သလစ်ခရစ်ယာန်သာသနာပြုသီလရှင်အသင်းဂိုဏ်တစ်ခုထပ်မံရောက်ရှိ

 

(၁၁.၁.၂၀၂၃) အာဗီအေမြန်မာ

 

(Sisters of Blessed Martyrs Corea) SBMC ဂိုဏ်းမှ သီလရှင်များသည် ပုသိမ်ကက်သလစ်သာသနာ မေရီလန်းသာသနာနယ်၌ ပထမဦးဆုံးသာသနာပြုခြင်းနှင့်သီလရှင်ကျောင်းဖွင့်ပွဲအခမ်းအနားကို ယနေ့ (၁၁.၁.၂၀၂၃) ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

 

ဖွင့်ပွဲအခမ်းအနားကို ပုသိမ်သာသနာမှ မွန်ဆီညော် ဝီးဖရက်မြင့်စိုးမှ ဦးဆောင်၍ မေရီလန်းသာသနာကျောင်းထိုင်ဘုန်းတော်ကြီး Fr. Raymond Htun Kyi နှင့်ပုသိမ်မှ ရဟန်းတော်များခြံရံလျက် သီလရှင်ကောင်းချီးပေးခြင်းမစ္ဆားတရားတော်မြတ်ကို ပူဇော်ကျင်းပခဲ့ကြသည်။

 

SBMC သီလရှင်များသည် ကိုရီးယားလူမျိုးများဖြစ်ကြပြီး (၁၁.၁.၂၀၂၃) ရက်နေ့မှစတင်ကာ မေရီလန်းသာသနာ၌ သာသနာပြုလုပ်ငန်းကို လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း OSC Pathein Page တွင်ဖော်ပြထားချက်အရသိရသည်။

Source: OSC Pathein

News : Pinky

#rvamyanmar #rvapastoralcare #LocalChurchNews #PhotosNews #DioceseofPathein #SistersofBlessedMartyrsCores #NewCatholicNunMission #KoreaNuninMyanmar

 

Add new comment

15 + 5 =