ပုပ်ရဟန်းမင်း ကြီးဖရန်စစ် အရှင်သူမြတ်သည် ပထမဆုံး လူထုပရိတ်သတ်နှင့်အတူတကွ မစ္ဆားတရားပူဇော်ခြင်း

ပုပ်ရဟန်းမင်း ကြီးဖရန်စစ် အရှင်သူမြတ်သည် ပထမဆုံး လူထုပရိတ်သတ်နှင့်အတူတကွ မစ္ဆားတရားပူဇော်ခြင်း

ပုပ်ရဟန်းမင်း ကြီးဖရန်စစ် အရှင်သူမြတ်သည် ပထမဆုံး လူထုပရိတ်သတ်နှင့်အတူတကွ မစ္ဆားတရားပူဇော်ခြင်း

ပုပ်ရဟန်းမင်း ကြီးဖရန်စစ် အရှင်သူမြတ်သည် ပထမဆုံး လူထုပရိတ်သတ်နှင့်အတူတကွ မစ္ဆားတရားပူဇော်ခြင်းကို ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်မြို့ အမျိုးသားဇာတ်ရုံ ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းမစ္ဆားတရားတော်မြတ်တွင် အရှင်သူမြတ်က၊ နောက်လိုက်သာသနာပြု ဟူသည်တွင် ပါရှိချက်များကို ဝေငှ ဟောကြားခဲ့ပါသည်။

အရှင်သူမြတ်သည် ၁၆၆၉ ခုနှစ် တိုင်းပြည်၏ သာသနာပြု ခရီးစဉ် ကနဉီးအချိန်ကို မှတ်ကျောက်တင်မည့် နှစ် ၃၅၀ ပြည့် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပရန် အတွက် ထိုင်းနိုင်ငံသို့ရောက်ရှိနေပါသည်။

အရှင်သူမြတ်ပုပ်ဖရန်စစ်၏ ထိုင်းနိုင်ငံ တမန်တော်ကြီး ခရီးစဉ် ဆောင်ပုဒ်မှာ သခင်ခရစ်တော်၏ နောက်လိုက်များ၊ နောက်လိုက်သာသနာပြုများ ဟူသည့် ဆောင်ပုဒ်ပင်ဖြစ်ပါသည်။

၎င်း၏ ဘာသာစကားဖြစ်သော စပိန်ဘာသာဖြင့် အရှင်သူမြတ်က မြွက်ကြားသည်မှာ ၊ ထိုင်းကက်သလစ် များအနေဖြင့် သခင်ခရစ်တော်ကဲ့သို့ အတုယူကာ၊ ခရစ်တော်၏ စားပွဲတော်မှာခေါ်ဖိတ်ခြင်းခံကြရပြီး၊ မိဘ ညီအစ်ကိုမောင်နှမများ ပျောက်ဆုံးဆာလောင် လျက်ရှိသော အားနည်းသူများအားဖေးကူရန်အတွက်၊ အပြင်သို့ထွက်ကာ ၎င်းတို့ထံသို့ အရောက်သွားကြ ပါဟု တိုက်တွန်းနှိုးဆော်ကာ မြွက်ကြားခဲ့ပါတယ်။

https://bit.ly/2OBlh2x

Add new comment

14 + 0 =