ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ တစ်နေ့တာကို ငဲ့စောင်းကြည့်ကြပါစို့။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ တစ်နေ့တာကို ငဲ့စောင်းကြည့်ကြပါစို့။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ တစ်နေ့တာကို ငဲ့စောင်းကြည့်ကြပါစို့။

 

            သူသည် ရဟန်းမင်းကြီးဖရန်စစ်၏ အနီးကပ်ဆုံးလုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ သူသည် ဗာတီ ကန်၏အတွင်းမှူးရုံး နှင့်နှစ်ပေါင်းများစွာလက်တွဲအလုပ်လုပ်ခဲ့သည်။ ထို့နောက် (၂၀၀၆) ခုနှစ် တွင် ရဟန်းမင်းကြီး၏ဘာသာရေး၀တ်ပြုဆု တောင်းခြင်းများ၌ ပြင်ဆင်ကြီးမှူးရသောသူ (အခမ်းအနားမှူး) အဖြစ်ရွေးချယ်ခံလိုက်ရသည်။ အာဂျင်တီးနားနိုင်ငံ သားကာဒီနယ်တစ်ပါးသည် ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံလိုက်ရသောအခါ အခြေအနေအားလုံးသည် ပြောင်းလဲသွား ခဲ့သည်။ ထိုသူသည် သူ၏ဘေး တွင်ရပ်နေသောသူပင်ဖြစ်သည်။ ထိုသူကားအခြားသူမဟုတ်။ ဖာသာရ် GUILLERMO KARCHER ပင်ဖြစ် သည်။ ရဟန်းမင်းကြီးဖရန်စစ်၏ တစ်နေ့တာဖြတ်သန်းကုန်ဆုံးပုံကို သူကပြန်လည် ပြောပြထားခြင်း ဖြစ်သည်။

            ၄င်းတို့သည် မနက်စာသုံးဆောင်ပြီးသောအခါ ရဟန်းမင်းကြီးနှင့်ခဏတာ စကားလက်ဆုံ ကျနေ ခဲ့သည်။ ပြောဖြစ်ကြသောအကြောင်းအရာများကား နေ့စဉ်ဖြစ်ပျက် နေသောအကြောင်း အရာများ ပင်ဖြစ်သည်။ အာဂျင်တီးနာနိုင်ငံနှင့် ပတ်သက်သောအကြောင်းအရာများကိုပြောဖြစ်ခဲ့ကြသည်။

            ရဟန်းမင်းကြီး၏တစ်နေ့တာ အစီအစဉ်များစတင်ရန်အချိန်ကျရောက်လာသောအခါ ရဟန်းမင်း ကြီးသည် တိတိ ကျကျလိုက်နာသည်။ ရဟန်းမင်းကြီးသည်

-         နေ့စဉ်နံနက် (၄း၃၀) ၌ အိပ်ယာနိုးလေ့ရှိသည်။

-         နံနက် (၅း၀၀ - ၇း၀၀) အထိဆုတောင်း၀တ်ပြုခြင်းနှင့်မစ္ဆားတရားအတွက် ဩ၀ါဒထောက် ရူပြင်ဆင်သည့်အချိန်ဖြစ်သည်။ 

-         ရဟန်းမင်းကြီးသည် နေ့စဉ်နံနက် မစ္ဆားတရားကို သူသီတင်းသုံးသော ဆန်တာမာရ်းသာ ကျောင်း တိုက်၌ ပူဇော်လေ့ရှိသည်။

-         မစ္ဆားပူဇော်ပြီးနောက် မစ္ဆားတရားပူဇော်ခြင်း၌ပါ၀င်ကြသူများအားလုံးကို နှုတ်ဆက်ပြီး နံနက် ဆွမ်း ဘုန်းပေး လေ့ရှိသည်။

-         နံနက်ဆွမ်းဘုန်းပြီးသည်နှင့်တစ်နေ့တာ၏အစီအစဉ်များကိုစတင်ပါတော့သည်။  

-         မွန်းလွဲပိုင်း (၂ မှ ၃) နာရီအထိ ရုံးလုပ်ငန်းမှခေတ္တအနားယူလေ့ရှိသည်။

-         ထို့နောက် ည (၇း၀၀) နာရီအထိ လက်ခံတွေ့ဆုံမည့်သူများနှင့်တွေ့ဆုံလေ့ရှိသည်။

 

-         စိတ်ပုတီး၊ ပရိမေတ္တာများရွတ်ဆိုပူဇော်ခြင်း၊ အကြောင်းအရာများကိုဖတ်ရူခြင်းကိုပြုပြီး တစ်နေ့တာ ၏ အမှုတော်ဆောင်လှုပ်ရှားမှုကို ည (၁၀) နာရီတွင်အဆုံးသတ်သည်။

ရဟန်းမင်းကြီးသည် အလွန်အလုပ်လုပ်နိုင်သည်။ အခြားသူများပြောဆိုသည်ကိုလည်းကောင်း၊ ရင်ဖွင့် သည်ကို လည်းကောင်း စိတ်ရှည်စွာနားထောင်တတ်သည်။ လူများနှင့် အလွယ်တကူ ခင်မင်ရင်းနှီး ကျွမ်း ၀င် တတ်သည်။ သူ ၏နေ့စဉ်အမှုတော်များ၌ သူနှင့်အတူဘုရားသခင်ရှိနေသောကြောင့် သူလုပ် ဆောင် နိုင်ခြင်းဖြစ်သည်ဟုယုံကြည် သူဖြစ်သည်။

            သူ့အားတွေ့ဆုံမည့်သူများနှင့်တွေ့ဆုံပြီးသောအခါ စာပြန်စရာရှိသည်များကိုလည်း ကိုယ်တိုင် ပြန်လေ့ရှိသည်။ ပြီးခဲ့သောလက အစီအစဉ်အချို့ဖျက်လိုက်ရသည်မှလွဲ၍ သူ၏ကျန်းမာရေးသည် ကောင်းမွန် လျှက်ရှိ သည်။ သို့သော် တစ်ခါတစ်ရံ၌ အနားယူရန်လည်းလိုအပ်ပါသည်။ ရဟန်းမင်း ကြီး သည် သန်မာသည်။ ကျန်းမာသည်။ ကျန်းမာရေးနှင့်ညီညွှတ်သော ဘ၀နေထိုင်မှုပုံစံကို တိတိကျကျ လိုက်သည်။ ဤသို့နေထိုင်ရသည်ကို နှစ်ခြိုက်သည်။ သူကိုယ်တိုင် ဤသို့နေထိုင်ရန်နှစ်သက်သည်။ ဤသို့နေထိုင်ရ၍ သူ့အတွက်ကျဉ်းကြပ်မှုမဖြစ်ပေ။ သူသည်အများနှင့်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ အရေးနှင့်ဖြစ်စေ အချိန်ကိုအလွန်တိကျသူဖြစ်သည်။  

            ရဟန်းမင်းကြီးသည် ယခုလများထဲ၌ အစီအစဉ်များစွာကိုလက်မခံထားပေ။ အဘယ်ကြောင့် ဆိုသော် နွေရာသီ ဖြစ်၍ အချို့သော၀န်ထမ်းများ အားလပ်ရက်ယူကြမည်ဖြစ်၍ လှုပ်ရှားမှုများ လျော့ ချခြင်း လည်းဖြစ်သည်။ ရဟန်းမင်း ကြီးသည် အမှန်ဆိုသော် အားလပ်ရက်ယူလေ့မရှိပေ။ ဤအလေ့အ ထသည် အာဂျင်တီးနားနိုင်ငံ၌ရှိစဉ် ဂိုဏ်းချုပ်ဆရာတော်ဘ၀ကထဲက ပင်ဖြစ်သည်။ အဘယ် ကြောင့် ဆိုသော် အာဂျင်တီးနားနိုင်ငံ၌ လူအတော်များများသည် အားလပ်ရက်မယူ နိုင်ကြဘဲ စား၀တ်နေရေး နပ်မှန်ရန်ကို ရုန်းကန် နေကြရသောကြောင့်ဖြစ်သည်။ ဤအခွင့်အရေးသည် လူတိုင်းခံစားနိုင် သော အခြေအ နေမ ဟုတ်သည်ကိုသူနားလည်သည်။ ထို့ကြောင့် အပန်းဖြေအားလပ်ရက်ယူလေ့မရှိပေ။ ပို၍ စိတ်၀င်စားစ ရ ကောင်း သည်မှာ စိတ်ပြေနပြေ ရုပ်မြင်သံကြားများကိုလည်းကြည့်လေ့မရှိပေ။ ဘော်လုံး ၀ါသနာ ကြီး သည်ဆိုသော် လည်း စီးရီးပွဲစဉ်များမဆိုထားနှင့်။ ကမ္ဘာ့ဇလားပွဲများကို ပင်ကြည့် လေ့မရှိပေ။ အစား အစာ နှင့် ပတ်သက်လာလျှင်မူ ရဟန်းမင်းကြီးအနေဖြင့် အာဂျင်တီးနားနိုင်ငံ၏ အလွန် လူကြိုက် များသော အ သား များကိုသတိတရရှိရှာသည်။

ရဟန်း မင်းကြီးဖရန်စစ်၏တစ်နေ့တာသည် ထူးခြား ဆန်းပြား လှ သည် မ ဟုတ်။ အာဂျင်တီး နားနိုင်ငံ သားတစ်ဦး၏ နေ့စဉ်ဘ၀ ဖြတ်သန်းပုံအတိုင်းသာဖြစ်သည်။ စကား အရ ပြောသော်လည်း ရဟန်းမင်း ကြီးသည် ကက်သလစ်သာသနာတော်ကြီး၏ ဥသျောင်လည်းဖြစ်၊ (၁) ဘီလျှံ ကျော် သောကက်သလစ် ဘာသာ၀င်တို့၏ ၀ိညာဉ်ရေးခေါင်းဆောင်လည်းဖြစ်၍ ပို၍အ လုပ်များ နေ မည်မှာပြောစရာမလိုပေ။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Aleteia 

https://bit.ly/3KfTJu3

 

Add new comment

2 + 3 =