ပုပ်ရဟန်းမင်းကြီး၏ မောလ်တာ ခရီးစဉ် ကိုရိုနာကြောင့် ရွှေ့ဆိုင်း

ပုပ်ရဟန်းမင်းကြီး၏ မောလ်တာ ခရီးစဉ် ကိုရိုနာကြောင့် ရွှေ့ဆိုင်း

ပုပ်ရဟန်းမင်းကြီး၏ မောလ်တာ ခရီးစဉ် ကိုရိုနာကြောင့် ရွှေ့ဆိုင်း

မော်လ်တာနိုင်ငံ နှင့် ဂိုဇိုသို့ မေလ ၃၁ ရက်မှာ ကြွရောက်မယ့် ပုပ်ရဟန်းမင်းကြီးရဲ့ တမန်တော်ကြီးခရီးစဉ် ရွှေ့ဆိုင်းလိုက်ပြီး နောက်များမှ ရက်ပြန်လည် သတ်မှတ်မှာဖြစ်ကြောင်းဗာတီကန်မှ မတ်လ ၂၃ ရက်နေ့က ပုပ်ရဟန်းမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ Matteo Bruni က ပြောဆို လိုက်ပါတယ်။

ကမ္ဘာ တဝှမ်းဖြစ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အခုလို အစီအစဉ် ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်းနှင့် မော်လ်တာ နှင့် ဂိုဇို ဆရာတော်ကြီးများကလည်း သဘောတူကြောင်း သတင်းစကား နှင့် ပုပ်ဖရန်စစ် အတွက် ဆုတောင်းပေးကြဘို့ကို သာသနာ့ Website မှာ ရေးသားဖော်ပြ အသိပေးခဲ့ကြတယ်လို့ဆိုပါတယ်။

မော်လ်တာနဲ့ ဂိုဇိုဟာ တရက်တာ ခရီးစဉ်သာဖြစ်ပြီး လောလောဆယ်ထိတော့ အရှင်သူမြတ်ပုပ်ဖရန်စစ် ရဲ့ ၂၀၂၀ အတွက် ယာထားတဲ့ တခုတည်းသောခရီးစဉ်ဖြစ်ကြောင်း

ကမ္ဘာတဝှမ်း အစိုးမရ ဖြစ်နေတဲ့ ကိုဗစ် ၁၉ ကြောင့် ခရီးစဉ် ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်းနှင့် ၄င်း၏ခရီးစဉ်​အားဖြင့် လူအများစုဝေးခြင်း​ကြောင့် သားသမီးများ ကိုဗစ် သက်ရောက်မည်ကို အရှင်သူမြတ်ကလည်းစိုးရိမ် ​ကြောင်းကို CNA မှသတင်းရရှိပါသည်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

https://bit.ly/2xkhx0a

Photo Credit: Daniel Ibanez/CNA

 

Add new comment

8 + 0 =