ပုပ်သည် စစ်ပွဲကိုအဆုံးသတ်ရန်ကြိုးစားခဲ့သည်မှာကြာမြင့်ပြီဟု ဆူဒန်သာသနာပြုဘုန်းတော်ကြီးပြောကြား

ပုပ်သည် စစ်ပွဲကိုအဆုံးသတ်ရန်ကြိုးစားခဲ့သည်မှာကြာမြင့်ပြီဟု ဆူဒန်သာသနာပြုဘုန်းတော်ကြီးပြောကြား
 

ဘုန်းတော်ကြီး၏အမည်ကား Alex Zanotelli ဖြစ်သည်။ သူသည် 'Comboni' (ကွန်ဘိုနီ) သာသနာပြုအသင်းမှဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ဆူဒန်နိုင်ငံ၌သာသနာပြုခဲ့ဖူးသူလည်းဖြစ်သည်။

သူသည်အီတလီဘာသာစကားဖြင့်ထုတ် ‌ေ၀လျှက်ရှိသော 'Nigrizia' မဂ္ဂဇင်း၏ အယ်ဒီတာအဖြစ်ထမ်းဆောင်လျှက်ရှိသည်။ ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ဆူဒန်နိုင်ငံသို့ကြွရောက်သွားလျှင် ပြည်တွင်းစစ်အဆုံးသတ်သွားနိုင်ကြောင်း ဆူဒန်နိုင်ငံ၏ပြည်တွင်းစစ် သည် ငြိမ်းချမ်းရေးအတွက်သဘောတူလက်မှတ်အကြိမ်ကြိမ်ရေးထိုးခဲ့သော်လည်း ပျက် ပြယ်ကာပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားလျှက်ရှိသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဆူဒန်တောင်ပိုင်း၌ဖြစ်ပွားနေသော ပြည်တွင်းစစ်အားအပြီးသတ်နိုင်ရန်ကြိုးစားနေခဲ့သည်။ ဤသို့စိတ်၀င်စားလုပ်ဆောင်ပေးခြင်းသည် ဘုရားသခင်၏ကောင်းချီးတော်ဖြစ်သည်။

ရဟန်းမင်းကြီးသည် ပြည်တွင်းစစ်ကိုဦးဆောင်နေသော ခေါင်းဆောင်နှစ်ဦးအား ဗာတီကန်သို့ဖိတ်ခေါ်၍တွေ့ဆုံခဲ့သည်။ သူတို့၏ခြေကိုလည်းနှိမ့်ချစွာနမ်းခဲ့သည်။ အလွန်နှိမ့်ချသောအပြုအမူဖြစ်သကဲ့သို့ ငြိမ်းချမ်း‌ရေးကိုရရှိရေး ရဟန်းမင်းကြီးအနေဖြင့် တရားသောမည်သည့်နည်းလမ်းကိုမဆိုပြုလုပ်ရန်အသင့်ရှိကြောင်းကိုပြသနေခြင်းဖြစ်သည်။

ရဟန်းမင်းကြီးကြွရောက်မည့် ဆူဒန်ခရီး စဉ်သည် ခရစ်ယာန်များ၏စည်းလုံးခြင်းကိုပြသသောခရီးစဉ်အဖြစ်အဆိုပါဘုန်းတော်ကြီးကတင်စားထားပါသည်။

ထိုခရီးစဉ်၌ ရဟန်းမင်းကြီးနှင့်အတူ အင်္ဂလန် နိုင်ငံ၊ ကန်တာဘူရီဂိုဏ်းချုပ်ဆရာတော် Justin Welby၊ စကော့တလန်မှ ပရက်ဘီတေးရီးယန်းအသင်း၏ ခေါင်းဆောင် Iain Greenshields လည်းလိုက်ပါမည်ဖြစ်သည်။ ၄င်းတို့သုံးဦး၏စွမ်းဆောင်မှုသည် ငြိမ်းချမ်းရေးအတွက်များစွာလုပ်ဆောင်နိုင်မည်ဟုမျှော်လင့်ရပါသည်။

ဆူဒန်နိုင်ငံတောင်ပိုင်းဒေသမှလူဦးရေအများပိုင်းမှာ ကက်သလစ်နှင့်အင်္ဂလီကန်ခရစ်ယာန်ဘာသာ၀င်အများစုဖြစ်ကြသည်။ မွတ်စလင်ဘာသာ၀င်များလည်းနေထိုင်ကြပါသည်။ သို့သော်အများစုမှာခရစ်ယာန်များဟုချုံ၍ပြောနိုင်သော ကြောင့် အင်္ဂလီကန်အသင်းတော်၏ ခေါင်း ဆောင်နှင့်ကက်သလစ်သာသနာ၏ခေ ါင်းဆောင်တို့ပါ၀င်သော မတူညီမှုကိုလက်ခံ၍ တူညီမှုကိုဒေသဖွံ့ဖြိုးရေးအတွက်အတူ တကွလုပ်ဆောင်ကြရန်တောင်းဆိုမှုသည်အရာရောက်ပေမည်ဟုယုံကြည်သည်။

ဆူဒန်၌သာသနာပြုခဲ့သောဘုန်းတော်ကြီးက ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ဆူဒန်တောင်ပိုင်းသို့တမန်တော်ခရီးကြွရောက်ခြင်းသည် စွန့်စားမှုကြီးတစ်ခုဖြစ်ကြောင်း သို့သော်မဖြစ်မနေသွားရန်လိုအပ်သော ကြောင့်သာသွားခြင်းဖြစ်ကြောင်း၊ ဤသို့ကြွရောက်ခြင်းဖြင့် ထို ဒေသရှိသာသနာပြုများကို အားပေးရာလည်းရောက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သာသနာပြုများသည် ဧ၀ံဂေလိတရာတော်ကိုဟော ပြောသက်သေခံရှင်သန်ရန်အတွက် အသက်ကိုဖက်နှင့်ထုပ်၍နေ့စဉ်ရှင်သန်နေရသောကြောင့် နှစ်သိမ့်မှုကြီးတစ်ခုဖြစ်စေကြောင်း (၂၀၁၅) ခုနှစ်က Charlie Hebdo မဂ္ဂတိုက်၌အလုပ်လုပ်နေသော၀န်ထမ်း (၁၂) ဦးဗုံးခွဲတိုက်ခိုက်ခံရပြီး အသက်ဆုံးရှုံးသွားချိန်၌ ရဟန်းမင်းကြီးဖရန်စစ်သည် အသက်ဆုံးရှုံးသွားသူများအတွက်နှင့်ဆူဒန်တောင်ပိုင်းပြည်သူများနှင့်အတူ‌ေ၀မျှနှစ်သိမ့်မှုပြသခဲ့သည်။

ဘုန်းတော်ကြီးက တစ်ခါတစ်ရံသူ့၌ တစ်ခုခုဖြစ်ခဲ့လေသော်ဟုလည်းစဉ်းစားခဲ့ဖူးကြောင်း၊ အကယ်၍တစ်စုံတစ်ရာဖြစ်ပျက်ခဲ့သော် အထိအခိုက်မရှိစေရန်ဘုရားထံဆုတောင်းကြောင်း၊ အဘယ်ကြောင့်ဆိုသော် အသားနာလျှင်သူ၌ခံနိုင်ရည်မရှိကြောင်း၊ ကြောက်ရွံ့မိကြောင်း၊
အန္တရယ်များသည် အချိန်တိုင်း၌လက်တစ် ကမ်းတွင်ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် လက်နက် ကိုင်အဖွဲ့အစည်းများကြား၌နေထိုင်သွားလာနေရသောကြောင့်ဖြစ်သည်။

အချိန်မရွေး၊ နေရာမရွေး၊ လူမရွေးသတ်ဖျက်ခံရနိုင်၊ ဖမ်းဆီးခံရနိုင်သည်။ ဤခြိမ်းခြောက်မှုသည် တောင်ဆူဒန်၌အမြဲရှိနေသည်။ ဤအခြေအနေသည် ထိုဒေသ၌သာသနာပြုနေသောသာသနာပြုတိုင်းအတွက်အမှန်တရားဖြစ်ပြီး၊ ထိုအခြေအနေကိုလည်း၄င်းတို့သည်သိထားပြီးသားဖြစ်သည်။ လွယ်ကူလှသည်တော့မဟုတ်ပေ။ ထိုဒေသ၌သာသနာပြုနေကြသူများသည် သူရဲကောင်းများ၊ တစ်နည်း အားဖြင့်ဆိုသော် သက်ရှိဓမ္မအာဇာနည်များဖြစ်ကြသည်။ မိမိတို့၏အသက်တာကို ပြည်သူများ၏ကံကြံမ္မာနှင့်အတူရှင်သန်ဆက်ကပ်ထားသောသာသနာပြုအမျိုး သား၊ အမျိုးသမီးတို့၏ဘ၀သည်အလွန်လှပပြီး လေးစားဂုဏ်ယူရသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ယခုနှစ်ဖေဖော်၀ါရီ (၃-၅) ရက်နေ့အထိ ဆူဒန်တောင်ပိုင်းသို့တမန်တော်ခရီးကြွရောက် မည်ဖြစ်ကြောင်းကြေငြာခဲ့သည်။ ဤခရီးစဉ်ကိုရဟန်းမင်းကြီးလွန်စွာကြွရောက်လိုခဲ့သောခရီးစဉ်ဖြစ်သည်။ သို့သော် ဒူးခေါင်းအခြေအနေကြောင့်ရွေ့ဆိုင်းခဲ့ရသည့်ခရီးစဉ်လည်းဖြစ်သည်။ Romereport

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy : Rome Reports/google images

https://bit.ly/3DHAf1k
 

Add new comment

6 + 11 =